Motorola ကုမ္ပဏီဟာ လာမယ့်ဇူလိုင် ၇ ရက်နေ့မှာ Event တစ်ခု ကျင်းပသွားမှာဖြစ်ပြီး ဘာအကြောင်းလဲဆိုတာကို အတိအကျမဖော်ပြထားပါဘူး။ ဒါပေမယ့် Edge Lite ဟန်းဆက်ဟာ မကြာသေးခင်ကမှ FCC အတည်ပြုချက် ရယူထားတာ ဖြစ်ပါတယ်။

ဒီဖုန်းမှာ 4,700 mAh ဘက္ထရီနဲ့ 5G ထောက်ပံ့မှုပါဝင်မှာကို မြင်တွေ့ခဲ့ရပြီး အခြား Specs တွေကို မဖော်ပြပေမယ့် Leak သတင်းတွေမှာတော့ Edge Lite ဖုန်းမှာ Snapdragon 765 ချစ်ပ်ဆက်နဲ့ 6/128GB မန်မိုရီတို့ ပါဝင်မယ်လို့ ဆိုပါတယ်။

Moto Edge Lite ဟာ Android 10 OS နဲ့အသုံးပြုရမှာဖြစ်ပြီး 6.7” 90Hz Screen တစ်ခုပါဝင်မှာဖြစ်ပေမယ့် Waterfall စတိုင် Display တော့ မဟုတ်ပါဘူး။ Fingerprint Reader ကိုတော့ Motorola ရဲ့ထုံးစံအတိုင်း နောက်ကျောမှာ မထည့်လာဘဲ In-display ထည့်သွင်းလာမှာဖြစ်ကာ Punch-hole ထဲမှာ 8MP + 2MP Depth Sensor ဆဲလ်ဖီးကင်မရာ ပါရှိမှာပါ။

Moto Edge Lite ရဲ့နောက်ဘက်မှာတော့ 48MP အဓိကကင်မရာကို 16MP + 8MP + 5MP Sensor တွေနဲ့ ဝန်းရံထားပါတယ်။ ဘယ်ကင်မရာက ဘာအတွက် ဆိုတာတော့ မသိရသေးပါဘူး။

အားသွင်းစနစ်က 18W ဖြစ်ပြီး နိုင်ငံတကာဗားရှင်းမှာတော့ Google Assistant အတွက် သီးသန့်ခလုတ်တစ်ခု ပါဝင်ပါတယ်။ Edge Lite ကို ဥရောပဈေးကွက်မှာ ယူရို ၃၉၉ (မြန်မာငွေ ၆ သိန်း ၂ သောင်းခန့်) နဲ့ ရောင်းချလာမယ်လို့ ယူဆရပါတယ်။

Ref – GSMArena