Motorola က ဒီဇိုင်း အရမ်း လန်းပြီး ဈေးချိုတဲ့ One Fusion+ ကို ဒီလ အစောပိုင်းက ကြေညာခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက One Fusion နဲ့ Fans တွေကို စိတ်လှုပ်ရှားအောင် ပြုလုပ်တော့မှာပါ။ အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက်တွေ Google Play Console ကနေ ထွက်ပေါ်လာသလို Android Enterprise Recommended Catalog မှာလည်း တွေ့လာရပါတယ်။

အဲဒီ ဖုန်းရဲ့ လျှို့ဝှက်နာမည်ဟာ “Astro” ဖြစ်ပြီး Motorola One Fusion လို့ ဖော်ပြထားပါတယ်။ HD+ 1600×720 Pixels Resolution ရှိပြီး မျက်နှာပြင် အရွယ်အစားကို မဖော်ပြထားပါဘူး။ အရင်ထွက်ခဲ့တဲ့ သတင်းတွေအရ ၆.၅ လက်မ မျက်နှာပြင်နဲ့ အရွယ်သေး Notch ပါလာနိုင်ပါတယ်။ Qualcomm Snapdragon 710 Chipset မောင်းနှင်ထားပြီး 4GB RAM နဲ့ Android 10  ပါလာမှာပါ။

6GB RAM Version ကိုလည်း ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်နေပြီး 64GB , 128GB Storage တွေ ပါလာမှာပါ။ 5,000mAh ဘက်ထရီ ထည့်ထားမှာပါ။ အနောက်ဘက်မှာ 48MP Samsung ISOCELL Bright GM1 , 5MP , 8MP နဲ့ 2MP ကင်မရာတွေနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ပါလာနိုင်ပါတယ်။ အနက်နဲ့ အပြာရောင် ထုတ်လုပ်ထားနိုင်ပြီး ဘရာဇီး၊ လက်တင် အမေရိကနဲ့ အာရှနိုင်ငံတွေမှာ ရောင်းမှာပါ။

Ref  : gizmochina