[Zawgyi]

ၿပီးခဲ့တဲ့ ဧၿပီလတုန္းက @evleaks က တြစ္တာမွာ Motorola ဟာ “One” ဖုန္း ေလးလုံးအတြက္ လုပ္ကိုင္ေနတဲ့အေၾကာင္း သတင္းဖြင့္ခ်ခဲ့ပါေသးတယ္။ ဒီထဲကမွ Motorola One Vision အေၾကာင္းကေတာ့ ေျပာစရာမလိုေတာ့ပါဘူး။ အခုလည္း ဒီထဲမွာပါတဲ့ တစ္မ်ိဳးက Geekbench ကို ျဖတ္ေက်ာ္လာခဲ့ျပန္ၿပီ ျဖစ္ပါတယ္။

Motorola One Action ဟာ Samsung က ျပဳလုပ္တဲ့ Exynos 9609 chipset အသုံးျပဳထားတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ Motorola One Vision နဲ႔အတူတူပဲလို႔ ေျပာရမွာပါ။ Clock speed ကေတာ့ 9610 chip ထက္ နိမ့္ပါတယ္။ 2.3 + 1.7GHz အစား 2.2 + 1.6GHz သာ ျဖစ္ပါတယ္။

Galaxy A50 နဲ႔ အၾကမ္းအားျဖင့္ႏႈိင္းယွဥ္မယ္ဆိုရင္ေတာ့ သိပ္ၿပီးကြာဟမႈ မရွိတာကို ေတြ႕ရပါတယ္။ Single-Core မွာေရာ၊ Multi-Core မွာပါ Samsung Galaxy A50 နဲ႔ Motorola One Vision တို႔ကို မေက်ာ္ျဖတ္ႏိုင္ဘဲ တတိယေနရာမွာ ရွိေနတယ္ဆိုေပမယ့္ ရမွတ္ခ်င္းက အမ်ားႀကီးကြာဟတယ္လို႔ မဆိုႏိုင္ပါဘူး။ ေနာက္တစ္ခ်က္က Motorola One Action ဟာ Final အဆင့္မေရာက္ေသးတဲ့အတြက္ Software ပိုင္းဆိုင္ရာ ျပဳျပင္မႈေတြ လုပ္ဦးမယ့္သေဘာမွာလည္း ရွိေနပါေသးတယ္။

Moto ဟာ Action ကို ေရစိုခံတာမ်ိဳး၊ အၾကမ္းခံတဲ့ဖုန္းတစ္လုံး၊ သုံးေပ်ာ္တဲ့ဖုန္းတစ္လုံးအျဖစ္ အာ႐ုံစိုက္ထားေပမယ့္လည္း “Force” လိုမ်ိဳး Flagship ေတာ့ မဟုတ္ပါဘူး။ တစ္ျခားတစ္ဘက္မွာေတာ့ Motorola One Pro က One Vision နဲ႔ One Action တို႔ထက္ ပိုၿပီးဆြဲဆာင္မႈရွိတဲ့ ဖုန္းတစ္လုံးအျဖစ္ ရပ္တည္သြားဖြယ္ရွိေနပါတယ္။ One Pro နဲ႔ပတ္သက္တဲ့ Hardware specifications ေတြထြက္လာရင္ေတာ့ ရွင္းရွင္းလင္းလင္း သိရမွာပဲ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Exynos 9609 နဲ့ Motorola One Action ကို GeekBench မှာ တွေ့ရပြီ

ပြီးခဲ့တဲ့ ဧပြီလတုန်းက @evleaks က တွစ်တာမှာ Motorola ဟာ “One” ဖုန်း လေးလုံးအတွက် လုပ်ကိုင်နေတဲ့အကြောင်း သတင်းဖွင့်ချခဲ့ပါသေးတယ်။ ဒီထဲကမှ Motorola One Vision အကြောင်းကတော့ ပြောစရာမလိုတော့ပါဘူး။ အခုလည်း ဒီထဲမှာပါတဲ့ တစ်မျိုးက Geekbench ကို ဖြတ်ကျော်လာခဲ့ပြန်ပြီ ဖြစ်ပါတယ်။

Motorola One Action ဟာ Samsung က ပြုလုပ်တဲ့ Exynos 9609 chipset အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒါကြောင့် Motorola One Vision နဲ့အတူတူပဲလို့ ပြောရမှာပါ။ Clock speed ကတော့ 9610 chip ထက် နိမ့်ပါတယ်။ 2.3 + 1.7GHz အစား 2.2 + 1.6GHz သာ ဖြစ်ပါတယ်။

Galaxy A50 နဲ့ အကြမ်းအားဖြင့်နှိုင်းယှဉ်မယ်ဆိုရင်တော့ သိပ်ပြီးကွာဟမှု မရှိတာကို တွေ့ရပါတယ်။ Single-Core မှာရော၊ Multi-Core မှာပါ Samsung Galaxy A50 နဲ့ Motorola One Vision တို့ကို မကျော်ဖြတ်နိုင်ဘဲ တတိယနေရာမှာ ရှိနေတယ်ဆိုပေမယ့် ရမှတ်ချင်းက အများကြီးကွာဟတယ်လို့ မဆိုနိုင်ပါဘူး။ နောက်တစ်ချက်က Motorola One Action ဟာ Final အဆင့်မရောက်သေးတဲ့အတွက် Software ပိုင်းဆိုင်ရာ ပြုပြင်မှုတွေ လုပ်ဦးမယ့်သဘောမှာလည်း ရှိနေပါသေးတယ်။

Moto ဟာ Action ကို ရေစိုခံတာမျိုး၊ အကြမ်းခံတဲ့ဖုန်းတစ်လုံး၊ သုံးပျော်တဲ့ဖုန်းတစ်လုံးအဖြစ် အာရုံစိုက်ထားပေမယ့်လည်း “Force” လိုမျိုး Flagship တော့ မဟုတ်ပါဘူး။ တစ်ခြားတစ်ဘက်မှာတော့ Motorola One Pro က One Vision နဲ့ One Action တို့ထက် ပိုပြီးဆွဲဆာင်မှုရှိတဲ့ ဖုန်းတစ်လုံးအဖြစ် ရပ်တည်သွားဖွယ်ရှိနေပါတယ်။ One Pro နဲ့ပတ်သက်တဲ့ Hardware specifications တွေထွက်လာရင်တော့ ရှင်းရှင်းလင်းလင်း သိရမှာပဲ ဖြစ်ပါတယ်။

Ref: GSMArena