Snapdragon 460 Chipset နဲ့ 3GB RAM ပါတဲ့ Motorola ရဲ့ စမတ်ဖုန်း အသစ် ၁ လုံးကို Geekbench မှာ တွေ့လာရပါပြီ။ အဲဒီ စမတ်ဖုန်းဟာ Moto G9 Play ရဲ့ မျိုးဆက်သစ် Moto G Play (2021) ဖြစ်နိုင်ပါတယ်။

Motorola Moto G Play (2021) Geekbench listing

Motorola Moto G Play (2021) ဟာ Single Core စမ်းသပ်ချက်မှာ ၂၅၃ မှတ်နဲ့ Multi Core စမ်းသပ်ချက်မှာ ၁,၂၃၃ မှတ်ရထားပါတယ်။ အဲဒီ အမှတ်တွေဟာ Snapdragon 460 Chipset ထည့်သွင်းထားတဲ့ တခြား စမတ်ဖုန်းတွေနဲ့ ရင်ဘောင်တန်းနိုင်ပါတယ်။ Geekbench  က စာရင်းအရ Motorola Moto G Play (2021) မှာ Android 10 မောင်းနှင်ထားမယ်လို့ သိရပါတယ်။

Motorola Moto G Play (2021) passes by Geekbench

Motorola Moto G Play (2021) ရဲ့ ဓါတ်ပုံတွေ ဒီလ အစောပိုင်းက ထွက်ပေါ်ခဲ့ပြီး ၆.၅ လက်မ Punch Hole မျက်နှာပြင် ပါမယ်လို့ သိရပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး TUV Rheinland Certification မှာတော့ 4,850mAh ဘက်ထရီ ပါမယ်လို့ ဖော်ပြထားပါတယ်။

Ref : gsmarena