[Zawgyi]

Motorola One Vision ရဲ႕ အခ်က္အလက္ေတြဟာ အြန္လိုင္းေပၚမွာ ထပ္မံ ထြက္ေပၚလာျပန္ပါၿပီ။ ၿပီးခဲ့တဲ့ တပတ္တုန္းကလည္း Geekbench ဝက္ဆိုက္မွာ Motorola P40 နာမည္နဲ႔ ထြက္ေပၚခဲ့ဖူးပါတယ္။ ဒါ့ေၾကာင့္ Motorola One Vision ရဲ႕ Global ဗားရွင္းဟာ Motorola P40 ျဖစ္ႏိုင္တယ္လို႔ ယူဆရပါတယ္။

ဒီတစ္ေခါက္ ထြက္ေပၚလာတဲ့ Motorola One Vision ရဲ႕ အခ်က္အလက္ေတြဟာ XDA-Developers ကေန တစ္ဆင့္ ထြက္ေပၚခဲ့တာျဖစ္ၿပီး၊ ပိုမိုျပည့္စုံတဲ့ အခ်က္အလက္ေတြ ပါဝင္လာခဲ့ပါတယ္။ One Vision ရဲ႕ လ်ိဴ႕ဝွက္နာမည္က “Robusta2” ျဖစ္ၿပီး Samsung ရဲ႕ Exynos 9610 SoC (10nm) ကို အသုံးျပဳထားတယ္လို႔ သိရပါတယ္။ RAM အေနနဲ႔ 3GB, 4GB ဆိုၿပီး ၂မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာျဖစ္သလို Memory Storage ကိုလည္း 32GB, 64GB နဲ႔ 128GB ဆိုၿပီး ၃မ်ိဴး ထုတ္လုပ္ထားႏိုင္ပါတယ္။

Display အပိုင္းအတြက္ Resolution 1080 x 2520 pixels ရွိတဲ့ 6.2” LCD Display ကို အသုံးျပဳထားႏိုင္ပါတယ္။ 48MP Sensor ကို ေနာက္ေက်ာဘက္မွာ Main Camera အျဖစ္ တပ္ဆင္ထားတယ္လို႔ ၾကားသိရေပမယ့္ Secondary Camera က ဘာျဖစ္မလဲဆိုတာကိုေတာ့ အတိအက် မသိရေသးပါဘူး။ ဒါေပမယ့္ Video 3D HDR နဲ႔ Long Exposure လိုမ်ိဴး Camera Features အသစ္ေတြ ပါဝင္လာႏိုင္ပါတယ္။ Selfie Camera ကို Punch-hole Display ထဲမွာ ထည့္သြင္းတပ္ဆင္ထားႏိုင္ၿပီး Fingerprint Sensor ကိုေတာ့ ေနာက္ေက်ာဘက္မွာ တပ္ဆင္ထားမွာပါ။


Motorola One Vision နဲ႔ ပတ္သတ္ၿပီး မိတ္ဆက္မယ့္ေန႔၊ ေစ်းႏႈန္းနဲ႔ ဘက္ထရီ ပမာဏေတြကို အတိအက် မသိရေသးေပမယ့္ သိပ္မၾကာခင္မွာ တရားဝင္ မိတ္ဆက္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref : Gizmochina

[Unicode]

Samsung ရဲ့ Exynos 9610 SoC အသုံးပြုထားမယ့် Motorola One Vision ကို မကြာခင်မြင်တွေ့နိုင်ဖွယ်ရှိ

Motorola One Vision ရဲ့ အချက်အလက်တွေဟာ အွန်လိုင်းပေါ်မှာ ထပ်မံ ထွက်ပေါ်လာပြန်ပါပြီ။ ပြီးခဲ့တဲ့ တပတ်တုန်းကလည်း Geekbench ဝက်ဆိုက်မှာ Motorola P40 နာမည်နဲ့ ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါ့ကြောင့် Motorola One Vision ရဲ့ Global ဗားရှင်းဟာ Motorola P40 ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

ဒီတစ်ခေါက် ထွက်ပေါ်လာတဲ့ Motorola One Vision ရဲ့ အချက်အလက်တွေဟာ XDA-Developers ကနေ တစ်ဆင့် ထွက်ပေါ်ခဲ့တာဖြစ်ပြီး၊ ပိုမိုပြည့်စုံတဲ့ အချက်အလက်တွေ ပါဝင်လာခဲ့ပါတယ်။ One Vision ရဲ့ လျိူ့ဝှက်နာမည်က “Robusta2” ဖြစ်ပြီး Samsung ရဲ့ Exynos 9610 SoC (10nm) ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ RAM အနေနဲ့ 3GB, 4GB ဆိုပြီး ၂မျိူး ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်သလို Memory Storage ကိုလည်း 32GB, 64GB နဲ့ 128GB ဆိုပြီး ၃မျိူး ထုတ်လုပ်ထားနိုင်ပါတယ်။

Display အပိုင်းအတွက် Resolution 1080 x 2520 pixels ရှိတဲ့ 6.2” LCD Display ကို အသုံးပြုထားနိုင်ပါတယ်။ 48MP Sensor ကို နောက်ကျောဘက်မှာ Main Camera အဖြစ် တပ်ဆင်ထားတယ်လို့ ကြားသိရပေမယ့် Secondary Camera က ဘာဖြစ်မလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် Video 3D HDR နဲ့ Long Exposure လိုမျိူး Camera Features အသစ်တွေ ပါဝင်လာနိုင်ပါတယ်။ Selfie Camera ကို Punch-hole Display ထဲမှာ ထည့်သွင်းတပ်ဆင်ထားနိုင်ပြီး Fingerprint Sensor ကိုတော့ နောက်ကျောဘက်မှာ တပ်ဆင်ထားမှာပါ။


Motorola One Vision နဲ့ ပတ်သတ်ပြီး မိတ်ဆက်မယ့်နေ့၊ စျေးနှုန်းနဲ့ ဘက်ထရီ ပမာဏတွေကို အတိအကျ မသိရသေးပေမယ့် သိပ်မကြာခင်မှာ တရားဝင် မိတ်ဆက်လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref : Gizmochina