[Zawgyi]

ဇြန္လဆန္းတုန္းကေတာ့ Motorola One Action ကို GeekBench မွာ Exynos 9609 နဲ႔အတူ ေတြ႕ခဲ့ရပါတယ္။ အဲဒီေနာက္ ႏွစ္ပတ္နီးပါးၾကာတဲ့အခါ Spec ေတြနဲ႔ပတ္သက္ၿပီး သတင္းအခ်က္အလက္အခ်ိဳ႕ ေပါက္ၾကားထြက္ေပၚလာခဲ့ျပန္ပါတယ္။ အေျခခံအားျဖင့္ေတာ့ ေက်ာဘက္ကင္မရာသုံးလုံးနဲ႔ အေရွ႕ဘက္မွာ Punch-hole ရွိမယ္ဆိုတာကို သိခဲ့ရတာပါ။

Motorola ဟာ Vision ေမာ္ဒယ္ေတြကို မိတ္ဆက္ခဲ့ၿပီးတဲ့ေနာက္ Action ေမာ္ဒယ္ေတြကို ဆက္လက္ၿပီး မိတ္ဆက္သြားမွာဆိုေပမယ့္ One Action ကို တရားဝင္မိတ္ဆက္ဖို႔ ေစာင့္ဆိုင္းေနရတုန္း ျဖစ္ပါတယ္။ One Action ေတြဟာ One Vision ေတြထက္ ပိုၿပီးေဈးခ်ိဳတဲ့အမ်ိဳးအစားျဖစ္ေပမယ့္ Spec ေတြက လက္ရွိ Vision နဲ႔ သိပ္မကြာဘူးဆိုတာကလည္း စိတ္ဝင္စားစရာ ျဖစ္ေနပါတယ္။

အခုအခ်ိန္ထိ သတင္းထြက္ထားတာကေတာ့ Motorola One Action ဟာ 6.3-inch LCD မ်က္ႏွာျပင္နဲ႔ျဖစ္ၿပီး 1080 resolution ေထာက္ပံ့ထားတယ္လို႔ သိရပါတယ္။ မန္မိုရီကေတာ့ 4GB ျဖစ္ၿပီး သိုေလွာင္မႈပမာဏက 128GB လို႔ ဆိုထားပါတယ္။ ဘက္ထရီကေတာ့ 3500 mAh ပမာဏပဲလို႔ သတင္းထြက္ထားတာေၾကာင့္ သိပ္အားရစရာ မေကာင္းဘူးလို႔ပဲ ဆိုရမွာပါ။

ကင္မရာပိုင္းဆိုင္ရာမွာေတာ့ ေက်ာဘက္ကင္မရာေတြအနက္ အဓိကကင္မရာဟာ 12MP ဆင္ဆာနဲ႔ပဲ ျဖစ္သလို အေရွ႕ဘက္ Selfie ကင္မရာကလည္း 12MP ပဲ ျဖစ္တယ္လို႔ သိရပါတယ္။ ကိုယ္ထည္ကလည္း ပလတ္စတစ္ပဲ အသုံးျပဳထားမွာျဖစ္ပါတယ္။ အခု ေပါက္ၾကားလာတဲ့ Render အရ Motorola One Action ကို အျဖဴ၊ အျပာနဲ႔ အစိမ္း ဆိုၿပီး အေရာင္သုံးမ်ိဳး ထုတ္လုပ္ထားမယ္လို႔ သိရပါတယ္။

Ref: Phone Arena

[Unicode]

Motorola One Action Render များ ထပ်မံပေါက်ကြားလာ

ဇွန်လဆန်းတုန်းကတော့ Motorola One Action ကို GeekBench မှာ Exynos 9609 နဲ့အတူ တွေ့ခဲ့ရပါတယ်။ အဲဒီနောက် နှစ်ပတ်နီးပါးကြာတဲ့အခါ Spec တွေနဲ့ပတ်သက်ပြီး သတင်းအချက်အလက်အချို့ ပေါက်ကြားထွက်ပေါ်လာခဲ့ပြန်ပါတယ်။ အခြေခံအားဖြင့်တော့ ကျောဘက်ကင်မရာသုံးလုံးနဲ့ အရှေ့ဘက်မှာ Punch-hole ရှိမယ်ဆိုတာကို သိခဲ့ရတာပါ။

Motorola ဟာ Vision မော်ဒယ်တွေကို မိတ်ဆက်ခဲ့ပြီးတဲ့နောက် Action မော်ဒယ်တွေကို ဆက်လက်ပြီး မိတ်ဆက်သွားမှာဆိုပေမယ့် One Action ကို တရားဝင်မိတ်ဆက်ဖို့ စောင့်ဆိုင်းနေရတုန်း ဖြစ်ပါတယ်။ One Action တွေဟာ One Vision တွေထက် ပိုပြီးဈေးချိုတဲ့အမျိုးအစားဖြစ်ပေမယ့် Spec တွေက လက်ရှိ Vision နဲ့ သိပ်မကွာဘူးဆိုတာကလည်း စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

အခုအချိန်ထိ သတင်းထွက်ထားတာကတော့ Motorola One Action ဟာ 6.3-inch LCD မျက်နှာပြင်နဲ့ဖြစ်ပြီး 1080 resolution ထောက်ပံ့ထားတယ်လို့ သိရပါတယ်။ မန်မိုရီကတော့ 4GB ဖြစ်ပြီး သိုလှောင်မှုပမာဏက 128GB လို့ ဆိုထားပါတယ်။ ဘက်ထရီကတော့ 3500 mAh ပမာဏပဲလို့ သတင်းထွက်ထားတာကြောင့် သိပ်အားရစရာ မကောင်းဘူးလို့ပဲ ဆိုရမှာပါ။

ကင်မရာပိုင်းဆိုင်ရာမှာတော့ ကျောဘက်ကင်မရာတွေအနက် အဓိကကင်မရာဟာ 12MP ဆင်ဆာနဲ့ပဲ ဖြစ်သလို အရှေ့ဘက် Selfie ကင်မရာကလည်း 12MP ပဲ ဖြစ်တယ်လို့ သိရပါတယ်။ ကိုယ်ထည်ကလည်း ပလတ်စတစ်ပဲ အသုံးပြုထားမှာဖြစ်ပါတယ်။ အခု ပေါက်ကြားလာတဲ့ Render အရ Motorola One Action ကို အဖြူ၊ အပြာနဲ့ အစိမ်း ဆိုပြီး အရောင်သုံးမျိုး ထုတ်လုပ်ထားမယ်လို့ သိရပါတယ်။

Ref: Phone Arena