Motorola Razr 2019 ကို ပြီးခဲ့တဲ့ နိုဝင်ဘာလက ကြေညာခဲ့ပြီး အိန္ဒိယမှာ မတ်လမှာ မိတ်ဆက်ခဲ့ပါတယ်။  အိန္ဒိယမှာ ဧပြီလ ၂ ရက်နေ့ ရောင်းဖို့ စီစဉ်ထားပေမယ့် ကိုရိုနာဗိုင်းရက်စ်ကြောင့် အစိုးရက တစ်နိုင်ငံလုံး Lockdown လုပ်ထားတဲ့အတွက် ရောင်းချဖို့ အချိန်ကြန့်ကြာခဲ့ပါတယ်။

အခုတော့ အိန္ဒိယက အွန်လိုင်းအခြေပြု ကုမ္ပဏီတွေဟာ စားသောက်ကုန် မဟုတ်တဲ့ ကုန်ပစ္စည်းတွေကိုပါ ပို့ဆောင်ခွင့်ရသွားကြပါပြီ။ အဲဒီအတွက် Motorola ကလည်း အိန္ဒိယမှာ Razr 2019 ကို ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၁၂၄,၉၉၉ သတ်မှတ်ထားပြီး မြန်မာငွေ ၂၃ သိန်းလောက်ရှိပါတယ်။ Flipkart ကနေ ဝယ်ယူနိုင်ပြီး Noir Black အရောင် ထုတ်လုပ်ပေးထားပါတယ်။

Motorola Razr 2019 မှာ Snapdragon 710 SoC မောင်းနှင်ထားပြီး 6GB RAM နဲ့ 128GB Storage ပါပါတယ်။ ဒါပေမယ့် ဒိတ်အောက်နေတဲ့ Android Pie ပါလာပြီး အခုထိ Android 10 Update မရသေးပါဘူး။ ၆.၂ လက်မ 2142x876p မျက်နှာပြင်ထည့်သွင်းထားပြီး အပြင်ဘက်မှာ ၂.၇ လက်မ 800x600p အပို မျက်နှာပြင်ငယ် ပါလာပါတယ်။

Razr 2019 မှာ 16MP Main ကင်မရာနဲ့ ToF Sensor ထည့်သွင်းထားပြီး ဆဲလ်ဖီးနဲ့ Video Call အတွက် 5MP ပါပါတယ်။ 2,510mAh ဘက်ထရီ ထည့်သွင်းထားပြီး 15W Charging ထောက်ပံ့ထားပါတယ်။

Ref : gsmarena