[Zawgyi]

အခုတေလာ Motorola One Vision ဖုန္းနဲ႔ပတ္သက္တဲ့ သတင္းေတြ ခပ္စိတ္စိတ္ၾကားလာရပါၿပီ။ ဒီဖုန္းကို Geekbench မွာျမင္ခဲ့ရၿပီးေနာက္ Specs တစ္ခ်ဳိ႕ကို သိခြင့္ရခဲ့ပါတယ္။ ေမာ္ဒယ္နံပါတ္ XT1970-1 နဲ႔ ထြက္လာတဲ့ဖုန္းဟာ Android Pie အသုံးျပဳထားခဲ့ပါတယ္။

ယေန႔မွာေတာ့ Motorola One Vision ဟန္းဆက္ရဲ႕ တရားဝင္ Render ပုံရိပ္ကိုပါ ျမင္ေတြ႕ခြင့္ရခဲ့ၿပီး သူ႕ရဲ႕ ဒီဇုိင္းအေနအထားကို ထပ္ျမင္ရပါၿပီ။ ပုံမွာေတြ႕တဲ့အတုိင္း ဟန္းဆက္အသစ္ဟာ Punch-hole ကင္မရာနဲ႔ Display ပါဝင္ကာ ဆယ္ဖီကင္မရာပါတဲ့ Hole ေလးကို မ်က္ႏွာျပင္ရဲ႕ အေပၚဘယ္ဘက္မွာ ထားထားပါတယ္။ Display ေဘးက Bezel ေဘာင္ေတြက ပါးလႊာၿပီး ေအာက္ဘက္ Chin ကေတာ့ အနည္းငယ္ပိုထူတာကို ေတြ႕ရမွာပါ။

ေက်ာဘက္ကိုသြားရင္ေတာ့ ဘယ္ဘက္မွာ Dual-camera ကိုေဒါင္လုိက္ထားထားတာကို ေတြ႕ရမွာပါ။ ကင္မရာရဲ႕ေဘးမွာရွိတဲ့ စာအရေတာ့ ကင္မရာႏွစ္ခုအနက္ တစ္ခုဟာ 48MP ျဖစ္မယ္လို႔ ယူဆရပါတယ္။ ဖုန္းရဲ႕ ေနာက္ဘက္က စုိစြတ္အေရာင္လက္ေနၿပီး Motorola ရဲ႕အမွတ္တံဆိပ္လုိဂုိေလးမွာ Fingerprint ပါ တပ္ဆင္ထားမွာပါ။ ေအာက္မွာေတာ့ Android One အမွတ္တံဆိပ္ကို ေတြ႕ရပါတယ္။

ဒီပုံကေန ထပ္သိရတာက One Vision ဖုန္းဟာ USB-C Port နဲ႔ထြက္လာမွာျဖစ္ကာ သူ႕ရဲ႕ေဘးမွာ မုိက္ကရုိဖုန္းနဲ႔ စပီကာေပါက္ေတြ ရွိပါတယ္။ Audio Jack ေပါက္ကို မေတြ႕ရတဲ့အတြက္ Motorola က 3.5mm Jack ကို ထားခဲ့ဖို႔ ဆုံးျဖတ္ခဲ့ပုံပါပဲ။ Lockscreen ေပၚမွာေတာ့ ဧၿပီ ၃ ရက္ဆုိတဲ့ ေန႔စြဲကိုေတြ႕ရၿပီး တရားဝင္ မိတ္ဆက္လာမယ့္ ရက္ျဖစ္မယ္လို႔ ထင္ရပါတယ္။

Motorola One Vision ဟန္းဆက္ဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာက Leak ျဖစ္ခဲ့တဲ့ P40 ဖုန္းနဲ႔ တူေနတာကို ေတြ႕ရၿပီး One Vision နဲ႔ P40 ဆုိတာဟာ ဖုန္းတစ္လုံးထဲကို မတူညီတဲ့ ေစ်းကြက္ေတြမွာေရာင္းခ်မယ့္ နာမည္ခြဲေတြသာ ျဖစ္ႏုိင္ပါတယ္။ P40 ဖုန္းကို တရုတ္ျပည္တြင္းေစ်းကြက္သီးသန္႔သာ ထုတ္လာၿပီး က်န္တဲ့ ႏုိင္ငံတကာေစ်းကြက္ကို One Vision အမည္နဲ႔ ျဖန္႔ခ်ိမယ့္သေဘာပါပဲ။

