[Zawgyi]





Ref: GSM Arena

[Unicode]

ထိုင်ဝမ် NCC Certification ရသွားပြီဖြစ်တဲ့ Motorola One Marco

Motorola One Marco ကတော့ ဈေးကွက်ထဲကို ရောက်ရှိဖို့ နောက်ထပ် ခြေတစ်လှမ်း နီးကပ်လာခဲ့ပြီလို့ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီဟန်းဆက်ကို ထိုင်ဝမ် NCC certification ရတာကို တွေ့မြင်ခဲ့ရလို့ပဲ ဖြစ်ပါတယ်။ တစ်ဘက်ကနေပြောမယ်ဆိုရင်တော့ ထိုင်ဝမ်မှာ ဖြန့်ချိရောင်းချဖို့ ဘာအတားအဆီးမှမရှိတော့ဘဲ မီးစိမ်းပြခံလိုက်ရတာပါ။

ဒီ Device ဟာ Motorola XT2016-1 နဲ့ဖြစ်တာကြောင့် NBTC (certification agency) ရဲ့ စာရွက်စာတမ်းတွေမှာ တွေ့မြင်ရတဲ့ မော်ဒယ်နံပါတ်နဲ့ အတူတူပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။ အရင်ထွက်ခဲ့တဲ့ကောလာဟလအရ Moto G8 ဟာ Motorola ရဲ့ နောက်ထွက်မယ့် ဟန်းဆက်လို့ ဆိုခဲ့ကြတာပါ။

ဘယ်လိုပဲဖြစ်ဖြစ် NCC certification ဟာ One Macro နဲ့ ပတ်သက်တဲ့ အချက်အလက်သစ်ကို လုံးဝ ဖော်ပြထားခြင်း မရှိပါဘူး။ ဒီဟန်းဆက်ဟာ ထိုင်ဝမ်ရဲ့ 4G ကြိမ်နှုန်းကို အပြည့်အဝ ထောက်ပံ့ပေးနိုင်ပြီး Bluetooth နဲ့ Wi-Fi တွေလည်း ထောက်ပံ့ပေးထားတယ်ဆိုတာလောက်ပဲ သိရပါတယ်။ ဒါတွေကတော့ ဘာမှ ထူးထူးဆန်းဆန်း အံ့အားသင့်စရာ မဟုတ်ပါဘူး။

လွန်ခဲ့တဲ့ ရက်အနည်းငယ်ကလည်း Motorola One Marco ဟာ Geekbench မှာတွေ့မြင်ခဲ့ရသလို ပြင်ပရုပ်ပုံကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ Helio P60 SoC နဲ့ 2GB RAM ကို တွဲဖက်ထားတာဖြစ်ပြီး Android Pie မောင်းနှင်ထားတယ် ဆိုတာကိုတော့ Geekbench ကဖော်ပြခဲ့ပါတယ်။

Ref: GSM Arena