ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက Motorola Moto G22 ရဲ့ အချက်အလက်အချို့နဲ့ ရုပ်ပုံအချို့ ပေါက်ကြားထွက်ပေါ်လာခဲ့ပါသေးတယ်။ ဒီတစ်ပတ်မှာတော့ Moto G22 ရဲ့ နောက်ထပ် ရုပ်ပုံတွေထွက်ပေါ်လာခဲ့ပြန်ပါတယ်။ စိတ်ဝင်စားစရာက ဒီတစ်ခါထွက်ပေါ်တဲ့ ရုပ်ပုံတွေက ကနဦးထွက်ပေါ်ထားတဲ့ရုပ်ပုံတွေနဲ့ ကွဲလွဲမှုရှိနေတာပါပဲ။

အခုတွေ့မြင်ရတဲ့ရုပ်ပုံတွေကို သယ်ဆောင်လာသူက နာမည်ကျော် Evan Blass ပဲဖြစ်ပြီး 91 Mobile ကတစ်ဆင့် ရယူထားပါတယ်။ Hawaii+ ဆိုတဲ့ Codename နဲ့ ဟန်းဆက်ဟာ ကနဦးဖော်ပြချက်မှာ OLED မျက်နှာပြင်ဖြစ်ပေမဲ့ အခုတော့ LCD အဖြစ်နဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Motorola Moto G22 ဟာ ရုပ်ပုံတွေအရ 6.5-inch အရွယ်အစား 1,600 x 720px LCD မျက်နှာပြင်နဲ့ ဆင်တူပါတယ်။ 90Hz refresh rate ကိုပဲ ထောက်ပံ့ပေးဖွယ်ရှိပြီး မျက်နှာပြင်ထက် အလယ်ဗဟိုမှာတော့ Punch-hole တစ်ခုကို တွေ့မြင်ရပါတယ်။

ကျောဘက်မှာတော့ 50MP အဓိကကင်မရာ၊ 8MP ultrawide snapper နဲ့ 2MP ကိုယ်စီရှိတဲ့ macro shot နဲ့ depth data အတွက် modules တွေတပ်ဆင်ထားတယ်လို့ သိရပါတယ်။ ဒါဟာ ကင်မရာသုံးလုံးတပ်ဆင်ထားပုံနဲ့ မတူညီဘဲပြောင်းလဲထားတဲ့ ပုံစံဖြစ်ပါတယ်။

Moto G22 ဟာ 1.8GHz clocked speed ARM 53 cores လေးခုနဲ့ 2.3GHz clocked ARM 53 cores လေးခုပါဝင်တဲ့ MediaTek G37 chipset ကို အသုံးပြုထားမယ်လို့ သိရပါတယ်။ GPU ကတော့ အမျိုးအမည်မသိရဘဲ 680MHz ဖြစ်ပါတယ်။ အခြေခံဗားရှင်းတွေအဖြစ် 4GB of RAM နဲ့ 64GB storage ကို ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။

Moto G22 ကို အချို့ဈေးကွက်တွေမှာ Lenovo K15+ အဖြစ်နဲ့ရောင်းချမယ်လို့ သိရပါတယ်။ ဘက်ထရီပမာဏက 5,00mAh ဖြစ်ပြီး နားကြပ်ပေါက်နဲ့ ဘေးဘက်မှာ ပါဝါခလုတ်နဲ့ Fingerprint scanner ကို တပ်ဆင်ထားပါတယ်။

Ref: GSM Arena