Zawgyi

Motorola ကုမၸဏီဟာ သူတုိ႔ရဲ႕ ပထမဆုံး Pop-up ကင္မရာပါဝင္တဲ့ စမတ္ဖုန္းကို မိတ္ဆက္လာဖို႔ အသင့္ျဖစ္ေနပါၿပီ။ အဆုိပါဖုန္းမွာ 32MP Selfie ကင္မရာကို Pop-up ပုံစံနဲ႔ ထည့္သြင္းလာၿပီး ေနာက္ဘက္က ကင္မရာနဲ႔ တစ္လိုင္းတည္းျဖစ္ေအာင္ တပ္ဆင္ထားတာကို ေတြ႕ရပါတယ္။

ေနာက္ဘက္ကင္မရာကလည္း Hi-Resolution Sensor တစ္ခုပဲျဖစ္ၿပီး 64MP ကင္မရာပါ။ အရင္က Moto One Zoom နဲ႔ Vision ဟန္းဆက္ေတြမွာေတြ႕ခဲ့ရတဲ့ 48MP ကင္မရာထက္ ပိုျမွင့္ထားတဲ့ ဗားရွင္းျဖစ္ပါတယ္။ ဒါေပမယ့္ Telephoto နဲ႔ Ultrawide Sensor ေတြေတာ့မပါလာဘဲ 8MP Depth Sensor တစ္ခုတည္းနဲ႔ တြဲဖက္ထားပါတယ္။ အဓိက ကင္မရာဟာ 4K 30FPS ႏႈန္းနဲ႔ ဗီဒီယုိရုိက္ကူးမွတ္တမ္းတင္ႏုိင္သလို 120FPS Slow-mo ကိုလည္း 1080p နဲ႔ ရုိက္ကူးႏုိင္စြမ္းရွိပါတယ္။ သီးသန္႔ Night နဲ႔ Portrait Mode ေတြလည္း ထည့္သြင္းထားတယ္။

ဒီဖုန္းဟာ Moto One Zoom ထက္စာရင္ Vision ဟန္းဆက္နဲ႔ ပိုနီးစပ္ပါတယ္။ သူ႕မွာ 6.39” IPS LCD မ်က္ႏွာျပင္ တစ္ခုပါဝင္ၿပီး 1080p+ Resolution လို႔ဆုိပါတယ္။ LCD ကိုအသုံးျပဳထားတဲ့အတြက္ In-display Fingerprint ကိုေတာ့ ေတြ႕ရမွာမဟုတ္ဘဲ ေနာက္ဘက္မွာသာ ထည့္သြင္းလာမွာပါ။ စိတ္ဝင္စားဖို႔ေကာင္းတာက ေက်ာဘက္က Fingerprint ကို LED အလင္းေရာင္နဲ႔ Ring ေလး ရံထားတာပါ။

အခုခ်ိန္ထိ Motorola ရဲ႕ပထမဆုံး Pop-up စမတ္ဖုန္းနာမည္ကို မသိရေသးပါဘူး။ ဒါဟာ Moto One ဖုန္းတစ္ခု ျဖစ္ၿပီး Stock ဗားရွင္းနီးပါး Android 10 OS အသုံးျပဳလာပါတယ္။ အတြင္းမွာ Snapdragon 675 ခ်စ္ပ္ဆက္ကို 4GB RAM / 128GB Storage တုိ႔နဲ႔ ေပါင္းစပ္ထားပါတယ္။

ဒီဖုန္းကို တရားဝင္မိတ္မဆက္ရေသးေပမယ့္ အခ်ဳိ႕ Review သမားေတြ လက္ထဲကိုေရာက္ေနပုံရၿပီး စပိန္ဘာသာနဲ႔ ေရးသားထားတဲ့ Hands-on Review အေသးတစ္ခုပါ ထြက္ေပၚလာခဲ့တာေၾကာင့္ အမ်ားေရွ႕ကိုခ်ျပလာဖို႔ မၾကာေတာ့ဘူးလို႔ ယူဆရပါတယ္။

