[Unicode]

၂၀၁၉ နို၀င်ဘာလမှာ Lenovo က ကုမ္ပဏီရဲ့ ပထမဆုံး Foldable ဖုန်း ဖြစ်တဲ့ Motorola Razr ကို ကြေညာခဲ့ပါတယ်။ အခုတော့ CES 2020 မှာ Lenovo ရဲ့ ဒုတိယ ဥက္ကဌ Liu Jun က ဧပြီလနဲ့ ဇွန်လကြားမှာ ရောင်းမယ်လို့ အင်တာဗျူး ၁ ခုမှာ ပြောပါတယ်။ အဲဒီဖုန်းကို အမေရိကန်မှာ ရောင်းချချိန်မှာ စီအီးအိုက ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတဲ့အတွက် ရောင်းချတာကို ရပ်နားလိုက်တယ်လို့ အသိပေးခဲ့ပါတယ်။ Liu Jun က တရုတ်မှာ ရောင်းမယ့် မော်ဒယ်မှာ 5G ပါမယ်လို့ ပြောထားပါတယ်။


တရုတ် အော်ပရေတာတွေဟာ နည်းပညာ အခက်အခဲတွေကြောင့် eSIM ကို မထောက်ပံ့သေးတဲ့အတွက် အဲဒီမှာ မ‌ေ ရာင်းသေးဘူးလို့ အစောပိုင်းမှာ Lenovo က ရှင်းပြခဲ့ပါတယ်။ Razr မှာ Physical SIM Card မပါဘ ဲ eSIM ကိုပဲ ထောက်ပံ့လို့ ဖြစ်ပါတယ်။ Razr ရဲ့ Specs တွေကို ပြန်လည်ဖော်ပြလိုက်ပါတယ်။ ၆.၂ လက်မ Flex View p-OLED ပင်မ မျက်နှာပြင်ရဲ့ အရည်အသွေးက 2142×876 ဖြစ်ပြီး ဖြန့်ထားချိန်မှာ သုံးရတဲ့ မျက်နှာပြင်ပါ။

ဖုန်းကို ခေါက်ချိုးထားရင် ၂.၆၉ လက်မ Quick View အပို မျက်နှာပြင်ကို သုံးနိုင်ပါတယ်။ ခေါက်ချိုးထားရင် အရွယ်အစား သေးငယ်ကျစ်လစ်ပြီး အိတ်ကပ်ထဲ ထည့်သွားလို့ အိုကေပါတယ်။ အပိုမျက်နှာပြင်မှာ Notifications တွေကြည့်တာ၊ စာပြန်တာလို အခြေခံ အလုပ်တွေ လုပ်နိုင်ပါတယ်။ Quick View ကနေ Google Assistant ကို သုံးပြီး အလုပ်တွေ မြန်မြန်လုပ်နိုင်ပါတယ်။ Quick View နဲ့ Flex View ကြားမှာ Content တွေကို လွယ်ကူစွာ ပြောင်းလဲကြည့်နိုင်တာက မိုက်ပါတယ်။

Snapdragon 710 Chipset , 6GB RAM နဲ့ 128GB Storage ပါပါတယ်။ Android 9 Pie မောင်းနှင်ထားပြီး 15W Turbo Charging ပါတဲ့ 2,510mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။

Ref : gizmochina

[Zawgyi]

တ႐ုတ္မွာ 5G ပါတဲ့ Motorala Razr ကို ဇြန္လ မကုန္ခင္ ေရာင္းမည္

၂၀၁၉ ႏို၀င္ဘာလမွာ Lenovo က ကုမၸဏီရဲ႕ ပထမဆုံး Foldable ဖုန္း ျဖစ္တဲ့ Motorola Razr ကို ေၾကညာခဲ့ပါတယ္။ အခုေတာ့ CES 2020 မွာ Lenovo ရဲ႕ ဒုတိယ ဥကၠဌ Liu Jun က ဧၿပီလနဲ႔ ဇြန္လၾကားမွာ ေရာင္းမယ္လို႔ အင္တာဗ်ဴး ၁ ခုမွာ ေျပာပါတယ္။ အဲဒီဖုန္းကို အေမရိကန္မွာ ေရာင္းခ်ခ်ိန္မွာ စီအီးအိုက ဝယ္လိုအားနဲ႔ ေရာင္းလိုအား မမွ်တဲ့အတြက္ ေရာင္းခ်တာကို ရပ္နားလိုက္တယ္လို႔ အသိေပးခဲ့ပါတယ္။ Liu Jun က တ႐ုတ္မွာ ေရာင္းမယ့္ ေမာ္ဒယ္မွာ 5G ပါမယ္လို႔ ေျပာထားပါတယ္။


တ႐ုတ္ ေအာ္ပေရတာေတြဟာ နည္းပညာ အခက္အခဲေတြေၾကာင့္ eSIM ကို မေထာက္ပံ့ေသးတဲ့အတြက္ အဲဒီမွာ မ‌ေရာင္းေသးဘူးလို႔ အေစာပိုင္းမွာ Lenovo က ရွင္းျပခဲ့ပါတယ္။ Razr မွာ Physical SIM Card မပါဘ ဲ eSIM ကိုပဲ ေထာက္ပံ့လို႔ ျဖစ္ပါတယ္။ Razr ရဲ႕ Specs ေတြကို ျပန္လည္ေဖာ္ျပလိုက္ပါတယ္။ ၆.၂ လက္မ Flex View p-OLED ပင္မ မ်က္ႏွာျပင္ရဲ႕ အရည္အေသြးက 2142×876 ျဖစ္ၿပီး ျဖန႔္ထားခ်ိန္မွာ သုံးရတဲ့ မ်က္ႏွာျပင္ပါ။

ဖုန္းကို ေခါက္ခ်ိဳးထားရင္ ၂.၆၉ လက္မ Quick View အပို မ်က္ႏွာျပင္ကို သုံးႏိုင္ပါတယ္။ ေခါက္ခ်ိဳးထားရင္ အ႐ြယ္အစား ေသးငယ္က်စ္လစ္ၿပီး အိတ္ကပ္ထဲ ထည့္သြားလို႔ အိုေကပါတယ္။ အပိုမ်က္ႏွာျပင္မွာ Notifications ေတြၾကည့္တာ၊ စာျပန္တာလို အေျခခံ အလုပ္ေတြ လုပ္ႏိုင္ပါတယ္။ Quick View ကေန Google Assistant ကို သုံးၿပီး အလုပ္ေတြ ျမန္ျမန္လုပ္ႏိုင္ပါတယ္။ Quick View နဲ႔ Flex View ၾကားမွာ Content ေတြကို လြယ္ကူစြာ ေျပာင္းလဲၾကည့္ႏိုင္တာက မိုက္ပါတယ္။

Snapdragon 710 Chipset , 6GB RAM နဲ႔ 128GB Storage ပါပါတယ္။ Android 9 Pie ေမာင္းႏွင္ထားၿပီး 15W Turbo Charging ပါတဲ့ 2,510mAh ဘက္ထရီ ထည့္သြင္းထားပါတယ္။

Ref : gizmochina