Android One ပါတဲ့ Motorola One Vision ကို ၂၀၁၉ ခုနှစ် မေလမှာ ကြေညာခဲ့ပြီး အခုတော့ Motorola One Vision Plus ကို Android Enterprise Recommended Page မှာ တွေ့လာရပါတယ်။ အဲဒီမှာ Specs တချို့ကို ဖော်ပြထားပြီး ၆.၃ လက်မ မျက်နှာပြင်ပါလာမှာပါ။ 4GB RAM နဲ့ 64GB Storage ထည့်သွင်းထားပြီး Android 9.0 Pie ထည့်ထားပါတယ်။ Contactless Payments အတွက် NFC ထောက်ပံ့ထားပါတယ်။

အဲဒီမှာ စမတ်ဖုန်းရဲ့ ဓါတ်ပုံ ၁ ပုံကို ဖော်ပြထားပေမယ့် Motorola One Vision Plus နဲ့ Specs တွေတူတဲ့ Moto G8 Plus ရဲ့ ဓါတ်ပုံ ဖြစ်ပါတယ်။ Motorola One Vision Plus မဟုတ်ဘဲ ဒိတ်အောက်နေတဲ့ Software ပါတဲ့ Moto G8 Plus လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မကြာခင်ကထွက်ပေါ်ခဲ့တဲ့ သတင်းအရ ကွဲပြားတဲ့ စမတ်ဖုန်း ဖြစ်မှာပါ။

အရင်က ရောင်းထားတဲ့ Motorola One Vision မှာ Samsung Exynos 9609 Chipset မောင်းနှင်ထားပါတယ်။ Plus Version ဟာ Moto G8 Plus နဲ့ Specs တွေ တူညီတဲ့အတွက် Snapdragon 665 Chipset နဲ့ သူ့ထက်မြင့်တဲ့ Chipset ပါလာမှာပါ။ Galaxy A51 , Galaxy M31 နဲ့ Galaxy M21 တို့မှာလို Exynos 9611 ပါလာနိုင်ပါတယ်။ လာမယ့် ရက်ပိုင်းအတွင်းမှာ အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက်တွေကို ပိုမိုသိလာရတော့မှာပါ။

Ref : gizmochina