Motorola Razr 40 Ultra ရဲ့ Specs နဲ့ အရည်အသွေးမြင့် ဓါတ်ပုံတွေ ထွက်ပေါ်လာပြီး အရောင် ၃ ရောင်ကို မြင်ရပါတယ်။

Motorola Razr 40 Ultra မှာ 6.9” အတွင်းဘက် မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 2400 x 1080p Resolution နဲ့ 165Hz Refresh Rate ထောက်ပံ့ထားမှာပါ။ အဲဒီအတွက် Galaxy Z Flip4 ထက် ပိုကြီးပြီး ပိုမြန်မှာပါ။ အပြင်ဘက် ကာဗာ မျက်နှာပြင်က 3.6” ဖြစ်ပြီး 1066 x 1056p Resolution နဲ့ 165Hz Refresh Rate ပါလာမှာပါ။

Motorola Razr 40 Ultra detailed leak - press renders and full specs - GSMArena.com news

Snapdragon 8+ Gen 1 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 8GB RAM နဲ့ 256GB Storage ထည့်သွင်းထားမှာပါ။

33W Wired Charging နဲ့ Wireless Charging ထောက်ပံ့တဲ့ 3,800mAh Battery ပါလာမှာပါ။

12MP Wide Angle ကင်မရာ ၁ လုံး ထည့်သွင်းထားမှာ ဖြစ်ပြီး Optical Image Stabilization ပါပါတယ်။ အဲဒါနဲ့အတူ 13MP Ultrawide ကင်မရာနဲ့အားဖြည့်ထားမှာပါ။ ဆဲလ်ဖီး ကင်မရာက 32MP ဖြစ်ပါတယ်။

Motorola Razr 40 Ultra Pricing, Design Renders, and Specifications Leak Ahead of Launch: Report | Technology News

Razr 40 Ultra ရဲ့ အရွယ်အစား အပြည့်အစုံက 170.8 x 74 x 7mm ဖြစ်ပြီး အလေးချိန်က ၁၈၉ ဂရမ် ဖြစ်ပါတယ်။ WiFi 6 ax, Bluetooth 5.3 နဲ့ 5G ဆက်သွယ်မှုတွေ ပါလာမှာပါ။

Infinity Black, Glacier Blue နဲ့ Viva Magenta အရောင် ၃ ရောင် ထုတ်လုပ်ထားမှာ ဖြစ်ပြီး WinFuture က ဈေးနှုန်းဟာ ၁,၁၆၉ ကနေ ၁,၁၉၉ ယူရိုအတွင်း ရှိမယ်လို့ ပြောပါတယ်။

Ref : gsmarena