Zawgyi

Motorola ကို ပိုင္ဆိုင္ထားတဲ့ Lenovo ကုမၸဏီက သူတို႔ရဲ႕ ပထမဦးဆုံး Android One စမတ္ဖုန္းေတြ ျဖစ္တဲ့ Motorola One နဲ႔ Motorola One Power စမတ္ဖုန္းေတြကို IFA 2018 မွာ မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ ေမာ္ဒယ္ ၂မ်ိဴး စလုံးက Android One စမတ္ဖုန္းေတြ ျဖစ္တာေၾကာင့္ Google က အသိအမွတ္ျပဳထားတဲ့ Stock Android (Pure Android) Operating System ေတြကို ထည့္သြင္းေပးထားမွာပါ။ Motorola One နဲ႔ One Power တို႔ဟာ Android 8.1 Oreo နဲ႔အတူ ပြဲထြက္ခဲ့တဲ့ စမတ္ဖုန္းမ်ား ျဖစ္ၾကၿပီး မၾကာခင္မွာ Android 9.0 Pie ကို Upgrade ျပဳလုပ္ႏိုင္မယ္လို႔ သိရပါတယ္။

Motorola One Specifications

Motorola One ရဲ႕ Display အပိုင္းအတြက္ ၅.၉ လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ LCD Display ကို အသုံးျပဳထားၿပီး Resolution ကေတာ့ 1080 x 2160 pixels ရွိမွာပါ။ Processor အပိုင္းအတြက္ Snapdragon 625 SoC ကို အသုံးျပဳထားၿပီး RAM အေနနဲ႔ 4GB ပါဝင္မွာ ျဖစ္ပါတယ္။ Memory Storage ကိုေတာ့ 64GB ထည့္သြင္းေပးထားပါတယ္။ Storage မေလာက္ဘူးဆိုရင္လည္း MicroSD 256GB အထိ ထပ္စိုက္ႏိုင္မွာပါ။

ေနာက္ေက်ာဘက္ ကင္မရာ အပိုင္းအတြက္ 13MP+2MP Camera ေတြကို ေဒါင္လိုက္တပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ 8MP Camera ကို တပ္ဆင္ထားမွာပါ။ Security အပိုင္းအတြက္ Fingerprint Sensor ကိုေတာ့ ေနာက္ေက်ာဘက္မွာ ထည့္သြင္း တပ္ဆင္ေပးထားပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏအေနနဲ႔ 3000mAh ထည့္သြင္းေပးထားၿပီး TurboPower အျမန္အားသြင္းစနစ္ကိုလည္း အသုံးျပဳႏိုင္မွာပါ။

Motorola One Power Specifications

Motorola One Power ရဲ႕ Display အပိုင္းအတြက္ ၆.၂ လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ LCD Display ကို အသုံးျပဳထားၿပီး Resolution ကေတာ့ 1080 x 2246 pixels ရွိမွာပါ။ Processor အပိုင္းအတြက္ Snapdragon 636 SoC ကို အသုံးျပဳထားၿပီး RAM အေနနဲ႔ 4GB ပါဝင္မွာ ျဖစ္ပါတယ္။ Memory Storage ကိုေတာ့ 64GB ထည့္သြင္းေပးထားပါတယ္။ ဒါ့အျပင္ RAM 3GB + Storage 32GB ေမာ္ဒယ္ကိုလည္း ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာပါ။

ေနာက္ေက်ာဘက္ ကင္မရာ အပိုင္းအတြက္ 16MP+5MP Camera ေတြကို ေဒါင္လိုက္တပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ 12MP Camera ကို တပ္ဆင္ထားမွာပါ။ Security အပိုင္းအတြက္ Fingerprint Sensor ကိုေတာ့ ေနာက္ေက်ာဘက္မွာ ထည့္သြင္း တပ္ဆင္ေပးထားပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏအေနနဲ႔ 4850mAh ထည့္သြင္းေပးထားၿပီး TurboPower အျမန္အားသြင္းစနစ္ကိုလည္း အသုံးျပဳႏိုင္မွာပါ။

Motorola One Power ကို အိႏၵိယေငြ ၁၄၀၀၀ ႐ူပီး (ျမန္မာေငြ ၃သိန္း ဝန္းက်င္)နဲ႔ အိႏၵိယႏိုင္ငံမွာ စတင္ေရာင္းခ်သြားႏိုင္ဖြယ္ ရွိပါတယ္။ Motorola One ကေတာ့ ယူ႐ို ၂၉၉ (ျမန္မာေငြ ၅၂၅,၀၀၀ ဝန္းက်င္) က်သင့္ႏိုင္ၿပီး ကမာၻ အႏွံ႔အျပားမွာ ျဖန္႔ခ်ီေရာင္းခ်သြားႏိုင္ဖြယ္ ရွိတယ္လို႔ သိရပါတယ္။

