[Zawgyi]

Motorola P40 မွာ Samsung ရဲ႕ Exynos SoC ေတြကို အသုံးျပဳထားတယ္ဆိုတဲ့ သတင္းက လြန္ခဲ့တဲ့ရက္ပိုင္းေတြ ကတည္းက ထြက္ေပၚေနတာ ျဖစ္ပါတယ္။ ဒါေပမယ့္ အဲ့ဒီအခ်ိန္တုန္းက SoC ရဲ႕ ေမာ္ဒယ္နံပါတ္ကို အတိအက် မသိခဲ့ရပါဘူး။ ဒါ့အျပင္ တခ်ိဴ႕ကလည္း Snapdragon 675 SoC ကို အသုံးျပဳထားတယ္လို႔ ေျပာဆိုေနၾကပါေသးတယ္။ ဒီေန႔မွာေတာ့ 91mobiles ရဲ႕ ေက်းဇူးေၾကာင့္ Motorola P40 မွာ Exynos 9610 SoC ကို အသုံးျပဳထားမယ္ဆိုတာ သိခဲ့ရပါၿပီ။

Exynos 9610 SoC ဟာ 10nm Architecture အေပၚမွာ အေျခခံၿပီးတည္ေဆာက္ထားတဲ့ Samsung ရဲ႕ Exynos 7 စီးရီး Premium Mid-range Processor အမ်ိဴးအစားျဖစ္ၿပီး ၂၀၁၈ခုႏွစ္ အေစာပိုင္းတုန္းက ထြက္ရွိခဲ့တာ ျဖစ္ပါတယ္။ Motorola P40 မွာ အဆိုပါ SoC ကို အသုံးျပဳထားၿပီး RAM 3GB + Storage 32GB , RAM 4GB + Storage 64GB နဲ႔ RAM 4GB + Storage 128GB ဆိုၿပီး ေမာ္ဒယ္ ၃မ်ိဴး ထုတ္လုပ္ထားတယ္လို႔ သိရပါတယ္။

Selfie Camera ကို Punch Hole Display ထဲမွာ ထည့္သြင္းတပ္ဆင္ထားမွာျဖစ္ၿပီး Camera Sensor အမ်ိဴးအစားကိုေတာ့ အတိအက် မသိရေသးပါဘူး။ ဒါေပမယ့္ ေက်ာဘက္မွာေတာ့ Dual Camera Setup ကို အသုံးျပဳထားမွာျဖစ္ၿပီး 48MP Camera နဲ႔ 5MP Camera ေတြကို တြဲလ်က္ တပ္ဆင္ထားတယ္လို႔ သိရပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏအေနနဲ႔ 3500mAh ပါဝင္ႏိုင္ၿပီး Motorola P30 တုန္းကလိုမ်ိဴး Android One OS ကို အသုံးျပဳထားႏိုင္ပါတယ္။ Motorola ကုမၸဏီကို ပိုင္ဆိုင္ထားတဲ့ Lenovo ဟာ P30 မွာတုန္းက တ႐ုတ္ႏိုင္ငံမွာပဲ ထုတ္လုပ္ေရာင္းခ်ခဲ့ေပမယ့္ ယခု P40 မွာေတာ့ တ႐ုတ္ႏိုင္ငံအျပင္ တျခားႏိုင္ငံေတြပါ ေရာင္းခ်သြားႏိုင္ဖြယ္ ရွိပါတယ္။

Ref : Gizmochina

[Unicode]

Samsung ရဲ့ Exynos 9610 SoC တွေကို အသုံးပြုထားမယ့် Motorola P40

Motorola P40 မှာ Samsung ရဲ့ Exynos SoC တွေကို အသုံးပြုထားတယ်ဆိုတဲ့ သတင်းက လွန်ခဲ့တဲ့ရက်ပိုင်းတွေ ကတည်းက ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက SoC ရဲ့ မော်ဒယ်နံပါတ်ကို အတိအကျ မသိခဲ့ရပါဘူး။ ဒါ့အပြင် တချိူ့ကလည်း Snapdragon 675 SoC ကို အသုံးပြုထားတယ်လို့ ပြောဆိုနေကြပါသေးတယ်။ ဒီနေ့မှာတော့ 91mobiles ရဲ့ ကျေးဇူးကြောင့် Motorola P40 မှာ Exynos 9610 SoC ကို အသုံးပြုထားမယ်ဆိုတာ သိခဲ့ရပါပြီ။

Exynos 9610 SoC ဟာ 10nm Architecture အပေါ်မှာ အခြေခံပြီးတည်ဆောက်ထားတဲ့ Samsung ရဲ့ Exynos 7 စီးရီး Premium Mid-range Processor အမျိူးအစားဖြစ်ပြီး ၂၀၁၈ခုနှစ် အစောပိုင်းတုန်းက ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ Motorola P40 မှာ အဆိုပါ SoC ကို အသုံးပြုထားပြီး RAM 3GB + Storage 32GB , RAM 4GB + Storage 64GB နဲ့ RAM 4GB + Storage 128GB ဆိုပြီး မော်ဒယ် ၃မျိူး ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။

Selfie Camera ကို Punch Hole Display ထဲမှာ ထည့်သွင်းတပ်ဆင်ထားမှာဖြစ်ပြီး Camera Sensor အမျိူးအစားကိုတော့ အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် ကျောဘက်မှာတော့ Dual Camera Setup ကို အသုံးပြုထားမှာဖြစ်ပြီး 48MP Camera နဲ့ 5MP Camera တွေကို တွဲလျက် တပ်ဆင်ထားတယ်လို့ သိရပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏအနေနဲ့ 3500mAh ပါဝင်နိုင်ပြီး Motorola P30 တုန်းကလိုမျိူး Android One OS ကို အသုံးပြုထားနိုင်ပါတယ်။ Motorola ကုမ္ပဏီကို ပိုင်ဆိုင်ထားတဲ့ Lenovo ဟာ P30 မှာတုန်းက တရုတ်နိုင်ငံမှာပဲ ထုတ်လုပ်ရောင်းချခဲ့ပေမယ့် ယခု P40 မှာတော့ တရုတ်နိုင်ငံအပြင် တခြားနိုင်ငံတွေပါ ရောင်းချသွားနိုင်ဖွယ် ရှိပါတယ်။

Ref : Gizmochina