Ref – GSM Arena

Unicode

Motorola ကုမ္ပဏီဟာ သူတို့ရဲ့ ပထမဆုံး Pop-up ကင်မရာပါဝင်တဲ့ စမတ်ဖုန်းကို မိတ်ဆက်လာဖို့ အသင့်ဖြစ်နေပါပြီ။ အဆိုပါဖုန်းမှာ 32MP Selfie ကင်မရာကို Pop-up ပုံစံနဲ့ ထည့်သွင်းလာပြီး နောက်ဘက်က ကင်မရာနဲ့ တစ်လိုင်းတည်းဖြစ်အောင် တပ်ဆင်ထားတာကို တွေ့ရပါတယ်။

နောက်ဘက်ကင်မရာကလည်း Hi-Resolution Sensor တစ်ခုပဲဖြစ်ပြီး 64MP ကင်မရာပါ။ အရင်က Moto One Zoom နဲ့ Vision ဟန်းဆက်တွေမှာတွေ့ခဲ့ရတဲ့ 48MP ကင်မရာထက် ပိုမြှင့်ထားတဲ့ ဗားရှင်းဖြစ်ပါတယ်။ ဒါပေမယ့် Telephoto နဲ့ Ultrawide Sensor တွေတော့မပါလာဘဲ 8MP Depth Sensor တစ်ခုတည်းနဲ့ တွဲဖက်ထားပါတယ်။ အဓိက ကင်မရာဟာ 4K 30FPS နှုန်းနဲ့ ဗီဒီယိုရိုက်ကူးမှတ်တမ်းတင်နိုင်သလို 120FPS Slow-mo ကိုလည်း 1080p နဲ့ ရိုက်ကူးနိုင်စွမ်းရှိပါတယ်။ သီးသန့် Night နဲ့ Portrait Mode တွေလည်း ထည့်သွင်းထားတယ်။

ဒီဖုန်းဟာ Moto One Zoom ထက်စာရင် Vision ဟန်းဆက်နဲ့ ပိုနီးစပ်ပါတယ်။ သူ့မှာ 6.39” IPS LCD မျက်နှာပြင် တစ်ခုပါဝင်ပြီး 1080p+ Resolution လို့ဆိုပါတယ်။ LCD ကိုအသုံးပြုထားတဲ့အတွက် In-display Fingerprint ကိုတော့ တွေ့ရမှာမဟုတ်ဘဲ နောက်ဘက်မှာသာ ထည့်သွင်းလာမှာပါ။ စိတ်ဝင်စားဖို့ကောင်းတာက ကျောဘက်က Fingerprint ကို LED အလင်းရောင်နဲ့ Ring လေး ရံထားတာပါ။

အခုချိန်ထိ Motorola ရဲ့ပထမဆုံး Pop-up စမတ်ဖုန်းနာမည်ကို မသိရသေးပါဘူး။ ဒါဟာ Moto One ဖုန်းတစ်ခု ဖြစ်ပြီး Stock ဗားရှင်းနီးပါး Android 10 OS အသုံးပြုလာပါတယ်။ အတွင်းမှာ Snapdragon 675 ချစ်ပ်ဆက်ကို 4GB RAM / 128GB Storage တို့နဲ့ ပေါင်းစပ်ထားပါတယ်။

ဒီဖုန်းကို တရားဝင်မိတ်မဆက်ရသေးပေမယ့် အချို့ Review သမားတွေ လက်ထဲကိုရောက်နေပုံရပြီး စပိန်ဘာသာနဲ့ ရေးသားထားတဲ့ Hands-on Review အသေးတစ်ခုပါ ထွက်ပေါ်လာခဲ့တာကြောင့် အများရှေ့ကိုချပြလာဖို့ မကြာတော့ဘူးလို့ ယူဆရပါတယ်။

Ref – GSM Arena