[Zawgyi]

Motorola ရဲ႕ Moto Z4 နဲ႔ ပတ္သက္တဲ့ သတင္းေတြက လြန္ခဲ့တဲ့ ၂ လ၊ ၃ လေလာက္ကတည္းက ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ မတ္လတုန္းကေတာ့ ေက်ာဘက္ကင္မရာ တစ္လုံးတည္းပါဝင္တဲ့ Moto Z4 ရဲ႕ ပုံရိပ္ထြက္ေပၚလာတာကို ေတြ႕ျမင္ခဲ့ရပါေသးတယ္။ ဒီေနာက္မွာေတာ့ Moto Z4 နဲ႔ ပတ္သက္တဲ့သတင္းေတြ က်ဲသြားခဲ့ၿပီး အခုမွ တစ္ခါျပန္ေတြ႕ရတာပါ။

လြန္ခဲ့တဲ့ရက္တုန္းက အံ့အားသင့္စရာေကာင္းေအာင္ပဲ Motolora Moto Z4 ရဲ႕ Hands-on ဗြီဒီယို ထြက္ေပၚလာခဲ့ပါတယ္။ ဒါေၾကာင့္ Snapdragon 675 သာ သုံးထားတဲ့ Moto Z4 ဟာ 4GB RAM နဲ႔ 128GB storage တစ္မ်ိဳးတည္းပဲ ထြက္လာမယ္ဆိုတာကို သိခဲ့ရပါတယ္။ USB-C ပါဝင္ၿပီး 3.5mm headphone jack လည္းပါဝင္တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

Moto Z4 ဟာ In-Display fingerprint နဲ႔ျဖစ္ေပမယ့္ Waterdrop notch နဲ႔ျဖစ္တာကို ေတြ႕ရပါတယ္။ ေက်ာဘက္မွာေတာ့ သတင္းေတြ ထြက္ေပၚထားတဲ့အတိုင္း အမွန္တကယ္ပဲ ၃၆၀ ကင္မရာတစ္လုံးသာ တပ္ဆင္ေပးထားတာပါ။ ေက်ာဘက္ကင္မရာက 48MP ျဖစ္ၿပီး အေရွ႕ဘက္ Selfie ကင္မရာကေတာ့ 25MP လို႔လည္း သိရပါတယ္။

Geekbench ရမွတ္ေတြမွာ Single-Core ရမွတ္က 2,346 ျဖစ္ၿပီး Multi-Core ရမွတ္က 6,248 ျဖစ္ပါတယ္။ Android 9 Pie ေမာင္းႏွင္ထားတာကို ေတြ႕ရၿပီး ဘက္ထရီပမာဏကေတာ့ 3,600mAh ျဖစ္တယ္လို႔ သိရပါတယ္။ တရားဝင္မေၾကညာေသးေပမယ့္ Motorola Moto Z4 ရဲ႕ ေဈးႏႈန္းဟာ $499 ျမန္မာေငြ ၇ သိန္း ၆ေသာင္းခြဲဝန္းက်င္ ျဖစ္တယ္လို႔ သိရပါတယ္။

Ref: GSMArena

[Unicode]

Hands-on ဗွီဒီယို ပေါက်ကြားလာပြီးနောက် Geekbench မှာ တွေ့မြင်ရပြီဖြစ်တဲ့ Motorola Moto Z4

Motorola ရဲ့ Moto Z4 နဲ့ ပတ်သက်တဲ့ သတင်းတွေက လွန်ခဲ့တဲ့ ၂ လ၊ ၃ လလောက်ကတည်းက ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လတုန်းကတော့ ကျောဘက်ကင်မရာ တစ်လုံးတည်းပါဝင်တဲ့ Moto Z4 ရဲ့ ပုံရိပ်ထွက်ပေါ်လာတာကို တွေ့မြင်ခဲ့ရပါသေးတယ်။ ဒီနောက်မှာတော့ Moto Z4 နဲ့ ပတ်သက်တဲ့သတင်းတွေ ကျဲသွားခဲ့ပြီး အခုမှ တစ်ခါပြန်တွေ့ရတာပါ။

လွန်ခဲ့တဲ့ရက်တုန်းက အံ့အားသင့်စရာကောင်းအောင်ပဲ Motolora Moto Z4 ရဲ့ Hands-on ဗွီဒီယို ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့် Snapdragon 675 သာ သုံးထားတဲ့ Moto Z4 ဟာ 4GB RAM နဲ့ 128GB storage တစ်မျိုးတည်းပဲ ထွက်လာမယ်ဆိုတာကို သိခဲ့ရပါတယ်။ USB-C ပါဝင်ပြီး 3.5mm headphone jack လည်းပါဝင်တာကိုလည်း တွေ့ခဲ့ရပါတယ်။

Moto Z4 ဟာ In-Display fingerprint နဲ့ဖြစ်ပေမယ့် Waterdrop notch နဲ့ဖြစ်တာကို တွေ့ရပါတယ်။ ကျောဘက်မှာတော့ သတင်းတွေ ထွက်ပေါ်ထားတဲ့အတိုင်း အမှန်တကယ်ပဲ ၃၆၀ ကင်မရာတစ်လုံးသာ တပ်ဆင်ပေးထားတာပါ။ ကျောဘက်ကင်မရာက 48MP ဖြစ်ပြီး အရှေ့ဘက် Selfie ကင်မရာကတော့ 25MP လို့လည်း သိရပါတယ်။

Geekbench ရမှတ်တွေမှာ Single-Core ရမှတ်က 2,346 ဖြစ်ပြီး Multi-Core ရမှတ်က 6,248 ဖြစ်ပါတယ်။ Android 9 Pie မောင်းနှင်ထားတာကို တွေ့ရပြီး ဘက်ထရီပမာဏကတော့ 3,600mAh ဖြစ်တယ်လို့ သိရပါတယ်။ တရားဝင်မကြေညာသေးပေမယ့် Motorola Moto Z4 ရဲ့ ဈေးနှုန်းဟာ $499 မြန်မာငွေ ၇ သိန်း ၆သောင်းခွဲဝန်းကျင် ဖြစ်တယ်လို့ သိရပါတယ်။

Ref: GSMArena