Zawgyi

Motorola ကုမၸဏီရဲ႕ ပထမဆုံး Pop-up Selfie ကင္မရာနဲ႔စမတ္ဖုန္းျဖစ္တဲ့ One Hyper ကို တရားဝင္မိတ္ဆက္လာခဲ့ပါၿပီ။ Hyper ဆုိတဲ့အမည္ကေတာ့ သူ႕ရဲ႕ 45W “Hyper Charging” အားသြင္းနည္းပညာဆီက ယူထားတာ ျဖစ္ပါတယ္။

Pop-up Selfie အသုံးျပဳလာတဲ့အတြက္ Display ေပၚမွာ ရႈပ္ေနမယ့္ Notch ေတြ၊ Punch-hole ေတြ မပါေတာ့ဘဲ ရွင္းလင္းတဲ့မ်က္ႏွာျပင္ဟာ Bezel ေတြကလည္း အျခား Motorola ဖုန္းေတြထက္ပါးလႊာပါတယ္။ 6.5” လက္မအရြယ္ 2340 x 1080p Resolution နဲ႔ Display ကို Total Vision လုိ႔ေခၚလာၿပီး Screen-to-body အခ်ဳိးက 90% ထိရွိပါတယ္။

အတြင္းမွာေတာ့ Snapdragon 675 ခ်စ္ပ္ဆက္ကိုအသုံးျပဳထားၿပီး မန္မုိရီ Combo က 4GB RAM နဲ႔ 128GB Storage ပါ။ Selfie စနစ္သာမကဘဲ ေနာက္ကင္မရာမွာလည္း One Hyper ဟာ 64MP အဓိက Sensor အသုံးျပဳလာတဲ့ ပထမဆုံး Motorola ဖုန္းျဖစ္ပါတယ္။ သူ႕ကိုေတာ့ 8MP Ultrawide ကင္မရာတစ္လုံးနဲ႔ တြဲဖက္ထားတယ္။

Pop-up Selfie ကို 32MP Sensor အသုံးျပဳထားကာ ေရွ႕ေနာက္ကင္မရာႏွစ္မ်ဳိးလုံးအတြက္ Night Mode ပါဝင္ပါတယ္။ ဘကၳရီကေတာ့ 4,000 mAh ျဖစ္ၿပီး အထက္မွာေဖာ္ျပခဲ့တဲ့အတုိင္း 45W Hyper အားသြင္းနည္းပညာသစ္ကို ေထာက္ပ့ံေပးေပမယ့္ 15W အားသြင္းႀကိဳးကိုသာ ထည့္ေပးမွာျဖစ္ၿပီး 45W Hyper Charger ကုိသက္သက္ထပ္ဝယ္ရမွာပါ။

Moto One Hyper ရဲ႕ေနာက္ထပ္အားသာခ်က္တစ္ခုကေတာ့ စထြက္လာတည္းက Android 10 OS အသစ္နဲ႔ အသုံးျပဳရမွာျဖစ္ပါတယ္။ သူ႕ရဲ႕တန္ဖိုးက 399 ေဒၚလာ (ျမန္မာေငြ ၆ သိန္းနီးပါး) သတ္မွတ္ထားပါတယ္။

Ref – Gizmo China

Unicode

Motorola ကုမ္ပဏီရဲ့ ပထမဆုံး Pop-up Selfie ကင်မရာနဲ့စမတ်ဖုန်းဖြစ်တဲ့ One Hyper ကို တရားဝင်မိတ်ဆက်လာခဲ့ပါပြီ။ Hyper ဆိုတဲ့အမည်ကတော့ သူ့ရဲ့ 45W “Hyper Charging” အားသွင်းနည်းပညာဆီက ယူထားတာ ဖြစ်ပါတယ်။

Pop-up Selfie အသုံးပြုလာတဲ့အတွက် Display ပေါ်မှာ ရှုပ်နေမယ့် Notch တွေ၊ Punch-hole တွေ မပါတော့ဘဲ ရှင်းလင်းတဲ့မျက်နှာပြင်ဟာ Bezel တွေကလည်း အခြား Motorola ဖုန်းတွေထက်ပါးလွှာပါတယ်။ 6.5” လက်မအရွယ် 2340 x 1080p Resolution နဲ့ Display ကို Total Vision လို့ခေါ်လာပြီး Screen-to-body အချိုးက 90% ထိရှိပါတယ်။

အတွင်းမှာတော့ Snapdragon 675 ချစ်ပ်ဆက်ကိုအသုံးပြုထားပြီး မန်မိုရီ Combo က 4GB RAM နဲ့ 128GB Storage ပါ။ Selfie စနစ်သာမကဘဲ နောက်ကင်မရာမှာလည်း One Hyper ဟာ 64MP အဓိက Sensor အသုံးပြုလာတဲ့ ပထမဆုံး Motorola ဖုန်းဖြစ်ပါတယ်။ သူ့ကိုတော့ 8MP Ultrawide ကင်မရာတစ်လုံးနဲ့ တွဲဖက်ထားတယ်။

Pop-up Selfie ကို 32MP Sensor အသုံးပြုထားကာ ရှေ့နောက်ကင်မရာနှစ်မျိုးလုံးအတွက် Night Mode ပါဝင်ပါတယ်။ ဘက္ထရီကတော့ 4,000 mAh ဖြစ်ပြီး အထက်မှာဖော်ပြခဲ့တဲ့အတိုင်း 45W Hyper အားသွင်းနည်းပညာသစ်ကို ထောက်ပံ့ပေးပေမယ့် 15W အားသွင်းကြိုးကိုသာ ထည့်ပေးမှာဖြစ်ပြီး 45W Hyper Charger ကိုသက်သက်ထပ်ဝယ်ရမှာပါ။

Moto One Hyper ရဲ့နောက်ထပ်အားသာချက်တစ်ခုကတော့ စထွက်လာတည်းက Android 10 OS အသစ်နဲ့ အသုံးပြုရမှာဖြစ်ပါတယ်။ သူ့ရဲ့တန်ဖိုးက 399 ဒေါ်လာ (မြန်မာငွေ ၆ သိန်းနီးပါး) သတ်မှတ်ထားပါတယ်။

Ref – Gizmo China