Motorola Razr 2020 သို့မဟုတ် Razr 5G လို့ ခေါ်ဆိုလာမယ့် စမတ်ဖုန်းဟာ သူ့ရဲ့ မျိုးဆက်ဟောင်းနဲ့ ယှဉ်ရင် ဘက္ထရီနဲ့ အားသွင်းစနစ်ပိုင်းမှာ အနည်းငယ်သာ တိုးတက်လာမှာပါ။

ယနေ့မှာ TUV Rheinland အတည်ပြုချက် ရယူလာကြောင်း ထွက်ပေါ်ခဲ့တဲ့ Motorola ရဲ့ ဒုတိယမျိုးဆက် Foldable ဟန်းဆက်ရဲ့ အားသွင်းစနစ်ဆိုင်ရာ အချက်အလက်တွေ ထွက်ပေါ်လာခဲ့ပြီး သူ့မှာ 2,633 mAh ဘက္ထရီနဲ့ 18W အားသွင်းစနစ်တို့ ပါဝင်လာတာကို တွေ့ရပါတယ်။

Motorola Razr 2020 ဟာ အရင်လိုပဲ ခေါက်ဖုန်းရဲ့ တစ်ဖက်စီမှာ ဘက္ထရီတစ်ခုစီ ပါဝင်လာမှာဖြစ်ပြီး တစ်ခုက 1,180 mAh နဲ့ နောက်တစ်ဖက်က 1,453 mAh အသီးသီး ဖြစ်ပါတယ်။ မနှစ်က Razr 2019 မှာတော့ 2,510 mAh ဘက္ထရီနဲ့ 15W အားသွင်းစနစ်တို့သာ ပါဝင်ခဲ့ပါတယ်။

Motorola Razr 2020 ဟာ လာမယ့် စက်တင်ဘာ ၉ ရက်နေ့မှာ Snapdragon 765G ချစ်ပ်ဆက်၊ 8GB RAM / 256GB Storage မန်မိုရီအတွဲ၊ 48MP Samsung Quad-Bayer ကင်မရာ အသစ်စက်စက်နဲ့ 20MP ဆဲလ်ဖီးကင်မရာ တို့ဖြင့် မိတ်ဆက်လာမှာပါ။ Display အရွယ်က ခေါက်ထားရင် 6.2” နှစ်ခုနဲ့ ဖြန့်ချလိုက်ရင် 6.7” ထိ ရှိမယ်လို့ သတင်းထွက်ထားပါတယ်။

Ref – GSMArena