[Zawgyi]

Motorola ကုမၸဏီဟာ Foldable စမတ္ဖုန္းထုတ္လုပ္ႏုိင္ဖို႔ ၾကိဳးစားလာတယ္ဆုိတာဟာ ၂၀၁၉ အတြင္း စိတ္ဝင္စားစရာ ေခါင္းစဥ္ေတြထဲက တစ္ခုျဖစ္ပါတယ္။ သူ႕ရဲ႕အၾကံအစည္ကေတာ့ သူမ်ားေတြလို ေဘးတုိက္ ေခါက္ခ်ဳိးဖို႔မဟုတ္ဘဲ ဟုိးအရင္က Clamshell ဖုန္းေတြတုန္းကလို အေပၚကေန ေအာက္ကို ေခါက္ခ်ဳိးႏုိင္ဖို႔ပါ။ တကယ္လို႔သာ ဒီအတုိင္းထြက္ရွိလာမယ္ဆုိရင္ Clamshell ဖုန္းေတြကို ေအာင့္ေမ့ေနၾကသူေတြ အလြမ္းေျပႏုိင္မယ့္ စမတ္ဖုန္းတစ္ခုျဖစ္လာႏုိင္ပါတယ္။

ဒီဖုန္းကို Motorola Razr လို႔အမည္ေပးထားၿပီး ယေန႔မွာ ဟန္းဆက္ရဲ႕ပုံစံကို ပရိသတ္ေတြ သိႏုိင္ဖို႔ Render ပုံေဖာ္ပုံရိပ္ေတြ ထြက္လာခဲ့ၿပီး ဖုန္းကိုသာမက ဖုန္းကိုထည့္မယ့္ ဗူးနဲ႔ ပါဝင္ပစၥည္းေတြကိုပါ ေဖာ္ျပလာတာပါ။ ဓါတ္ပုံေတြထဲမွာ ျမင္ရတာက ၾကားထားတဲ့ သတင္းေတြနဲ႔လည္း ကိုက္ညီၿပီး သမာရုိးက်မဟုတ္တဲ့ ဗူးပုံစံက ေတာ္ေတာ္ေလးမုိက္ပါတယ္။

အထဲမွာ ပါဝင္တဲ့ Accessories ေတြကိုပါ ေဖာ္ျပလာတာျဖစ္တဲ့အတြက္ မ်ားျပားလွတဲ့ ပစၥည္းေတြေၾကာင့္ ဒီဗူးဟာ ရုိးရုိး Moto Razr အတြက္မဟုတ္ဘဲ Special Edition တစ္ခုခုလားလို႔ ထင္ခ်င္စရာပါ။ ျမင္ရသေလာက္ ႀကိဳးမဲ့အားသြင္းစနစ္၊ Earbud ေတြ၊ USB-A to USB-C အားသြင္းၾကိဳး၊ Power Adapter တစ္ခုနဲ႔ USB-C to 3.5mm Audio Dongle တစ္ခုတုိ႔ ပါဝင္ေနတယ္။

ယခင္ေပါက္ၾကားခဲ့တဲ့ သတင္းထဲမွာ ဒီဖုန္းဟာ 3.5mm Audio Jack ေပါက္ ပါမွာမဟုတ္ဘူး ဆုိတဲ့အတြက္ အခုပုံနဲ႔လည္း ကိုက္ညီေနဆဲပါ။ ဒီပုံေတြဟာ Weibo တရုတ္ဆုိရွယ္နက္ဝပ္မွာ ေပၚလာခဲ့ၿပီး အခုေတာ့ ျပန္ဖ်က္သြားခဲ့ပါၿပီ။

Ref – GSM Arena

[Unicode]

Motorola ကုမ္ပဏီဟာ Foldable စမတ်ဖုန်းထုတ်လုပ်နိုင်ဖို့ ကြိုးစားလာတယ်ဆိုတာဟာ ၂၀၁၉ အတွင်း စိတ်ဝင်စားစရာ ခေါင်းစဉ်တွေထဲက တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့အကြံအစည်ကတော့ သူများတွေကို ဘေးတိုက် ခေါက်ချိုးဖို့မဟုတ်ဘဲ ဟိုးအရင်က Clamshell ဖုန်းတွေတုန်းကလို အပေါ်ကနေ အောက်ကို ခေါက်ချိုးနိုင်ဖို့ပါ။ တကယ်လို့သာ ဒီအတိုင်းထွက်ရှိလာမယ်ဆိုရင် Clamshell ဖုန်းတွေကို အောင့်မေ့နေကြသူတွေ အလွမ်းပြေနိုင်မယ့် စမတ်ဖုန်းတစ်ခုဖြစ်လာနိုင်ပါတယ်။

ဒီဖုန်းကို Motorola Razr လို့အမည်ပေးထားပြီး ယနေ့မှာ ဟန်းဆက်ရဲ့ပုံစံကို ပရိသတ်တွေ သိနိုင်ဖို့ Render ပုံဖော်ပုံရိပ်တွေ ထွက်လာခဲ့ပြီး ဖုန်းကိုသာမက ဖုန်းကိုထည့်မယ့် ဗူးနဲ့ ပါဝင်ပစ္စည်းတွေကိုပါ ဖော်ပြလာတာပါ။ ဓါတ်ပုံတွေထဲမှာ မြင်ရတာက ကြားထားတဲ့ သတင်းတွေနဲ့လည်း ကိုက်ညီပြီး သမာရိုးကျမဟုတ်တဲ့ ဗူးပုံစံက တော်တော်လေးမိုက်ပါတယ်။

အထဲမှာ ပါဝင်တဲ့ Accessories တွေကိုပါ ဖော်ပြလာတာဖြစ်တဲ့အတွက် များပြားလှတဲ့ ပစ္စည်းတွေကြောင့် ဒီဗူးဟာ ရိုးရိုး Moto Razr အတွက်မဟုတ်ဘဲ Special Edition တစ်ခုခုလားလို့ ထင်ချင်စရာပါ။ မြင်ရသလောက် ကြိုးမဲ့အားသွင်းစနစ်၊ Earbud တွေ၊ USB-A to USB-C အားသွင်းကြိုး၊ Power Adapter တစ်ခုနဲ့ USB-C to 3.5mm Audio Dongle တစ်ခုတို့ ပါဝင်နေတယ်။

ယခင်ပေါက်ကြားခဲ့တဲ့ သတင်းထဲမှာ ဒီဖုန်းဟာ 3.5mm Audio Jack ပေါက် ပါမှာမဟုတ်ဘူး ဆိုတဲ့အတွက် အခုပုံနဲ့လည်း ကိုက်ညီနေဆဲပါ။ ဒီပုံတွေဟာ Weibo တရုတ်ဆိုရှယ်နက်ဝပ်မှာ ပေါ်လာခဲ့ပြီး အခုတော့ ပြန်ဖျက်သွားခဲ့ပါပြီ။

Ref – GSM Arena