Motorola ဟာ Edge စမတ်ဖုန်းနဲ့ စွမ်းရည်မြင့် စမတ်ဖုန်း နယ်ပယ်ကို ပြန်လည် ဝင်ရောက်လာတော့မှာ ဖြစ်ပြီး မိတ်ဆက်ပွဲကို ၂၂ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။ စွမ်းရည်အမြင့်ဆုံး Edge+ ကိုလည်း ကြေညာမယ်လို့ သတင်းထွက်နေပြီး Edge ကတော့ ဈေးသက်သာတဲ့ စွမ်းရည်မြင့် ဖုန်း ဖြစ်လာမှာပါ။

Edge+ ကို ဇန်နဝါရီလက Geekbench ရဲ့ ဒေတာဘေ့စ်မှာ တွေ့ထားပြီး အခုတော့ Edge လည်း ရောက်လာပါပြီ။ Edge ဟာ Geekbench မှာ Single-core အတွက် ၅၀၅ မှတ်နဲ့ Multi-core အတွက် ၁၄၁၀ မှတ်ရထားပါတယ်။ အရင်ထွက်ခဲ့တဲ့ သတင်းတွေအရ Motorola Edge မှာ Snapdragon 765G Chipset မောင်းနှင်ထားပြီး Edge+ မှာတော့ Snapdragon 865 Chipset ပါလာနိုင်ပါတယ်။ Geekbench က Edge မှာ 6GB RAM ပါမယ်လို့ ဖော်ပြထားပြီး Plus Version မှာ အနည်းဆုံး 8GB RAM  ထည့်သွင်းထားနိုင်ပါတယ်။ Edge မှာ Android 10 ပါလာမှာ သေချာပါတယ်။

Edge+ မှာ 108MP Main နဲ့ Edge မှာ 64MP Main ကင်မရာတွေ ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ ဒါမှမဟုတ် Edge မှာ 64MP အစား 48MP ပဲထည့်ထားနိုင်ပါတယ်။ သေချာတာကတော့ 5G ဆက်သွယ်မှု ပါလာကြမှာ ဖြစ်ပြီး Edge နဲ့ Plus Version ၂ ခုစလုံးမှာ ၆.၆၇ လက်မ မျက်နှာပြင် ထည့်ထားနိုင်ပါတယ်။ Edge မှာတော့ QHD+ အစား FHD+ ပဲပါလာနိုင်ပါတယ်။

Ref : gsmarena