Motorola က E Series စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Moto E40 လို့ နာမည်ပေးထားပြီး တန်ဖိုးနည်း စမတ်ဖုန်း ဖြစ်ပါတယ်။ Moto E40 မတိုင်ခင်မှာတော့ Motorola က Moto E20 ကို မိတ်ဆက်ထားပါသေးတယ်။

Motorola Moto E40 debuts with 90Hz LCD, 48MP main cam - GSMArena.com news

Moto E40 မှာ ၆.၅ လက်မ HD+ LCD မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားတဲ့အတွက် မျက်နှာပြင် တုန့်ပြန်မှု မြန်သလို ဂိမ်း ကစားရင် အရမ်း အဆင်ပြေစေမှာ ဖြစ်ပါတယ်။ မျက်နှာပြင် အထက်အလယ်မှာ Punch Hole ၁ လုံး တပ်ဆင်ထားပြီး Unisoc T700 Chipset မောင်းနှင်ထားပါတယ်။ အရွယ်ကြီး 5,000mAh ဘက်ထရီ ပါလာပြီး လက်နဲ့ ကိုင်လို့ မြဲမြံစေတဲ့ အနောက်ဘက် ကာဗာ တပ်ဆင်ထားပါတယ်။ အဲဒီ ကာဗာမှာ လက်ဗွေရာ ထင်ကျန်မှု နည်းပါးအောင် ဖန်တီးထားပါတယ်။

Motorola Moto E40 debuts with 90Hz LCD, 48MP main cam - GSMArena.com news

အနောက်ဘက်မှာ 48MP Main , 2MP Macro နဲ့ 2MP Depth ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပါတယ်။ 4GB RAM နဲ့ 64GB Storage ထည့်သွင်းထားပြီး microSD Card စိုက်နိုင်ပါတယ်။ လက်ဗွေရာ ကိရိယာကို အနောက်ဘက်က Moto Logo အောက်မှာ မြှပ်နှံထားပါတယ်။

Moto E40 မှာ Android 11 အခြေပြု Moto MyUX ထည့်သွင်းထားပြီး Motorola က ဘက်ထရီ သက်တမ်း ၂ ရက်ခံတယ်လို့ ပြောပါတယ်။ အားသွင်းဖို့ USB C Port တပ်ဆင်ထားပြီး Carbon Gray နဲ့ Pink Clay ၂ ရောင် ထုတ်လုပ်ထားပါတယ်။ ကုမ္ပဏီက ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။

Ref : gsmarena