Ref: gsmarena, gadgets.ndtv

Unicode

Motorola ရဲ့ ပထမဦးဆုံး Android One စမတ်ဖုန်းများ

Motorola ကို ပိုင်ဆိုင်ထားတဲ့ Lenovo ကုမ္ပဏီက သူတို့ရဲ့ ပထမဦးဆုံး Android One စမတ်ဖုန်းတွေ ဖြစ်တဲ့ Motorola One နဲ့ Motorola One Power စမတ်ဖုန်းတွေကို IFA 2018 မှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ မော်ဒယ် ၂မျိူး စလုံးက Android One စမတ်ဖုန်းတွေ ဖြစ်တာကြောင့် Google က အသိအမှတ်ပြုထားတဲ့ Stock Android (Pure Android) Operating System တွေကို ထည့်သွင်းပေးထားမှာပါ။ Motorola One နဲ့ One Power တို့ဟာ Android 8.1 Oreo နဲ့အတူ ပွဲထွက်ခဲ့တဲ့ စမတ်ဖုန်းများ ဖြစ်ကြပြီး မကြာခင်မှာ Android 9.0 Pie ကို Upgrade ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။

Motorola One Specifications

Motorola One ရဲ့ Display အပိုင်းအတွက် ၅.၉ လက်မ မျက်နှာပြင် အကျယ်ရှိ LCD Display ကို အသုံးပြုထားပြီး Resolution ကတော့ 1080 x 2160 pixels ရှိမှာပါ။ Processor အပိုင်းအတွက် Snapdragon 625 SoC ကို အသုံးပြုထားပြီး RAM အနေနဲ့ 4GB ပါဝင်မှာ ဖြစ်ပါတယ်။ Memory Storage ကိုတော့ 64GB ထည့်သွင်းပေးထားပါတယ်။ Storage မလောက်ဘူးဆိုရင်လည်း MicroSD 256GB အထိ ထပ်စိုက်နိုင်မှာပါ။

နောက်ကျောဘက် ကင်မရာ အပိုင်းအတွက် 13MP+2MP Camera တွေကို ဒေါင်လိုက်တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 8MP Camera ကို တပ်ဆင်ထားမှာပါ။ Security အပိုင်းအတွက် Fingerprint Sensor ကိုတော့ နောက်ကျောဘက်မှာ ထည့်သွင်း တပ်ဆင်ပေးထားပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏအနေနဲ့ 3000mAh ထည့်သွင်းပေးထားပြီး TurboPower အမြန်အားသွင်းစနစ်ကိုလည်း အသုံးပြုနိုင်မှာပါ။

Motorola One Power Specifications

Motorola One Power ရဲ့ Display အပိုင်းအတွက် ၆.၂ လက်မ မျက်နှာပြင် အကျယ်ရှိ LCD Display ကို အသုံးပြုထားပြီး Resolution ကတော့ 1080 x 2246 pixels ရှိမှာပါ။ Processor အပိုင်းအတွက် Snapdragon 636 SoC ကို အသုံးပြုထားပြီး RAM အနေနဲ့ 4GB ပါဝင်မှာ ဖြစ်ပါတယ်။ Memory Storage ကိုတော့ 64GB ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် RAM 3GB + Storage 32GB မော်ဒယ်ကိုလည်း ရွေးချယ်ဝယ်ယူနိုင်မှာပါ။

နောက်ကျောဘက် ကင်မရာ အပိုင်းအတွက် 16MP+5MP Camera တွေကို ဒေါင်လိုက်တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 12MP Camera ကို တပ်ဆင်ထားမှာပါ။ Security အပိုင်းအတွက် Fingerprint Sensor ကိုတော့ နောက်ကျောဘက်မှာ ထည့်သွင်း တပ်ဆင်ပေးထားပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏအနေနဲ့ 4850mAh ထည့်သွင်းပေးထားပြီး TurboPower အမြန်အားသွင်းစနစ်ကိုလည်း အသုံးပြုနိုင်မှာပါ။

Motorola One Power ကို အိန္ဒိယငွေ ၁၄၀၀၀ ရူပီး (မြန်မာငွေ ၃သိန်း ဝန်းကျင်)နဲ့ အိန္ဒိယနိုင်ငံမှာ စတင်ရောင်းချသွားနိုင်ဖွယ် ရှိပါတယ်။ Motorola One ကတော့ ယူရို ၂၉၉ (မြန်မာငွေ ၅၂၅,၀၀၀ ဝန်းကျင်) ကျသင့်နိုင်ပြီး ကမ္ဘာ အနှံ့အပြားမှာ ဖြန့်ချီရောင်းချသွားနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။

Ref: gsmarena, gadgets.ndtv