Motorola ကနေ Mid Range ဖုန်းတွေထဲမှာ Stylus ပါဝင်တဲ့ Moto G Stylus 2022 အသစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Moto G Stylus 2022 ဟာ Third Generation Moto G Stylus ဖြစ်ပြီးတော့ ယခင် Generation ထက် ပိုပြီး အားသာချက်တွေပါဝင်လာတာကိုတွေ့ရပါတယ်။

အရင်ဆုံးအနေနဲ့ Display က 6.8″ Full HD+ LCD Display ကိုမှ ပိုမိုမြန်ဆန်တဲ့ 90Hz Refresh Rate ကို Support ပေးလာပြီဖြစ်ပါတယ်။ Aspect Ratio အနေနဲ့လည်း 20:9 ရှိတာကြောင့် ရုပ်ရှင်ကြည့်တတ်တဲ့သူတွေအတွက် အဆင်ပြေမှာဖြစ်ပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ 50MP Main Camera ကိုမှ 8MP Ultrawide/Macro Lens နဲ့ 2MP Depth Sensor တွေပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုထားပါတယ်။ Selfie Camera ကိုတော့ 16MP Sensor ကိုပဲ Punch-hole Design ပြုလုပ်ထားတာဖြစ်ပါတယ်။

Performance ပိုင်းအနေနဲ့ကတော့ MediaTek ရဲ့ Helio G88 Chipset ကို အသုံးပြုထားပြီး RAM 6GB ပါဝင်မှာဖြစ်ပါတယ်။ Storage အနေနဲ့ကတော့ 128GB ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

Battery အနေနဲ့ကတော့ 5000mAh Battery ကို အဆင့်မြင့်တင်ထားပြီး Built-in Stylus အပြင် Side Mounted Fingerprint Sensor တွေလည်း ပါဝင်မှာဖြစ်ပါတယ်။ Moto G Stylus 2022 ကို Twilight Blue နဲ့ Metallic Rose ဆိုပြီး အရောင် ၂ မျိုး ထုတ်လုပ်ထားပြီး စျေးနှုန်းအနေနဲ့ ဒေါ်လာ ၂၉၉ (မြန်မာငွေ ၆ သိန်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။

Ref – GSM Arena