Ref – GSM Arena

[Unicode]

အခုတလော Motorola One Vision ဖုန်းနဲ့ပတ်သက်တဲ့ သတင်းတွေ ခပ်စိတ်စိတ်ကြားလာရပါပြီ။ ဒီဖုန်းကို Geekbench မှာမြင်ခဲ့ရပြီးနောက် Specs တစ်ချို့ကို သိခွင့်ရခဲ့ပါတယ်။ မော်ဒယ်နံပါတ် XT1970-1 နဲ့ ထွက်လာတဲ့ဖုန်းဟာ Android Pie အသုံးပြုထားခဲ့ပါတယ်။

ယနေ့မှာတော့ Motorola One Vision ဟန်းဆက်ရဲ့ တရားဝင် Render ပုံရိပ်ကိုပါ မြင်တွေ့ခွင့်ရခဲ့ပြီး သူ့ရဲ့ ဒီဇိုင်းအနေအထားကို ထပ်မြင်ရပါပြီ။ ပုံမှာတွေ့တဲ့အတိုင်း ဟန်းဆက်အသစ်ဟာ Punch-hole ကင်မရာနဲ့ Display ပါဝင်ကာ ဆယ်ဖီကင်မရာပါတဲ့ Hole လေးကို မျက်နှာပြင်ရဲ့ အပေါ်ဘယ်ဘက်မှာ ထားထားပါတယ်။ Display ဘေးက Bezel ဘောင်တွေက ပါးလွှာပြီး အောက်ဘက် Chin ကတော့ အနည်းငယ်ပိုထူတာကို တွေ့ရမှာပါ။

ကျောဘက်ကိုသွားရင်တော့ ဘယ်ဘက်မှာ Dual-camera ကိုဒေါင်လိုက်ထားထားတာကို တွေ့ရမှာပါ။ ကင်မရာရဲ့ဘေးမှာရှိတဲ့ စာအရတော့ ကင်မရာနှစ်ခုအနက် တစ်ခုဟာ 48MP ဖြစ်မယ်လို့ ယူဆရပါတယ်။ ဖုန်းရဲ့ နောက်ဘက်က စိုစွတ်အရောင်လက်နေပြီး Motorola ရဲ့အမှတ်တံဆိပ်လိုဂိုလေးမှာ Fingerprint ပါ တပ်ဆင်ထားမှာပါ။ အောက်မှာတော့ Android One အမှတ်တံဆိပ်ကို တွေ့ရပါတယ်။

ဒီပုံကနေ ထပ်သိရတာက One Vision ဖုန်းဟာ USB-C Port နဲ့ထွက်လာမှာဖြစ်ကာ သူ့ရဲ့ဘေးမှာ မိုက်ကရိုဖုန်းနဲ့ စပီကာပေါက်တွေ ရှိပါတယ်။ Audio Jack ပေါက်ကို မတွေ့ရတဲ့အတွက် Motorola က 3.5mm Jack ကို ထားခဲ့ဖို့ ဆုံးဖြတ်ခဲ့ပုံပါပဲ။ Lockscreen ပေါ်မှာတော့ ဧပြီ ၃ ရက်ဆိုတဲ့ နေ့စွဲကိုတွေ့ရပြီး တရားဝင် မိတ်ဆက်လာမယ့် ရက်ဖြစ်မယ်လို့ ထင်ရပါတယ်။

Motorola One Vision ဟန်းဆက်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာက Leak ဖြစ်ခဲ့တဲ့ P40 ဖုန်းနဲ့ တူနေတာကို တွေ့ရပြီး One Vision နဲ့ P40 ဆိုတာဟာ ဖုန်းတစ်လုံးထဲကို မတူညီတဲ့ ဈေးကွက်တွေမှာရောင်းချမယ့် နာမည်ခွဲတွေသာ ဖြစ်နိုင်ပါတယ်။ P40 ဖုန်းကို တရုတ်ပြည်တွင်းဈေးကွက်သီးသန့်သာ ထုတ်လာပြီး ကျန်တဲ့ နိုင်ငံတကာဈေးကွက်ကို One Vision အမည်နဲ့ ဖြန့်ချိမယ့်သဘောပါပဲ။

Ref – GSM Arena