Zawgyi

Motorola ရဲ႕မၾကာခင္မိတ္ဆက္လာမယ့္ Foldable စမတ္ဖုန္း RAZR အတြက္ ပုံရိပ္ေတြဟာ ပထမဆုံးအၾကိမ္ ထြက္ေပၚလာခဲ့ပါၿပီ။ အေစာပုိင္းကာလေတြက နာမည္ေက်ာ္ RAZR ေတြလိုမဟုတ္ဘဲ ဒီဟန္းဆက္မွာေတာ့ အတြင္းကို ေခါက္ခ်ဳိးရတဲ့ Foldable Display ပါဝင္လာၿပီး Samsung Galaxy Fold မွာျမင္ေတြ႕ရတာနဲ႔ အနည္းငယ္ဆင္တူပါတယ္။

အင္တာနက္ေပၚက ရင္းျမစ္အခ်ဳိ႕မွာ တၿပိဳင္တည္းထြက္ေပၚလာတဲ့ Press Image လို႔ ယူဆရတဲ့ ပုံေတြထဲမွာ အခုႏွစ္ Foldable RAZR ဖုန္းဟာ အရင္ႏွစ္က ထြက္ခဲ့တဲ့ RAZR ထက္လည္း ပိုထူထဲေနပါတယ္။ ဘယ္ေလာက္ထိ ထူထဲတယ္ ဆုိတာကိုေတာ့ တရားဝင္ Specs ေတြထြက္လာမွ သိရမွာျဖစ္ေပမယ့္ သူ႕ရဲ႕အထူဟာ သိသာေနတာကို ေတြ႕ရပါတယ္။ ဒါေပမယ့္ Samsung Galaxy Fold ထက္ေတာ့ ပိုပါးလႊာမယ့္ပုံပါပဲ။

Moto RAZR ဖုန္းအသစ္ကို အျခား Foldable စမတ္ဖုန္းအမွတ္တံဆိပ္ေတြလိုမဟုတ္ဘဲ Mid-range အဆင့္ Specs ေတြနဲ႔ ထြက္လာမယ္လို႔ သတင္းထြက္ထားပါတယ္။ အဆုိပါဖုန္းမွာ Snapdragon 710 ခ်စ္ပ္ဆက္၊ 4 / 6GB RAM နဲ႔ 64 / 128GB Storage တုိ႔ ပါလာမယ္လို႔ သတင္းရင္းျမစ္ေတြက ဆုိပါတယ္။ ဒါ့ေၾကာင့္ ၿပိဳင္ဘက္ေတြထက္လည္း ေစ်းႏႈန္း ပိုခ်ဳိသာတဲ့ Foldable ျဖစ္လာမွာပါ။

Ref – Android Authority

Unicode

Motorola ရဲ့မကြာခင်မိတ်ဆက်လာမယ့် Foldable စမတ်ဖုန်း RAZR အတွက် ပုံရိပ်တွေဟာ ပထမဆုံးအကြိမ် ထွက်ပေါ်လာခဲ့ပါပြီ။ အစောပိုင်းကာလတွေက နာမည်ကျော် RAZR တွေလိုမဟုတ်ဘဲ ဒီဟန်းဆက်မှာတော့ အတွင်းကို ခေါက်ချိုးရတဲ့ Foldable Display ပါဝင်လာပြီး Samsung Galaxy Fold မှာမြင်တွေ့ရတာနဲ့ အနည်းငယ်ဆင်တူပါတယ်။

အင်တာနက်ပေါ်က ရင်းမြစ်အချို့မှာ တပြိုင်တည်းထွက်ပေါ်လာတဲ့ Press Image လို့ ယူဆရတဲ့ ပုံတွေထဲမှာ အခုနှစ် Foldable RAZR ဖုန်းဟာ အရင်နှစ်က ထွက်ခဲ့တဲ့ RAZR ထက်လည်း ပိုထူထဲနေပါတယ်။ ဘယ်လောက်ထိ ထူထဲတယ် ဆိုတာကိုတော့ တရားဝင် Specs တွေထွက်လာမှ သိရမှာဖြစ်ပေမယ့် သူ့ရဲ့အထူဟာ သိသာနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် Samsung Galaxy Fold ထက်တော့ ပိုပါးလွှာမယ့်ပုံပါပဲ။

Moto RAZR ဖုန်းအသစ်ကို အခြား Foldable စမတ်ဖုန်းအမှတ်တံဆိပ်တွေလိုမဟုတ်ဘဲ Mid-range အဆင့် Specs တွေနဲ့ ထွက်လာမယ်လို့ သတင်းထွက်ထားပါတယ်။ အဆိုပါဖုန်းမှာ Snapdragon 710 ချစ်ပ်ဆက်၊ 4 / 6GB RAM နဲ့ 64 / 128GB Storage တို့ ပါလာမယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဒါ့ကြောင့် ပြိုင်ဘက်တွေထက်လည်း ဈေးနှုန်း ပိုချိုသာတဲ့ Foldable ဖြစ်လာမှာပါ။

Ref – Android Authority