Motorola ဟာ ဒီနှစ်မှာ Razr Series Clamshell ဖုန်း အသစ် ၁ လုံးကို ကြေညာတော့မယ်လို့ ထင်ပါတယ်။ 91mobiles က အဲဒီ ဖုန်းရဲ့ လျှို့ဝှက်နာမည်က Maven လို့ ပြောပြီး ဓါတ်ပုံတွေကို မျှဝေလိုက်တဲ့အတွက် ဒီဇိုင်းကို လေ့လာလို့ရလာပါတယ်။

Motorola Razr (Maven) live shot by 91mobiles

Motorola Razr (Maven) ရဲ့ ဒီဇိုင်းဟာ အရင်နှစ်ထုတ် Samsung Galaxy Z Flip3 နဲ့ ဆင်တူပါတယ်။ အရင်မျိုးဆက် Razr Clamshell တွေမှာလို Chin မပါလာဘဲ ဘေးဘက်က ပါဝါခလုတ်အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။

Motorola Razr (Maven) live shot by 91mobiles

Motorola Razr (Maven) ရဲ့ အနောက်ဘက်မှာ ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး ပေါက်ကြားသတင်းအရ 50MP Main နဲ့ 13MP Ultrawide တွေ ဖြစ်နိုင်ပါတယ်။ ဆဲလ်ဖီး ကင်မရာအတွက် 32MP ကင်မရာကို Punch Hole မှာ ထည့်သွင်းထားပါတယ်။

Snapdragon 8 Gen 1 Chipset မောင်းနှင်ထားနိုင်ပြီး နောက်ထွက်မယ့် Snapdragon 8 Gen 1 Plus Chipset ပါတဲ့ မော်ဒယ်လည်း ထွက်လာနိုင်ပါတယ်။ 8GB/12GB RAM နဲ့ 256GB/ 512GB Memory Configuration တွေ ထုတ်လုပ်ထားနိုင်ပါတယ်။

အတွင်းဘက်မှာ Full HD+ Foldable မျက်နှာပြင် ပါလာနိုင်ပြီး အတွင်းနဲ့ အပြင်ဘက် မျက်နှာပြင် အရွယ်အစားတွေကို မသိရသေးပါဘူး။ ဒါ့အပြင် ဘက်ထရီ အရွယ်အစားနဲ့ ပတ်သက်တဲ့ သတင်း မပေါက်ကြားသေးပါဘူး။

Quartz Black နဲ့ Tranquil Blue အရောင်တွေ ထုတ်လုပ်ထားနိုင်ပြီး ဇူလိုင်လနှောင်းပိုင်း သို့မဟုတ် ဩဂုတ်လ အစောပိုင်း တရုတ်မှာ ကြေညာနိုင်ပါတယ်။ နိုင်ငံတကာမှာလည်း ရောင်းချနိုင်ပြီး လက်ရှိမှာ ဈေးနှုန်းကို မသိရသေးပါဘူး။

Ref : gizmochina