[Unicode]

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က အမေရိကန်ပြည်ထောင်စု မူပိုင်ခွင့်နှင့် ကုန်အမှတ်တံဆိပ်ရုံး (USPTO) မှာ တင်ခဲ့တဲ့ Motorola ရဲ့ ဒီဇိုင်းတွေကို အခု ၂၀၁၉ ခုနှစ်ရဲ့ နောက်ဆုံးလရောက်ချိန်မှာ ကမ္ဘာ့ဉာဏမူပိုင်ခွင့်ဆိုင်ရာရုံး (WIPO) မှာပါ ေတွ့မြင်လာရပြီ ဖြစ်ပါတယ်။

လာမယ့် ၂၀၂၀ အတွက် Motorola က မူပိုင်ခွင့်တင်ထားတဲ့ ဒီဇိုင်းတွေကတော့ Motorola ရဲ့ အစဉ်အလာကို Moto Mods အဖြစ် ပြန်ပြီးဖော်ထုတ်ထား၊ အသက်သွင်းထားတဲ့ ဒီဇိုင်းတွေပဲလို့မှတ်ချက်ပေးရမှာပါ။ မိုလ်ဘိုင်းဖုန်းခေတ်ဦးက ခေါက်ဖုန်းပုံစံတွေကိုပဲ ကင်မရာတပ်ဆင်မှုပိုင်းဆိုင်ရာနဲ့ မျက်နှာပြင်တပ်ဆင်မှုပိုင်းဆိုင်ရာတွေမှာ အဆင့်မြှင့်တင်ထားတဲ့ ဒီဇိုင်းတွေကို မြင်တွေ့ရပါတယ်။

Moto Mods တွေကို ကိုင်တွယ်တဲ့နေရာမှာ ပိုပြီးမြဲမြဲမြံမြံကိုင်တွယ်နိုင်အောင် ဒီဇိုင်းပြုလုပ်ထားပြီး၊ ကင်မရာ၊ စပီကာ၊ ပရိုဂျက်တာ စတဲ့မော်ဂျူးတွေကိုလည်း သီးသန့်နေရာချထားဖို့ ဒီဇိုင်းရေးထားတာကို တွေ့ရပါတယ်။ Foldable မျက်နှာပြင်ကို တစ်ဆက်တည်းပြုလုပ်ထားတဲ့ပုံစံအပြင် မျက်နှာပြင်နှစ်ခု ခွဲထားတဲ့ ပုံစံဒီဇိုင်းကိုလည်း တွေ့မြင်ရပါတယ်။ အကယ်၍ မျက်နှာပြင်ကို နှစ်ခုခွဲထုတ်လုပ်မယ်ဆိုရင် ကုန်ကျစရိတ်တော့ သက်သာသွားမှာဖြစ်ပါတယ်။

မူပိုင်ခွင့်ဒီဇိုင်းတွေအရ Moto Mods တွေဟာ ခေါက်သိမ်းထားရင်တောင် အပြင်ဘက်မှာ ဒုတိယမျက်နှာပြင်ရှိနေဦးမှာ ဖြစ်ပါတယ်။ အခုအချိန်အထိတော့ ဒီဇိုင်းတွေဟာ မူပိုင်ခွင့်တင်ထားတဲ့ အဆင့်မှာပဲ ရှိနေသေးတာပါ။ လက်တွေ့အကောင်အထည်ပေါ်လာဖို့ အချိန်တစ်ခု ယူရနိုင်ပါတယ်။ ဒါကြောင့် Motorola ရဲ့ သတင်းတွေကို ဆက်ပြီးစောင့်ကြည့်နေရဦးမှာပါ။

Ref: GSM Arena

[Zawgyi]

Motorola ရဲ႕ မူပိုင္ခြင့္ေလွ်ာက္ထားတဲ့ ေခါက္ခ်ိဳးဖုန္း ဒီဇိုင္းေတြ ထပ္မံထြက္ေပၚလာ

ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္က အေမရိကန္ျပည္ေထာင္စု မူပိုင္ခြင့္ႏွင့္ ကုန္အမွတ္တံဆိပ္႐ုံး (USPTO) မွာ တင္ခဲ့တဲ့ Motorola ရဲ႕ ဒီဇိုင္းေတြကို အခု ၂၀၁၉ ခုႏွစ္ရဲ႕ ေနာက္ဆုံးလေရာက္ခ်ိန္မွာ ကမာၻ႔ဉာဏမူပိုင္ခြင့္ဆိုင္ရာ႐ုံး (WIPO) မွာပါ ေတြ႕ျမင္လာရၿပီ ျဖစ္ပါတယ္။

လာမယ့္ ၂၀၂၀ အတြက္ Motorola က မူပိုင္ခြင့္တင္ထားတဲ့ ဒီဇိုင္းေတြကေတာ့ Motorola ရဲ႕ အစဥ္အလာကို Moto Mods အျဖစ္ ျပန္ၿပီးေဖာ္ထုတ္ထား၊ အသက္သြင္းထားတဲ့ ဒီဇိုင္းေတြပဲလို႔မွတ္ခ်က္ေပးရမွာပါ။ မိုလ္ဘိုင္းဖုန္းေခတ္ဦးက ေခါက္ဖုန္းပုံစံေတြကိုပဲ ကင္မရာတပ္ဆင္မႈပိုင္းဆိုင္ရာနဲ႔ မ်က္ႏွာျပင္တပ္ဆင္မႈပိုင္းဆိုင္ရာေတြမွာ အဆင့္ျမႇင့္တင္ထားတဲ့ ဒီဇိုင္းေတြကို ျမင္ေတြ႕ရပါတယ္။

Moto Mods ေတြကို ကိုင္တြယ္တဲ့ေနရာမွာ ပိုၿပီးၿမဲၿမဲၿမံၿမံကိုင္တြယ္ႏိုင္ေအာင္ ဒီဇိုင္းျပဳလုပ္ထားၿပီး၊ ကင္မရာ၊ စပီကာ၊ ပ႐ိုဂ်က္တာ စတဲ့ေမာ္ဂ်ဴးေတြကိုလည္း သီးသန႔္ေနရာခ်ထားဖို႔ ဒီဇိုင္းေရးထားတာကို ေတြ႕ရပါတယ္။ Foldable မ်က္ႏွာျပင္ကို တစ္ဆက္တည္းျပဳလုပ္ထားတဲ့ပုံစံအျပင္ မ်က္ႏွာျပင္ႏွစ္ခု ခြဲထားတဲ့ ပုံစံဒီဇိုင္းကိုလည္း ေတြ႕ျမင္ရပါတယ္။ အကယ္၍ မ်က္ႏွာျပင္ကို ႏွစ္ခုခြဲထုတ္လုပ္မယ္ဆိုရင္ ကုန္က်စရိတ္ေတာ့ သက္သာသြားမွာျဖစ္ပါတယ္။

မူပိုင္ခြင့္ဒီဇိုင္းေတြအရ Moto Mods ေတြဟာ ေခါက္သိမ္းထားရင္ေတာင္ အျပင္ဘက္မွာ ဒုတိယမ်က္ႏွာျပင္ရွိေနဦးမွာ ျဖစ္ပါတယ္။ အခုအခ်ိန္အထိေတာ့ ဒီဇိုင္းေတြဟာ မူပိုင္ခြင့္တင္ထားတဲ့ အဆင့္မွာပဲ ရွိေနေသးတာပါ။ လက္ေတြ႕အေကာင္အထည္ေပၚလာဖို႔ အခ်ိန္တစ္ခု ယူရႏိုင္ပါတယ္။ ဒါေၾကာင့္ Motorola ရဲ႕ သတင္းေတြကို ဆက္ၿပီးေစာင့္ၾကည့္ေနရဦးမွာပါ။

Ref: GSM Arena