၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ Motorola က တရုတ်မှာ Moto X30 (နိုင်ငံတကာမှာ Moto Edge 30 Pro) ကို ကြေညာခဲ့ပါတယ်။ အခုတော့ Lenovo ပိုင်တဲ့ ကုမ္ပဏီဟာ မျိုးဆက်သစ် Moto X40 ကို ချပြတော့မှာပါ။ အဲဒီဖုန်းကို မကြာခင်က တရုတ်က 3C မှာ တွေ့ခဲ့ရပြီး အခုတော့ နာမည်ကြီး Tipster ၁ ယောက်က ဖုန်းရဲ့ အဓိက Specs တွေကို မျှဝေလိုက်ပါတယ်။

Review: Motorola Edge 30 Pro | No More Being Slower Than The Competition

Photo – Moto X30

Tipster Digital Chat Station က Moto X40 မှာ FHD+ မျက်နှာပြင်နဲ့ မကြေညာရသေးတဲ့ Snapdragon 8 Gen 2 Chipset မောင်းနှင်ထားမယ်လို့ ပြောပါတယ်။ ဒါ့အပြင် 50MP Main ကင်မရာ ပါလာမယ်လို့ သတင်းပေးထားပါတယ်။

Motorola Edge 30 Pro review: cutting it close - PhoneArena

Photo – Moto X30

Tipster က Moto X40 ဟာ တန်ဖိုးနည်းမှာ ဖြစ်ပြီး  Snapdragon 8 Gen 2 Chipset ပါတဲ့ ဖုန်းတွေထဲမှာ ဈေးနှုန်း အချိုသာဆုံး ဖြစ်မယ်လို့ ပြောပါတယ်။

3C မှာ Moto X40 ရဲ့ မော်ဒယ်နံပါတ်ကို XT2301-5 လို့ ဖော်ပြထားပါတယ်။ 3C ကဒေတာအရ Moto X40 မှာ 68W Fast Charging ပါလာမှာ ဖြစ်ပြီး အရင်နှစ်လိုပဲ X40 ကို နိုင်ငံတကာမှာ Moto Edge 40 Pro အမည်နဲ့ ရောင်းချနိုင်ပါတယ်။

Motorola က Moto X40 အကြောင်းကို ဘာမှမပြောသေးဘဲ ရေငုံနှုတ်ပိတ်နေနေပါသေးတယ်။ အဲဒီအတွက် အထက်ဖော်ပြပါ သတင်းအချက်အလက်တွေဟာ ရာနှုန်းပြည့် မှန်ကန်မယ်လို့ မပြောနိုင်သေးပါဘူး။ လာမယ့်ရက်ပိုင်းအတွင်း Motorola Moto X40 ရဲ့ သတင်းအချက်အလက်တွေ ထပ်မံ ပေါက်ကြားထွက်ပေါ်လာနိုင်ပါတယ်။

Ref : gizmochina