[Zawgyi]

ၿပီးခဲ့တဲ့ ဧၿပီလတုန္းကေတာ့ Motorola ဟာ ကုမၸဏီရဲ႕ ပထမဆုံး ေက်ာဘက္ကင္မရာေလးလုံးနဲ႔ စမတ္ဖုန္းကို ထုတ္လုပ္မယ္လို႔ သတင္းထြက္ခဲ့ပါတယ္။ ဒီတုန္းက CAD-base renders ပုံရိပ္ေတြထြက္ခဲ့ၿပီး ျဖစ္ပါတယ္။ ေနာက္ထပ္ႏွစ္လေက်ာ္လာခ်ိန္မွာေတာ့ ကင္မရာေလးလုံးပုံအျပင္ ေနာက္ထပ္ အေရာင္သုံးေရာင္ကိုလည္း ထပ္ၿပီးျမင္ေတြ႕လာရပါတယ္။

ဒီတစ္ခါျမင္ေတြ႕ရတဲ့ ႐ုပ္ပုံေတြမွာေတာ့ Motorola ရဲ႕ ေက်ာဘက္မွာ ကင္မရာေလးလုံးကို အေပၚေအာက္ ႏွစ္လုံးစီဆင့္ၿပီး ေလးေထာင့္ပုံစံ တပ္ဆင္ထားတာကို ေတြ႕ျမင္ရပါတယ္။ ဒီကင္မရာေလးလုံးေအာက္မွာမွ Motorola အမွတ္တံဆိပ္ကို ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။ ဖလက္ရွ္မီးကေတာ့ ကင္မရာေတြ စုစည္းထားတဲ့ေဘာင္ထဲမွာမဟုတ္ဘဲ အျပင္ဘက္မွာ ရွိေနတာကိုေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

မူလတုန္းကေတာ့ Motorola Z4 အေနနဲ႔ ထြက္လာမယ္လို႔ သတင္းထြက္ထားခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ ဒီဖုန္းကို Motorola one Pro အေနနဲ႔ ျဖန႔္ခ်ိဖြယ္ရွိတယ္လို႔ သုံးသပ္ရပါတယ္။ ကနဦးသတင္းေဖာ္ျပခ်က္ေတြမွာေတာ့ မ်က္ႏွာျပင္အ႐ြယ္အစားဟာ 6.2-inch ရွိတယ္လို႔ ဆိုပါတယ္။ အတိုင္းအတာအားျဖင့္ ကင္မရာတပ္ဆင္ထားတာကိုပါ ထည့္တြက္ရင္ 158.7 x 75 x 8.8mm, 9.8mm ရွိတယ္လို႔လည္း သိရပါတယ္။

လက္ရွိေတြ႕ျမင္ရတဲ့ ႐ုပ္ပုံေတြအရေတာ့ 3.5mm headphone jack နဲ႔ USB-C port ေတြပါဝင္မွာ ျဖစ္ပါတယ္။ အဖြင့္အပိတ္ခလုတ္နဲ႔ အသံအတိုးအခ်ဲ႕ခလုတ္ေတြကေတာ့ ေဘးေဘာင္မွာ ရွိေနပါတယ္။ SIM ကတ္ထည့္ဖို႔ေနရာကေတာ့ ဖုန္းရဲ႕ အေပၚဘက္မွာ ရွိေနတယ္လို႔ သိရပါတယ္။ မ်က္ႏွာျပင္မွာေတာ့ Notch နဲ႔အတူ Selfie ကင္မရာတစ္လုံးကို ေတြ႕ျမင္ရပါတယ္။

Motorola One Pro နဲ႔ပတ္သက္ၿပီး အခုအခ်ိန္ထိ ေတြ႕ျမင္သိရွိရေသးတာက Render ပုံရိပ္ေတြပဲ ျဖစ္ပါတယ္။ အသစ္ထြက္လာတဲ့ ပုံရိပ္အရ အေရာင္သုံးမ်ိဳးထြက္လာဖြယ္ ရွိတယ္လို႔ ဆိုရမွာပါ။ အတြင္းအစိတ္အပိုင္းေတြနဲ႔ ပတ္သက္တဲ့အခ်က္အလက္ေတြလည္း ထြက္ေပၚမလာေသးတာေၾကာင့္ ဆက္လက္ေစာင့္ၾကည့္ေနၿပီး ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

