[Zawgyi]

Motorola ရဲ႕ Foldable ဖုန္းျဖစ္လာမယ့္ Moto RAZR 2019 ရဲ႕ Concept ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလကုန္ပိုင္းေလာက္ကတည္းက ပ်ံ႕ႏွံ႔ခဲ့တာပါ။ Motorola ဟာ ေခတ္ေဟာင္း ေခါက္ခ်ိဳးဖုံးရဲ႕ ပုံစံအတိုင္းပဲ သူတို႔ရဲ႕ Foldable ဖုန္းကို ဒီဇိုင္းထြင္ခဲ့တာျဖစ္ပါတယ္။

Motorola အေနနဲ႔ သူတို႔ရဲ႕ Foldable ဖုန္းအတြက္ Patent Drawings ေတြထြက္ၿပီးသား ျဖစ္သလို ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလကုန္ပိုင္းေလာက္ကလည္း Foldable ဖုန္းကို မိတ္ဆက္သြားမယ္လို႔ အတည္ျပဳခဲ့ၿပီး ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီ RAZR Foldable နဲ႔ ပတ္သက္တဲ့ Feature ေတြအေၾကာင္းကေတာ့ အခုမွ ထြက္ေပၚလာတာပါ။

XDA Developers ရဲ႕ ေဖာ္ျပမႈမွာေတာ့ ေက်ာဘက္မွာ မ်က္ႏွာျပင္ အေသးတစ္ခုကို ထည့္သြင္းေပးထားမွာျဖစ္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ဒီမ်က္ႏွာျပင္မွာ Android Features အားလုံးကိုေတာ့ အျပည့္အဝ သုံးႏိုင္ဖြယ္ မရွိဘူးလို႔လည္း ဆိုပါတယ္။ Moto Action နဲ႔ Moto Camera လိုမ်ိဳး Apps ေတြေလာက္ပဲ သုံးႏိုင္မယ္လို႔ သိရပါတယ္။

ဒီ မ်က္ႏွာျပင္ အေသးေလးဟာ မေခါက္ထားတဲ့အခ်ိန္မွာဆိုရင္ေတာ့ Chrome မွာ Web pages ေတြကို Track Pad to Scroll အျဖစ္ သုံးႏိုင္မယ္လို႔လည္း သိရပါတယ္။ အင္ဂ်င္နီယာေတြကေတာ့ အျခား Apps ေတြကိုလည္း ေထာက္ပံ့ႏိုင္ဖို႔ စီစဥ္ေနတယ္လို႔ ဆိုပါတယ္။ မ်က္ႏွာျပင္ဟာ Quick Settings ၆ ခုနဲ႔အထက္ကို ျပသႏိုင္မွာျဖစ္ေပမယ့္ ဒီအပိုင္းနဲ႔ပတ္သက္ၿပီး အမည္သတ္မွတ္ရျခင္း မရွိေသးဘူးလို႔လည္း သိရပါတယ္။

အဓိက ကင္မရာဟာ ေက်ာဘက္က မ်က္ႏွာျပင္အေသးေၾကာင့္ Selfie ကင္မရာအျဖစ္ အသုံးျပဳႏိုင္မွာျဖစ္ၿပီး ဓါတ္ပုံ႐ိုက္ဖို႔ေတာ့ အဓိက မ်က္ႏွာျပင္ကို တို႔ထိရမွာ၊ ဒါမွမဟုတ္ ပြတ္ဆြဲရမွာ ျဖစ္တယ္လို႔လည္း သိရပါတယ္။ ေက်ာဘက္ မ်က္ႏွာျပင္အေသးဟာ နာရီအျဖစ္လည္း အသုံးျပဳႏိုင္ၿပီး Notifications ေတြျပသျခင္းနဲ႔ Media Controls ျပဳလုပ္ျခင္းေတြအတြက္လည္း သုံးႏိုင္မယ္လို႔ ဆိုပါတယ္။

Ref: GSMArena

[Unicode]

Motorola RAZR  Foldable ရဲ့ ကျောဘက် မျက်နှာပြင်အသေးအကြောင်း သတင်းထွက်ပေါ်လာ

Motorola ရဲ့ Foldable ဖုန်းဖြစ်လာမယ့် Moto RAZR 2019 ရဲ့ Concept ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းလောက်ကတည်းက ပျံ့နှံ့ခဲ့တာပါ။ Motorola ဟာ ခေတ်ဟောင်း ခေါက်ချိုးဖုံးရဲ့ ပုံစံအတိုင်းပဲ သူတို့ရဲ့ Foldable ဖုန်းကို ဒီဇိုင်းထွင်ခဲ့တာဖြစ်ပါတယ်။

Motorola အနေနဲ့ သူတို့ရဲ့ Foldable ဖုန်းအတွက် Patent drawings တွေထွက်ပြီးသား ဖြစ်သလို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းလောက်ကလည်း Foldable ဖုန်းကို မိတ်ဆက်သွားမယ်လို့ အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ RAZR Foldable နဲ့ ပတ်သက်တဲ့ Feature တွေအကြောင်းကတော့ အခုမှ ထွက်ပေါ်လာတာပါ။

XDA Developers ရဲ့ ဖော်ပြမှုမှာတော့ ကျောဘက်မှာ မျက်နှာပြင် အသေးတစ်ခုကို ထည့်သွင်းပေးထားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီမျက်နှာပြင်မှာ Android features အားလုံးကိုတော့ အပြည့်အဝ သုံးနိုင်ဖွယ် မရှိဘူးလို့လည်း ဆိုပါတယ်။ Moto Action နဲ့ Moto Camera လိုမျိုး Apps တွေလောက်ပဲ သုံးနိုင်မယ်လို့ သိရပါတယ်။

ဒီ မျက်နှာပြင် အသေးလေးဟာ မခေါက်ထားတဲ့အချိန်မှာဆိုရင်တော့ Chrome မှာ Web pages တွေကို track pad to scroll အဖြစ် သုံးနိုင်မယ်လို့လည်း သိရပါတယ်။ အင်ဂျင်နီယာတွေကတော့ အခြား Apps တွေကိုလည်း ထောက်ပံ့နိုင်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ မျက်နှာပြင်ဟာ Quick Settings ၆ ခုနဲ့အထက်ကို ပြသနိုင်မှာဖြစ်ပေမယ့် ဒီအပိုင်းနဲ့ပတ်သက်ပြီး အမည်သတ်မှတ်ရခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

အဓိက ကင်မရာဟာ ကျောဘက်က မျက်နှာပြင်အသေးကြောင့် Selfie ကင်မရာအဖြစ် အသုံးပြုနိုင်မှာဖြစ်ပြီး ဓါတ်ပုံရိုက်ဖို့တော့ အဓိက မျက်နှာပြင်ကို တို့ထိရမှာ၊ ဒါမှမဟုတ် ပွတ်ဆွဲရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ကျောဘက် မျက်နှာပြင်အသေးဟာ နာရီအဖြစ်လည်း အသုံးပြုနိုင်ပြီး Notifications တွေပြသခြင်းနဲ့ Media controls ပြုလုပ်ခြင်းတွေအတွက်လည်း သုံးနိုင်မယ်လို့ ဆိုပါတယ်။

Ref: GSMArena