Zawgyi

Motorola ကုမၸဏီရဲ႕ Android One အသုံးျပဳထားတဲ့ တေၾကာ့ျပန္စမတ္ဖုန္းေတြဟာ ေစ်းကြက္ကို ထပ္မံထိုးေဖာက္လာဦးမွာျဖစ္ပါတယ္။ မၾကာခင္တရားဝင္မိတ္ဆက္လာေတာ့မယ့္ Moto One Action စမတ္ဖုန္းဟာ အင္တာနက္မွာ Leak ေတြဆက္တုိက္ထြက္ေပၚေနပါတယ္။

ဒီတစ္ခါေတာ့ တရားဝင္မိတ္ဆက္ဓါတ္ပုံလို႔ယူဆရတဲ့ Render ပုံေတြကို ျမင္ေတြ႕ရကာ ဟန္းဆက္ရဲ႕ ေရွ႕ဘက္နဲ႔ ေနာက္ေက်ာက ကာလာႏွစ္မ်ဳိးတုိ႔ကိုပါ ျမင္ေတြ႕ရတာပါ။ ေလာေလာဆယ္ျမင္ရတဲ့ပုံထဲမွာေတာ့ အျဖဴေရာင္နဲ႔ အျပာ/အစိမ္းပုပ္ေရာင္ လို႔ယူဆရတဲ့ ကာလာႏွစ္ခုကို ျမင္ရမွာပါ။

အခုျမင္ရတဲ့ပုံေတြအျပင္ ေနာက္ထပ္ ေရႊေရာင္အပါအဝင္ အေရာင္ကြဲေတြနဲ႔လည္း ထြက္ရွိဦးမွာျဖစ္ပါတယ္။ စုစုေပါင္းကာလာဘယ္ႏွမ်ဳိးျဖစ္မလဲဆုိတာေတာ့ မသိရေသးပါဘူး။

One Action ဖုန္းမွာ 6.3” လက္မအရြယ္ FHD+ Display ပါဝင္ဦးမွာျဖစ္ၿပီး မ်က္ႏွာျပင္ရဲ႕ ဘယ္ဘက္အေပၚေထာင့္မွာလည္း 12.6MP ဆယ္ဖီကင္မရာအတြက္ Punch-hole အေပါက္ ပါမွာျဖစ္ပါတယ္။ ေနာက္ဘက္မွာတပ္ဆင္ထားမယ့္ ကင္မရာသုံးလုံး (Triple-camera) ထဲမွာလည္း အဓိက Sensor အပါအဝင္ ကင္မရာႏွစ္ခုက 12.6MP ပဲလို႔ ဆုိထားပါတယ္။ တတိယေျမာက္ Sensor က ဘာအတြက္လဲဆိုတာေတာ့ မသိရေသးပါဘူး။

ဖုန္းရဲ႕အတြင္းပုိင္းမွာ Exynos 9609 ခ်စ္ပ္ဆက္ကို အသုံးျပဳလာမွာျဖစ္ၿပီး မန္မုိရီအတြဲက 3/32GB, 4/64GB နဲ႔ 4/128GB ဆုိၿပီး သုံးမ်ဳိးကမ္းလွမ္းလာမွာပါ။ ဘကၳရီကေတာ့ 3,500 mAh ပဲျဖစ္ၿပီး စက္ႏွင္စနစ္က Android 9 Pie ျဖစ္မွာပါ။

One Action ဖုန္းရဲ႕ေနာက္ဘက္မွာ ပလတ္စတစ္ကိုယ္ထည္ပါဝင္မယ္လို႔ သတင္းထြက္ေနၿပီး အေသးစိတ္ Spec ေတြကိုေတာ့ မၾကာခင္မိတ္ဆက္လာမွပဲ အတည္ျပဳႏုိင္မွာပါ။

