Motorola က စွမ်းရည်မြင့် Edge S30 5G ကို ကြေညာလိုက်ပြီး Snapdragon 888 Plus Chipset မောင်းနှင်ထားပါတယ်။ မျက်နှာပြင်အကြောင်းစပြောရရင် ၆.၈ လက်မ LCD သုံးထားပြီး FHD+ Resolution ထောက်ပံ့ထားပါတယ်။ 144Hz Refresh Rate နဲ့ 576GHz Touch Sampling Rate က တော်တော်မြင့်ပြီး HDR Support ပါလာပါတယ်။ မျက်လုံးကို ကာကွယ်ပေးတဲ့ SGS အသိအမှတ်ပြုစံနှုန်း ထည့်သွင်းထားပါတယ်။

Motorola Edge S30

Samsung ရဲ့ 5nm Process နဲ့ တည်ဆောက်ထားတဲ့ Snapdragon 888 Plus Chipset တပ်ဆင်ထားပြီး Adreno 660 GPU ပါလာပါတယ်။ AI စွမ်းရည် ပိုကောင်းလာပြီး 6GB, 8GB နဲ့ 12GB LPDDR5 RAM တွေ ရွေးချယ်နိုင်ပါတယ်။ Storage အပိုင်းမှာ 128GB နဲ့ 256GB UFS 3.1 တွေ ထုတ်လုပ်ထားပါတယ်။

Motorola Edge S30 မှာ အနောက်ကင်မရာ ၃ လုံးကို  ဘယ်ဘက်မှာ ဒေါင်လိုက် တပ်ဆင်ထားပြီး 100MP Main, 13MP Ultra-wide Angle နဲ့ 2MP Depth ကင်မရာတွေ ဖြစ်ပါတယ်။ ကင်မရာတွေမှာ Moto AI ကင်မရာ Algorithm ထောက်ပံ့ထားပါတယ်။ ဆဲလ်ဖီးအတွက် 16MP ကင်မရာကို Punch Hole မှာ တပ်ဆင်ထားပါတယ်။

Motorola Edge S30

အသံအပိုင်းကို ပြောရရင် Dolby Atmos နည်းပညာ ထောက်ပံ့ထားပြီး Qualcomm ရဲ့ နောက်ဆုံးထုတ် Bluetooth Audio Sharing နည်းပညာ ထည့်သွင်းထားပါတယ်။ အရွယ်ကြီး 5,000mAh ဘက်ထရီ တပ်ဆင်ထားပြီး 33W Fast Charging ထောက်ပံ့ထားပါတယ်။ Android 11 OS မောင်းနှင်ထားပြီး ဒီလ ၁၀ ရက်နေ့ ရောင်းချမှာပါ။ တန်ဖိုးအနည်းဆုံး 6/128GB ကို ၃၁၃ ဒေါ်လာနဲ့ တန်ဖိုးအမြင့်ဆုံး 12/256GB ကို ၄၀၇ ဒေါ်လာ သတ်မှတ်ထားပြီး ၅၅၀,၀၀၀ နဲ့ ၇၂၀,၀၀၀ လောက် ကျသင့်မှာပါ။

Ref : gizmochina