Motorola အမှတ်တံဆိပ်ဟာ နောက်ထပ် စျေးချို Midrange စမတ်ဖုန်း တစ်လုံးကို မိတ်ဆက်လာခဲ့ပြီး Moto G9 လို့ အမည်ရပါတယ်။ ဒီဖုန်းဟာ Snapdragon 662 ချစ်ပ်ဆက်၊ ကင်မရာသုံးလုံးနဲ့ ကြီးမားတဲ့ Display တို့ကို ကျပ်နှစ်သိန်းဝန်းကျင် စျေးနှုန်းနဲ့ ယူဆောင်လာပါတယ်။

Moto G9 စမတ်ဖုန်းမှာ 6.5” LCD Display အသုံးပြုထားပြီး Waterdrop Notch ထဲမှာ 8MP F/2.2 ဆဲလ်ဖီးကင်မရာ တစ်ခု ပါဝင်ပါတယ်။ ဒါ့ကြောင့် Fingerprint ကို Display ထဲမှာ မမြင်ရဘဲ နောက်ကျောဘက်မှာပဲ မြင်ရမှာပါ။ နောက်ကျောဘက်မှာတော့ 48MP အဓိက ကင်မရာ ဦးဆောင်ပြီး 2MP Sensor နှစ်ခု ပါဝင်တဲ့ Triple-camera အတွဲ ပါရှိပါတယ်။

Motorola ဟာ သူ့ရဲ့ 11nm ချစ်ပ်ဆက်ကို 4GB RAM နဲ့ 64GB Storage မန်မိုရီ တို့ဖြင့် တွဲဖက်ထားပြီး MicroSD Slot လည်း ပါဝင်ပါတယ်။ 3.5mm Audio Jack နဲ့ USB-C Port တို့လည်း ပါဝင်ပြီး 5,000 mAh ဘက္ထရီကို 20W Fast Charging နဲ့ ထောက်ပံ့ထားပါတယ်။

Motorola India ရဲ့ ဆိုရှယ်စာမျက်နှာမှာတော့ လာမယ့်တစ်ပတ်အကြာ ဩဂုတ်လ ၃၁ ရက်နေ့မှာ စတင် ရောင်းချမယ်လို့ ကြေညာထားပါတယ်။ Sapphire Blue နဲ့ Forest Green ကာလာနှစ်မျိုး ရရှိနိုင်မှာဖြစ်ပြီး စျေးနှုန်းက အမေရိကန် ဒေါ်လာ ၁၅၅ (မြန်မာငွေ နှစ်သိန်းတစ်သောင်း) ဝန်းကျင်သာ ကျသင့်မှာပါ။

Ref – GSMArena