Ref – GSM Arena

Unicode

Motorola ကုမ္ပဏီရဲ့ Android One အသုံးပြုထားတဲ့ တကြော့ပြန်စမတ်ဖုန်းတွေဟာ ဈေးကွက်ကို ထပ်မံထိုးဖောက်လာဦးမှာဖြစ်ပါတယ်။ မကြာခင်တရားဝင်မိတ်ဆက်လာတော့မယ့် Moto One Action စမတ်ဖုန်းဟာ အင်တာနက်မှာ Leak တွေဆက်တိုက်ထွက်ပေါ်နေပါတယ်။

ဒီတစ်ခါတော့ တရားဝင်မိတ်ဆက်ဓါတ်ပုံလို့ယူဆရတဲ့ Render ပုံတွေကို မြင်တွေ့ရကာ ဟန်းဆက်ရဲ့ ရှေ့ဘက်နဲ့ နောက်ကျောက ကာလာနှစ်မျိုးတို့ကိုပါ မြင်တွေ့ရတာပါ။ လောလောဆယ်မြင်ရတဲ့ပုံထဲမှာတော့ အဖြူရောင်နဲ့ အပြာ/အစိမ်းပုပ်ရောင် လို့ယူဆရတဲ့ ကာလာနှစ်ခုကို မြင်ရမှာပါ။ အရင်ကလည်း ဒီအရောင်တွေနဲ့ပဲ Leak ဖြစ်ဖူးပေမယ့် တစ်ခုချင်းစီ မြင်ခဲ့ရတာပါ။

ဒီပုံကြောင့် အခုမြင်ရတဲ့အရောင်တွေဟာ ထွက်လာတဲ့အခါ ရွေးချယ်နိုင်မယ့် အရောင်တွေထဲ အပါအဝင် ဖြစ်မယ်ဆိုတာကို အတည်ပြုရာရောက်သွားပြီး နောက်ထပ် ရွှေရောင်အပါအဝင် အရောင်ကွဲတွေနဲ့လည်း ထွက်ရှိဦးမှာဖြစ်ပါတယ်။ စုစုပေါင်းကာလာဘယ်နှမျိုးဖြစ်မလဲဆိုတာတော့ မသိရသေးပါဘူး။

One Action ဖုန်းမှာ 6.3” လက်မအရွယ် FHD+ Display ပါဝင်ဦးမှာဖြစ်ပြီး မျက်နှာပြင်ရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာလည်း 12.6MP ဆယ်ဖီကင်မရာအတွက် Punch-hole အပေါက် ပါမှာဖြစ်ပါတယ်။ နောက်ဘက်မှာတပ်ဆင်ထားမယ့် ကင်မရာသုံးလုံး (Triple-camera) ထဲမှာလည်း အဓိက Sensor အပါအဝင် ကင်မရာနှစ်ခုက 12.6MP ပဲလို့ ဆိုထားပါတယ်။ တတိယမြောက် Sensor က ဘာအတွက်လဲဆိုတာတော့ မသိရသေးပါ။

ဖုန်းရဲ့အတွင်းပိုင်းမှာ Exynos 9609 ချစ်ပ်ဆက်ကို အသုံးပြုလာမှာဖြစ်ပြီး မန်မိုရီအတွဲက 3/32GB, 4/64GB နဲ့ 4/128GB ဆိုပြီး သုံးမျိုးကမ်းလှမ်းလာမှာပါ။ ဘက္ထရီကတော့ 3,500 mAh ပဲဖြစ်ပြီး စက်နှင်စနစ်က Android 9 Pie ဖြစ်မှာပါ။

One Action ဖုန်းရဲ့နောက်ဘက်မှာ ပလတ်စတစ်ကိုယ်ထည်ပါဝင်မယ်လို့ သတင်းထွက်နေပြီး အသေးစိတ် Spec တွေကိုတော့ မကြာခင်မိတ်ဆက်လာမှပဲ အတည်ပြုနိုင်မှာပါ။

Ref – GSM Arena