ကျောဘက်ကင်မရာ ၄လုံးနဲ့ Motorola One Pro ပုံရိပ်သစ်တွေ ထပ်မံထွက်ပေါ်လာ

ပြီးခဲ့တဲ့ ဧပြီလတုန်းကတော့ Motorola ဟာ ကုမ္ပဏီရဲ့ ပထမဆုံး ကျောဘက်ကင်မရာလေးလုံးနဲ့ စမတ်ဖုန်းကို ထုတ်လုပ်မယ်လို့ သတင်းထွက်ခဲ့ပါတယ်။ ဒီတုန်းက CAD-base renders ပုံရိပ်တွေထွက်ခဲ့ပြီး ဖြစ်ပါတယ်။ နောက်ထပ်နှစ်လကျော်လာချိန်မှာတော့ ကင်မရာလေးလုံးပုံအပြင် နောက်ထပ် အရောင်သုံးရောင်ကိုလည်း ထပ်ပြီးမြင်တွေ့လာရပါတယ်။

ဒီတစ်ခါမြင်တွေ့ရတဲ့ ရုပ်ပုံတွေမှာတော့ Motorola ရဲ့ ကျောဘက်မှာ ကင်မရာလေးလုံးကို အပေါ်အောက် နှစ်လုံးစီဆင့်ပြီး လေးထောင့်ပုံစံ တပ်ဆင်ထားတာကို တွေ့မြင်ရပါတယ်။ ဒီကင်မရာလေးလုံးအောက်မှာမှ Motorola အမှတ်တံဆိပ်ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဖလက်ရှ်မီးကတော့ ကင်မရာတွေ စုစည်းထားတဲ့ဘောင်ထဲမှာမဟုတ်ဘဲ အပြင်ဘက်မှာ ရှိနေတာကိုတွေ့မြင်ရမှာ ဖြစ်ပါတယ်။

မူလတုန်းကတော့ Motorola Z4 အနေနဲ့ ထွက်လာမယ်လို့ သတင်းထွက်ထားခဲ့ပေမယ့် အခုအချိန်မှာတော့ ဒီဖုန်းကို Motorola one Pro အနေနဲ့ ဖြန့်ချိဖွယ်ရှိတယ်လို့ သုံးသပ်ရပါတယ်။ ကနဦးသတင်းဖော်ပြချက်တွေမှာတော့ မျက်နှာပြင်အရွယ်အစားဟာ 6.2-inch ရှိတယ်လို့ ဆိုပါတယ်။ အတိုင်းအတာအားဖြင့် ကင်မရာတပ်ဆင်ထားတာကိုပါ ထည့်တွက်ရင် 158.7 x 75 x 8.8mm, 9.8mm ရှိတယ်လို့လည်း သိရပါတယ်။

လက်ရှိတွေ့မြင်ရတဲ့ ရုပ်ပုံတွေအရတော့ 3.5mm headphone jack နဲ့ USB-C port တွေပါဝင်မှာ ဖြစ်ပါတယ်။ အဖွင့်အပိတ်ခလုတ်နဲ့ အသံအတိုးအချဲ့ခလုတ်တွေကတော့ ဘေးဘောင်မှာ ရှိနေပါတယ်။ SIM ကတ်ထည့်ဖို့နေရာကတော့ ဖုန်းရဲ့ အပေါ်ဘက်မှာ ရှိနေတယ်လို့ သိရပါတယ်။ မျက်နှာပြင်မှာတော့ Notch နဲ့အတူ Selfie ကင်မရာတစ်လုံးကို တွေ့မြင်ရပါတယ်။

Motorola One Pro နဲ့ပတ်သက်ပြီး အခုအချိန်ထိ တွေ့မြင်သိရှိရသေးတာက Render ပုံရိပ်တွေပဲ ဖြစ်ပါတယ်။ အသစ်ထွက်လာတဲ့ ပုံရိပ်အရ အရောင်သုံးမျိုးထွက်လာဖွယ် ရှိတယ်လို့ ဆိုရမှာပါ။ အတွင်းအစိတ်အပိုင်းတွေနဲ့ ပတ်သက်တဲ့အချက်အလက်တွေလည်း ထွက်ပေါ်မလာသေးတာကြောင့် ဆက်လက်စောင့်ကြည့်နေပြီး ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Ref: GSMArena