ပြီးခဲ့တဲ့ လ အစောပိုင်းက One Fusion+ ကို ကြေညာပြီးနောက်မှာ Motorola က One Fusion ကို မိတ်ဆက်လိုက်ပါတယ်။ One Fusion ဟာ Plus Model ရဲ့ စွမ်းရည်နိမ့် Version ဖြစ်ပြီး ဈေးပိုချိုပါတယ်။ One Fusion မှာ ၆.၅ လက်မ HD မျက်နှာပြင်ပါလာပြီး ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပါတယ်။ အနောက်ဘက်မှာ 48MP Main , 8MP Ultrawide, 5MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး ပါပါတယ်။

Motorola One Fusion မှာ Snapdragon 710 SoC နဲ့ Android 10 ထည့်ထားပါတယ်။ 4GB RAM နဲ့ 64GB Storage ပါသလို microSD Card စိုက်နိုင်ပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ ထည့်ထားပြီး Google Assistant Button ပါလာပါတယ်။ USB-C Port , 3.5mm Headphone Jack နဲ့ 5,000mAh ဘက်ထရီ ထည့်ထားပါတယ်။

Emerald Green နဲ့ Deep Sapphire Blue ၂ ရောင်ထုတ်လုပ်ထားပြီး ၂၅၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃ သိန်း ၄ သောင်းလောက်ရှိပြီး လက်တင်အမေရိက နိုင်ငံတွေမှာ ရောင်းပေးနေပါပြီ။ ဆော်ဒီအာရေးဗီးယားနဲ့ ယူအေအီးမှာ နောက်လ ရောင်းမှာပါ။

Ref : gsmarena