Motorola က Edge 20 နဲ့ Edge 20 Lite ရဲ့ Business Edition ဖုန်းတွေကို ကြေညာလိုက်ပါတယ်။ Hardware တွေက မူလ မော်ဒယ်တွေနဲ့ တူညီပေမယ့် လုံခြုံရေး လုပ်ဆောင်ချက်တွေ ပိုကောင်းလာပါတယ်။

Motorola Edge 20, Edge 20 Lite, and Edge 20 Pro launches in Europe

အဲဒီ လုံခြုံရေး လုပ်ဆောင်ချက်တွေထဲက တချို့ဟာ မူလ Edge 20 Series တွေမှာ ပါရှိပြီးသား ဖြစ်ပါတယ်။ အဲဒီ လုံခြုံရေး လုပ်ဆောင်ချက်တွေထဲမှာ Malware , Phishing နဲ့ Network Attacks တွေကို ကာကွယ်ပေးဖို့ ဒီဇိုင်းထုတ်ထားတဲ့ Lenovo ရဲ့ ThinkShield နည်းပညာ ပါဝင်ပါတယ်။ မကြာခင်ကပဲ Lenovo ဟာ Zimperium နဲ့ ပူးပေါင်းပြီး Threats တွေကို ခွဲခြမ်းစိတ်ဖြာနိုင်ဖို့ Machine Learning ကို အသုံးပြုတဲ့ ThinkShield ပိုကောင်းအောင် ပြုလုပ်နေပါတယ်။

Motorola Edge 20, Edge 20 Fusion smartphones to launch in India soon -  Times of India

Business Edition ဖုန်းတွေဟာ အဓိက OS Update ၂ ခုနဲ့ Security Update ၃ နှစ် ရရှိမှာ ဖြစ်ပြီး ဒါဟာ မူလ မော်ဒယ်တွေနဲ့ တူညီပါတယ်။ လုံခြုံရေး လုပ်ဆောင်ချက်တွေထဲက လန်းတဲ့ တစ်ခုက အဝေးကနေ Log In လုပ်နိုင်ပြီး ဖုန်းကို ထိန်းချုပ်နိုင်တဲ့ Zero-touch ဖြစ်ပါတယ်။ သင့် PC ကနေ ဖုန်းရဲ့ App တွေကို အသုံးပြုနိုင်တဲ့ Ready For လုပ်ဆောင်ချက် ထည့်သွင်းထားပြီး ဖုန်းနဲ့ PC အကြားမှာ ဖိုင်တွေ လွယ်ကူစွာ ပြောင်းရွှေ့နိုင်ပါတယ်။

Motorola Edge 20 Series Business Edition ဖုန်းတွေကို Motorola Enterprise Website မှာ ရောင်းချဖို့ စာရင်းတင်ထားပေမယ့် လူပုဂ္ဂိုလ်တွေကို ရောင်းချမှာ မဟုတ်ဘဲ စီးပွားရေး လုပ်ငန်းတွေကိုပဲ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena