Zawgyi

Motorola One Macro စမတ္ဖုန္းဟာ ထြက္ရွိရက္နီးကပ္လာၿပီဆုိတာ သိေနခဲ့ေပမယ့္ ေန႔စြဲအတိအက်ကိုေတာ့ အခုမွ ေၾကညာလာခဲ့ပါတယ္။ Motorola One စီးရီးအဖြဲ႕ဝင္သစ္ဟာ ေအာက္တုိဘာ ၉ ရက္ေန႔မွာ မိတ္ဆက္လာမွာျဖစ္ၿပီး ထြက္ကာနီးမွ ကပ္ေၾကညာလာတာလည္း ျဖစ္ပါတယ္။

အိႏၵိယရဲ႕ Flipkart ဝက္ဆုိက္မွာေတာ့ Moto One Macro ဖုန္းအတြက္ Teaser ေတြကို ျမင္ေနရၿပီျဖစ္ၿပီး အဆုိပါ ပိုစတာေတြထဲမွာ ဖုန္းရဲ႕ Macro ဓါတ္ပုံရုိက္ကူးမႈပါဝါ၊ ဘကၳရီခံႏုိင္ရည္နဲ႔ Multitasking စြမ္းရည္ေတြကို ဦးစားေပးျပသထားပါတယ္။ Moto One Macro မွာ နာမည္အတုိင္းပဲ Dedicated 2MP 1/5” Macro ကင္မရာတစ္ခုကို 13MP အဓိက ကင္မရာ၊ 2MP Depth Sensor တုိ႔နဲ႔တြဲဖက္ထားပါတယ္။

Moto One Macro ရဲ႕အတြင္းမွာေတာ့ Helio P60 ခ်စ္ပ္ဆက္ကို အသုံးျပဳထားၿပီး မန္မုိရီကေတာ့ 2/32GB နဲ႔ 3/64GB အတြဲႏွစ္မ်ဳိး ေရြးခ်ယ္ႏုိင္မွာပါ။ Display အရြယ္အစားက 6.1” လက္မအရြယ္ျဖစ္ၿပီး 8MP Selfie ကင္မရာတစ္ခုနဲ႔ Waterdrop Notch လည္းပါဝင္ပါတယ္။

Software ပိုင္းမွာ Android Pie နဲ႔အသုံးျပဳရမွာျဖစ္ၿပီး ဘကၳရီက 4,000 mAh ျဖစ္ပါတယ္။ ထြက္ရွိရက္နဲ႔ နီးကပ္ေနၿပီျဖစ္တဲ့အတြက္ Moto One Macro ရဲ႕အခ်က္အလက္အျပည့္အစုံကို မၾကာခင္သိရေတာ့မွာပါ။

Ref – GSM Arena

Unicode

Motorola One Macro စမတ်ဖုန်းဟာ ထွက်ရှိရက်နီးကပ်လာပြီဆိုတာ သိနေခဲ့ပေမယ့် နေ့စွဲအတိအကျကိုတော့ အခုမှ ကြေညာလာခဲ့ပါတယ်။ Motorola One စီးရီးအဖွဲ့ဝင်သစ်ဟာ အောက်တိုဘာ ၉ ရက်နေ့မှာ မိတ်ဆက်လာမှာဖြစ်ပြီး ထွက်ကာနီးမှ ကပ်ကြေညာလာတာလည်း ဖြစ်ပါတယ်။

အိန္ဒိယရဲ့ Flipkart ဝက်ဆိုက်မှာတော့ Moto One Macro ဖုန်းအတွက် Teaser တွေကို မြင်နေရပြီဖြစ်ပြီး အဆိုပါ ပိုစတာတွေထဲမှာ ဖုန်းရဲ့ Macro ဓါတ်ပုံရိုက်ကူးမှုပါဝါ၊ ဘက္ထရီခံနိုင်ရည်နဲ့ Multitasking စွမ်းရည်တွေကို ဦးစားပေးပြသထားပါတယ်။ Moto One Macro မှာ နာမည်အတိုင်းပဲ Dedicated 2MP 1/5” Macro ကင်မရာတစ်ခုကို 13MP အဓိက ကင်မရာ၊ 2MP Depth Sensor တို့နဲ့တွဲဖက်ထားပါတယ်။

Moto One Macro ရဲ့အတွင်းမှာတော့ Helio P60 ချစ်ပ်ဆက်ကို အသုံးပြုထားပြီး မန်မိုရီကတော့ 2/32GB နဲ့ 3/64GB အတွဲနှစ်မျိုး ရွေးချယ်နိုင်မှာပါ။ Display အရွယ်အစားက 6.1” လက်မအရွယ်ဖြစ်ပြီး 8MP Selfie ကင်မရာတစ်ခုနဲ့ Waterdrop Notch လည်းပါဝင်ပါတယ်။

Software ပိုင်းမှာ Android Pie နဲ့အသုံးပြုရမှာဖြစ်ပြီး ဘက္ထရီက 4,000 mAh ဖြစ်ပါတယ်။ ထွက်ရှိရက်နဲ့ နီးကပ်နေပြီဖြစ်တဲ့အတွက် Moto One Macro ရဲ့အချက်အလက်အပြည့်အစုံကို မကြာခင်သိရတော့မှာပါ။

Ref – GSM Arena