[Zawgyi]

Motorola P40 စမတ္ဖုန္းဟာ ၿပီးခဲ့တဲ့ရက္ပုိင္းအတြင္းမွာ Render ပုံရိပ္ေတြ၊ သတင္းေတြ ထြက္ေပၚေနခဲ့ၿပီး ယေန႔မွာေတာ့ Specs အခ်ဳိ႕ပါ အတည္ျပဳလာႏိုင္ခဲ့ပါၿပီ။

ဒီဖုန္းမွာ Qualcomm ရဲ႕အသစ္စက္စက္ Snapdragon 675 ခ်စ္ပ္ဆက္ကို အသုံးျပဳထားၿပီး ဒီ Soc ဟာ Redmi ရဲ႕ဖုန္းအသစ္ဆီမွာလည္း CPU အသစ္နဲ႔ ပါဝင္လာမွာျဖစ္ပါတယ္။ ေရွ႕ဘက္ Screen မွာေတာ့ Infinity-O Display ဒီဇုိင္းကို ေစာေစာစီးစီးပဲ သုံးလာၿပီး ကင္မရာအေပါက္ေလးထဲမွာ 12MP f/1.8 Lens နဲ႔ဆယ္ဖီကင္မရာ ပါဝင္မွာပါ။

P40 ရဲ႕ Display ကေတာ့ 6.2” လက္မအရြယ္ HD+ IPS Display ျဖစ္ၿပီး မန္မုိရီပုိင္းမွာ 6GB RAM မန္မုိရီနဲ႔ 64 GB / 128GB Storage ပမာဏ ပါဝင္မွာပါ။ AI နည္းပညာပါဝင္တဲ့ 48MegaPixel အဓိက ကင္မရာႀကီးဟာ f/1.75 Aperture ရွိၿပီး ပုံရိပ္ေတြ ရုပ္လုံးပိုၾကြဖို႔ 5MP Depth Sensor လည္း ပါဝင္ပါတယ္။ Redmi ဖုန္းအသစ္မွာလည္း 48MP ကင္မရာတစ္လုံး ပါဝင္မွာပါ။

Motorola P40 ဟာ Android 9.0 Pie ကို တုိက္ရုိက္အသုံးျပဳလာမွာျဖစ္ၿပီး 4,132 mAh ဘကၳရီႀကီး ပါဝင္ပါတယ္။ ထြက္ရွိမယ့္ရက္နဲ႔ ေစ်းႏႈန္း စတာေတြကိုေတာ့ မသိရေသးပါဘူး။

Ref – GSM Arena

[Unicode]

Motorola P40 စမတ်ဖုန်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ Render ပုံရိပ်တွေ၊ သတင်းတွေ ထွက်ပေါ်နေခဲ့ပြီး ယနေ့မှာတော့ Specs အချို့ပါ အတည်ပြုလာနိုင်ခဲ့ပါပြီ။

ဒီဖုန်းမှာ Qualcomm ရဲ့အသစ်စက်စက် Snapdragon 675 ချစ်ပ်ဆက်ကို အသုံးပြုထားပြီး ဒီ Soc ဟာ Redmi ရဲ့ဖုန်းအသစ်ဆီမှာလည်း CPU အသစ်နဲ့ ပါဝင်လာမှာဖြစ်ပါတယ်။ ရှေ့ဘက် Screen မှာတော့ Infinity-O Display ဒီဇိုင်းကို စောစောစီးစီးပဲ သုံးလာပြီး ကင်မရာအပေါက်လေးထဲမှာ 12MP f/1.8 Lens နဲ့ဆယ်ဖီကင်မရာ ပါဝင်မှာပါ။

P40 ရဲ့ Display ကတော့ 6.2” လက်မအရွယ် HD+ IPS Display ဖြစ်ပြီး မန်မိုရီပိုင်းမှာ 6GB RAM မန်မိုရီနဲ့ 64 GB / 128GB Storage ပမာဏ ပါဝင်မှာပါ။ AI နည်းပညာပါဝင်တဲ့ 48MegaPixel အဓိက ကင်မရာကြီးဟာ f/1.75 Aperture ရှိပြီး ပုံရိပ်တွေ ရုပ်လုံးပိုကြွဖို့ 5MP Depth Sensor လည်း ပါဝင်ပါတယ်။ Redmi ဖုန်းအသစ်မှာလည်း 48MP ကင်မရာတစ်လုံး ပါဝင်မှာပါ။

Motorola P40 ဟာ Android 9.0 Pie ကို တိုက်ရိုက်အသုံးပြုလာမှာဖြစ်ပြီး 4,132 mAh ဘက္ထရီကြီး ပါဝင်ပါတယ်။ ထွက်ရှိမယ့်ရက်နဲ့ ဈေးနှုန်း စတာတွေကိုတော့ မသိရသေးပါဘူး။

Ref – GSM Arena