Motorola ကုမ္ပဏီဟာ လာမယ့် Q2 ကာလအကုန်(ဇွန်လ)လောက်မှာ One Fusion နဲ့ One Fusion+ အမည်ရ စမတ်ဖုန်းသစ်နှစ်လုံးကို မိတ်ဆက်လာဖို့ရှိပါတယ်။ One Fusion ရဲ့လျှို့ဝှက်နာမည်က Titan လို့ပေးထားပြီး Fusion+ ကိုတော့ Liberty လို့ခေါ်ဝေါ်နေကြောင်းလည်း သတင်းထွက်လာခဲ့ပါတယ်။

နောက်ထပ်သတင်းရင်းမြစ်တစ်ခုကတော့ One Fusion+ စမတ်ဖုန်းရဲ့ Specs တွေကို ဖော်ပြလာခဲ့ပြီး အဆိုပါဖုန်းသစ်မှာ Snapdragon 675 ချစ်ပ်ဆက်ကို 4GB/6GB RAM နဲ့တွဲဖက်လာမယ်လို့ဆိုပါတယ်။ Storage လည်း 64/128GB ဆိုပြီးနှစ်မျိုးရွေးချယ်နိုင်မယ့် Fusion+ မှာ Light Blue နဲ့ Light Brown ကာလာနှစ်မျိုးရရှိနိုင်မှာပါ။

One Fusion+ စမတ်ဖုန်းမှာ 12MP အဓိကကင်မရာပါမယ်လို့ ဆိုထားပြီး စုစုပေါင်း ကင်မရာဘယ်နှလုံးပါမလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ One Fusion စမတ်ဖုန်းနှစ်လုံးကို အိန္ဒိယနဲ့ အမေရိကန်ဈေးကွက်တွေမှာ အရင်ဆုံးမြင်တွေ့ရမယ်လို့ ဆိုထားပါတယ်။

ဇွန်လနှောင်းပိုင်းလောက်မှ မြင်ရနိုင်တဲ့ စမတ်ဖုန်းတွေဖြစ်တာနဲ့အညီ လောလောဆယ်မှာ အချက်အလက်တွေက ရှားပါးနေပါသေးတယ်။ ဒါပေမယ့် လာမယ့်လအတွင်းမှာတော့ Moto One Fusion ဖုန်းနှစ်လုံးကို ပိုပြီး ထင်ထင်ရှားရှား မြင်တွေ့လာရမှာပါ။

Ref – GSM Arena