Motorola ဟာ Edge X30 ကို တရုတ် ပြင်ပမှာ Edge 30 Pro အမည်နဲ့ ကြေညာဖို့ စီစဉ်နေပြီး အဲဒီ စမတ်ဖုန်းကို ဒီလနှောင်းပိုင်းမှာ ကြေညာမယ်လို့ သတင်းပေါက်ကြားနေပါတယ်။ အခုတော့ Motorola က ဒီသတင်းကို အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

Motorola က တွစ်တာမှာ ပို့စ် ၁ ခု တင်ထားပြီး ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ Edge စမတ်ဖုန်း အသစ်ကို ကြေညာမယ်လို့ ရေးသားထားပါတယ်။ Edge စမတ်ဖုန်း အသစ် ၁ လုံးကိုပဲ ကြေညာနိုင်သလို Series အတွဲလိုက်ကိုလည်း ချပြနိုင်ပါတယ်။

Moto Edge X30 colour options, rear design and punch-hole camera revealed as  Motorola shares more teasers - NotebookCheck.net News

တရုတ်မှာ ရောင်းချထားတဲ့ Edge X30 ကို နိုင်ငံတကာမှာ Edge 30 Pro အမည်နဲ့ မကြာခင် မြင်လာရနိုင်ပါတယ်။ အဲဒီအတွက် Edge 30 Pro မှာ ၆.၇ လက်မ 1080×2400 OLED မျက်နှာပြင် တပ်ဆင်ထားပြီး 144Hz Refresh Rate ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။

Snapdragon 8 Gen 1 Chipset မောင်းနှင်ထားပြီး 8/12GB RAM နဲ့ 128/256GB Storage ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 50MP Main (OIS), 50MP Ultrawide , 2MP Depth ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 60MP ဆဲလ်ဖီး ကင်မရာ ၁ လုံး ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ 68W Fast Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ပါလာမှာ ဖြစ်ပြီး Android 12 မောင်းနှင်ထားမှာ ဖြစ်ပါတယ်။

Ref : gsmarena