[Zawgyi]

ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ Motorola Foldable Phone ျဖစ္တဲ့ Razr ရဲ႕ ဓါတ္ပံုေတြ ထြက္ေပၚခဲ့ပါတယ္။ အခုေတာ့ Evan Blass က အဲဒီ စမတ္ဖုန္းရဲ႕ ဓါတ္ပံု ၅ ပံုကို မွ်ေ၀လိုက္ပါတယ္။ ၃ ပံုမွာ ဖုန္းကို ေခါက္ခ်ိဳးထားတာ ျမင္ရၿပီး အျပင္ဘက္ မ်က္ႏွာျပင္ရဲ႕ အလုပ္လုပ္ပံုကို ေသခ်ာေလ့လာႏုိင္ပါတယ္။ ၂၀၀၄ ခုႏွစ္က ထုတ္ခဲ့တဲ့ Razr V3 မွာလို အရြယ္ေသး အျပင္ဘက္ မ်က္ႏွာျပင္ကေန Notification နဲ႔ Time/Date ေတြကို ရိႈးလို႔ရပါတယ္။ ဒါ့အျပင္ ၁ လံုးထဲပါတဲ့ ပင္မကင္မရာရဲ႕ Viewfinder လိုလည္း အသံုးျပဳႏုိင္ပါတယ္။

တျခား ဓါတ္ပံုေတြမွာ စမတ္ဖုန္းကို ျဖန္႔ထားတာကို ျပသထားပါတယ္။ ပင္မ မ်က္ႏွာျပင္ကို အလယ္ကေန ေခါက္ခ်ိဳးႏိုင္တာျမင္ရပါတယ္။ Motorola Razr ဟာ အရင္က ေခါက္ခ်ိဳး ဖုန္းေတြလို ေဒါင္လိုက္ ေခါက္ခ်ိဳး အသံုးျပဳရတာ ျဖစ္ေပမယ့္ ေခါက္ခ်ိးႏိုင္တဲ့ မ်က္ႏွာျပင္ တပ္ဆင္ထားတာ ျဖစ္ပါတယ္။ ပင္မ မ်က္ႏွာျပင္ရဲ႕ အရြယ္အစားက ၆.၂ လက္မ ျဖစ္ပါတယ္။

မ်က္ႏွာျပင္ရဲ႕ အထက္က Notch ကိုလည္း ရွင္းရွင္းလင္းလင္း ျမင္ရပါတယ္။ မ်က္ႏွာျပင္ရဲ႕ ေအာက္က ေဘာင္ကေတာ့ ေတာ္ေတာ္ထူၿပီး အဲဒီမွာ လက္ေဗြရာ အာရံုခံ ကိရိယာ တပ္ဆင္ထားႏိုင္ပါတယ္။ Motorola Razr ကို ႏို၀င္ဘာလ ၁၃ ရက္ေန႔မွာ ေၾကညာမယ္လို႔ ထင္ပါတယ္။ အဲဒီ စမတ္ဖုန္းရဲ႕ တျခား Specifications ေတြကို မသိရေသးပါဘူး။ မၾကာခင္မွာ အဲဒီ စမတ္ဖုန္းရဲ႕ သတင္းအခ်က္အလက္ေတြကို ပိုၿပီးသိလာရေတာ့မယ္ ထင္ပါတယ္။

Ref : gsmarena

[Unicode]

Motorola Razr 2019 ရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာ

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Motorola Foldable Phone ဖြစ်တဲ့ Razr ရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်ခဲ့ပါတယ်။ အခုတော့ Evan Blass က အဲဒီ စမတ်ဖုန်းရဲ့ ဓါတ်ပုံ ၅ ပုံကို မျှဝေလိုက်ပါတယ်။ ၃ ပုံမှာ ဖုန်းကို ခေါက်ချိုးထားတာ မြင်ရပြီး အပြင်ဘက် မျက်နှာပြင်ရဲ့ အလုပ်လုပ်ပုံကို သေချာလေ့လာနိုင်ပါတယ်။ ၂၀၀၄ ခုနှစ်က ထုတ်ခဲ့တဲ့ Razr V3 မှာလို အရွယ်သေး အပြင်ဘက် မျက်နှာပြင်ကနေ Notification နဲ့ Time/Date တွေကို ရှိုးလို့ရပါတယ်။ ဒါ့အပြင် ၁ လုံးထဲပါတဲ့ ပင်မကင်မရာရဲ့ Viewfinder လိုလည်း အသုံးပြုနိုင်ပါတယ်။

တခြား ဓါတ်ပုံတွေမှာ စမတ်ဖုန်းကို ဖြန့်ထားတာကို ပြသထားပါတယ်။ ပင်မ မျက်နှာပြင်ကို အလယ်ကနေ ခေါက်ချိုးနိုင်တာမြင်ရပါတယ်။ Motorola Razr ဟာ အရင်က ခေါက်ချိုး ဖုန်းတွေလို ဒေါင်လိုက် ခေါက်ချိုး အသုံးပြုရတာ ဖြစ်ပေမယ့် ခေါက်ချိးနိုင်တဲ့ မျက်နှာပြင် တပ်ဆင်ထားတာ ဖြစ်ပါတယ်။ ပင်မ မျက်နှာပြင်ရဲ့ အရွယ်အစားက ၆.၂ လက်မ ဖြစ်ပါတယ်။

မျက်နှာပြင်ရဲ့ အထက်က Notch ကိုလည်း ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။ မျက်နှာပြင်ရဲ့ အောက်က ဘောင်ကတော့ တော်တော်ထူပြီး အဲဒီမှာ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားနိုင်ပါတယ်။ Motorola Razr ကို နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ကြေညာမယ်လို့ ထင်ပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ တခြား Specifications တွေကို မသိရသေးပါဘူး။ မကြာခင်မှာ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေကို ပိုပြီးသိလာရတော့မယ် ထင်ပါတယ်။

Ref : gsmarena