[Zawgyi]

Motorola Razr Foldable Phone ကို တရား၀င္ မေျပာေသးတဲ့ အတြက္ တျခား နာမည္ႀကီး ေခါက္ခ်ိဳးဖုန္းေတြ ျဖစ္တဲ့ Huawei Mate X နဲ႔ Samsung Galaxy Fold တို႔ေလာက္ လူမသိၾကပါဘူး။ ဒါေပမယ့္ Motorola Razr ကို အဲဒီ ဖုန္းေတြ ေရာင္းမယ့္ အခ်ိန္ေလာက္မွာပဲ ေရာင္းႏိုင္ပါတယ္။ နယ္သာလန္ နည္းပညာ ၀က္ဘ္ဆိုက္ LetsGoDigital က ဒီသတင္းကို မွ်ေ၀လိုက္တာပါ။

LetsGoDigital က Motorola Razr ကို ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလမွာ ေရာင္းမယ္လို႔ ေျပာပါတယ္။ Huawei နဲ႔ Samsung တို႔ရဲ႕ ေခါက္ခ်ိဳး ဖုန္းေတြေနာက္မွ ထြက္လာႏုိင္ေပမယ့္ သိပ္ေတာ့ မကြာေလာက္ပါဘူး။ အရင္သတင္းေတြအရ Motorola Razr ဟာ ေဒါင္လိုက္ ေခါက္ခ်ိဳးႏိုင္တဲ့ ဖုန္း ျဖစ္ပါတယ္။ LetsGoDigital က အဲဒီဖုန္းကို ယူရို ၁,၅၀၀ နဲ႔ ေရာင္းမယ္လို႔ ေျပာပါတယ္။ ျမန္မာေငြ ၂၅ သိန္းေလာက္ရွိႏုိင္တဲ့အတြက္ ေစ်းကေတာ့ မေသးပါဘူး။ ဒါေပမယ့္ Galaxy Fold နဲ႔ Mate X တို႔ထက္ ေစ်းသက္သာပါတယ္။ လက္ရွိေရာင္းထားတဲ့ ေစ်းအျမင့္ဆံုး ဖုန္းေတြထဲက ၁ လံုးျဖစ္တဲ့ iPhone XS Max ထက္ေတာ့ ေစ်းမ်ားမွာပါ။

Motorola Razr ဟာ စြမ္းေဆာင္ရည္သင့္ ဖုန္း ျဖစ္တဲ့ အတြက္ တျခား ေခါက္ခ်ိဳးဖုန္းေတြထက္ ေစ်းသက္သာပါတယ္။ Chipset နဲ႔ Specs ေတြက Galaxy Fold နဲ႔ Mate X ေလာက္ မေကာင္းပါဘူး။ မတ္လက ထြက္ခဲ့တဲ့ သတင္းေတြအရ Snapdragon 710 Chipset, 4/6GB RAM , 64/128GB Storage ေတြ ထည့္သြင္းထားမယ္လို႔ သိရပါတယ္။ ဘက္ထရီကလည္း အရြယ္အစား ေသးငယ္မွာပါ။ ေခါက္ခ်ိဳးဖုန္း ျဖစ္တဲ့အတြက္ မ်က္ႏွာျပင္ အရြယ္အစားက ႀကီးမားၿပီး အရြယ္ေသး ဘက္ထရီ ထည့္ထားတာေၾကာင့္ ဘက္ထရီ သက္တမ္းက သိပ္ေကာင္းမွာ မဟုတ္ပါဘူး။

Ref : techradar

[Unicode]

Motorola Razr Foldable Phone ကို ၂၀၁၉ ခုနှစ် အကုန်မှာ ရောင်းမည်

Motorola Razr Foldable Phone ကို တရားဝင် မပြောသေးတဲ့ အတွက် တခြား နာမည်ကြီး ခေါက်ချိုးဖုန်းတွေ ဖြစ်တဲ့ Huawei Mate X နဲ့ Samsung Galaxy Fold တို့လောက် လူမသိကြပါဘူး။ ဒါပေမယ့် Motorola Razr ကို အဲဒီ ဖုန်းတွေ ရောင်းမယ့် အချိန်လောက်မှာပဲ ရောင်းနိုင်ပါတယ်။ နယ်သာလန် နည်းပညာ ဝက်ဘ်ဆိုက် LetsGoDigital က ဒီသတင်းကို မျှဝေလိုက်တာပါ။

LetsGoDigital က Motorola Razr ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ ရောင်းမယ်လို့ ပြောပါတယ်။ Huawei နဲ့ Samsung တို့ရဲ့ ခေါက်ချိုး ဖုန်းတွေနောက်မှ ထွက်လာနိုင်ပေမယ့် သိပ်တော့ မကွာလောက်ပါဘူး။ အရင်သတင်းတွေအရ Motorola Razr ဟာ ဒေါင်လိုက် ခေါက်ချိုးနိုင်တဲ့ ဖုန်း ဖြစ်ပါတယ်။ LetsGoDigital က အဲဒီဖုန်းကို ယူရို ၁,၅၀၀ နဲ့ ရောင်းမယ်လို့ ပြောပါတယ်။ မြန်မာငွေ ၂၅ သိန်းလောက်ရှိနိုင်တဲ့အတွက် ဈေးကတော့ မသေးပါဘူး။ ဒါပေမယ့် Galaxy Fold နဲ့ Mate X တို့ထက် ဈေးသက်သာပါတယ်။ လက်ရှိရောင်းထားတဲ့ ဈေးအမြင့်ဆုံး ဖုန်းတွေထဲက ၁ လုံးဖြစ်တဲ့ iPhone XS Max ထက်တော့ ဈေးများမှာပါ။

Motorola Razr ဟာ စွမ်းဆောင်ရည်သင့် ဖုန်း ဖြစ်တဲ့ အတွက် တခြား ခေါက်ချိုးဖုန်းတွေထက် ဈေးသက်သာပါတယ်။ Chipset နဲ့ Specs တွေက Galaxy Fold နဲ့ Mate X လောက် မကောင်းပါဘူး။ မတ်လက ထွက်ခဲ့တဲ့ သတင်းတွေအရ Snapdragon 710 Chipset, 4/6GB RAM , 64/128GB Storage တွေ ထည့်သွင်းထားမယ်လို့ သိရပါတယ်။ ဘက်ထရီကလည်း အရွယ်အစား သေးငယ်မှာပါ။ ခေါက်ချိုးဖုန်း ဖြစ်တဲ့အတွက် မျက်နှာပြင် အရွယ်အစားက ကြီးမားပြီး အရွယ်သေး ဘက်ထရီ ထည့်ထားတာကြောင့် ဘက်ထရီ သက်တမ်းက သိပ်ကောင်းမှာ မဟုတ်ပါဘူး။

Ref : techradar