ကြီးမားတဲ့ ကင်မရာ၊ များပြားတဲ့ Mega Pixel တိုက်ပွဲထဲကို Motorola လည်း ဝင်ရောက်လာပါပြီ။ 200MP camera sensor နဲ့ ကင်မရာအိမ်အကြီးကြီးကို Motorola Frontier မှာ တွေ့မြင်နိုင်ပါတယ်။ ပေါက်ကြားသတင်းအရ အဓိကကင်မရာဟာ 194MP လို့ သိရပါတယ်။

Motorola Frontier နဲ့ပတ်သက်တဲ့ ကောလာဟလတွေကို မျက်မြင်ပုံရိပ်နဲ့ အတည်ပြုပေးတာကတော့ နာမည်ကျော် Leakster Evan Blass ပဲဖြစ်ပါတယ်။ အခု Evan က ဒီ Device ရဲ့ အဓိကကင်မရာဆင်ဆာနဲ့ပတ်သက်ပြီး အသေးစိတ်ကြည့်မြင်နိုင်ဖို့ ယူဆောင်လာပါတယ်။

သူ့မှာတပ်ဆင်ထားတာက OIS ပါတဲ့ 1/1.5-inch imager နဲ့ 194MP resolution ဖြစ်ပါတယ်။ ကနဦးပေါက်ကြားမှုတွေမှာ Samsung ရဲ့ 200MP ISOCELL HP1 အာရုံခံဆင်ဆာကို တပ်ဆင်ထားမယ်လို့ ဖော်ပြခဲ့ပေမဲ့ အခုအချိန်မှာတော့ ကနဦးသတင်းတွေက မဟုတ်မှန်နိုင်ဘူးလို့ ကောက်ချက်ချနိုင်ပါပြီ။ ကျန်တဲ့အာရုံခံကိရိယာနှစ်ခုကတော့ 50MP ultrawide snapper နဲ့ 12MP telephoto lens တို့ ဖြစ်မယ်လို့ ဆိုပါတယ်။

အခြားအစိတ်အပိုင်းတွေအနေနဲ့ Frontier ဟာ 144Hz refresh rate နဲ့ 6.7-inch pOLED မျက်နှာပြင်ကို တပ်ဆင်ထားမယ်လို့ သိရပါတယ်။ လက်ရှိ Snapdragon 8 Gen 1 ရဲ့ Overclocked ဗားရှင်းဖြစ်တဲ့ Snapdragon Gen 8 1 Plus chip ကို အသုံးပြုထားမယ်လို့လည်း ဆိုပါတယ်။

ဘက်ထရီကတော့ 4,500mAh ပမာဏဖြစ်ပြီး 125W မြန်နှုန်းနဲ့ ကြိုးတပ်အားသွင်းစနစ်ကို ထောက်ပံ့ထားပြီး ကြိုးမဲ့အားသွင်းစနစ်ကတော့ 50W ဖြစ်တယ်လို့ မျှော်လင့်ရပါတယ်။ လာမဲ့ ဇူလိုင်လမှာ စတင်ရောင်းချမယ်လို့ဆိုတာကြောင့် နောက်ထပ်အချက်အလက်ပေါက်ကြားမှုတွေကို မြင်တွေ့လာရဦးမှာပဲ ဖြစ်ပါတယ်။

Ref: GSM Arena