Motorola ဟာ ဘက်ဂျက်စမတ်ဖုန်းသစ်တစ်မျိုးကို မိတ်ဆက်ဖြန့်ချိဖို့အတွက် ပြင်ဆင်နေပါတယ်။ လတ်တလောမှာတွေ့မြင်ရတာကတော့ မော်ဒယ်နံပါတ် XT2091 နဲ့ဖြစ်ပါတယ်။ ဒီဟန်းဆက်ကို ဈေးကွက်အချို့မှာ Lenovo အမှတ်တံဆိပ်အနေနဲ့ ဖြန့်ချိမယ်လို့လည်း သိရပါတယ်။

XT2091 ကို FCC, EEC နဲ့ TUV Rheinland တို့မှာလည်း တွေ့မြင်ခဲ့ရပြီး ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းတွေရဲ့ Certifications နဲ့အတူ ဟန်းဆက်ရဲ့ ကျောဘက်ဒီဇိုင်း၊ ဘက်ထရီပမာဏ၊ အားသွင်းမြန်နှုန်း စတဲ့ အချက်အလက်အချို့ကိုလည်း သိရှိလာရပြီ ဖြစ်ပါတယ်။

FCC ကတစ်ဆင့် သိရတာကတော့ Motorola XT2091 ဟာ XT2091-3 နဲ့ XT2-91-8 ဆိုပြီး မော်ဒယ်နံပါတ်နှစ်ခုနဲ့ လာမှာ ဖြစ်ပါတယ်။ အဦးပိုင်းတော့ Motorola အမှတ်တံဆိပ်ပဲတပ်မှာဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ Lenovo smartphone အနေနဲ့ ပွဲထုတ်မယ်လို့လည်း ဆိုပါတယ်။

ဒီဟန်းဆက်ကို မကြာသေးခင်က K12 Note အဖြစ်သိခဲ့ကြတဲ့ Moto G9 Play/Moto G9 တို့လိုမျိုး Lenovo device အနေနဲ့ ဖြန့်ချိဖွယ်ရှိတာပါ။ XT2091 ဟာ Moto G9 စီးရီး Device ဖြစ်ဖွယ်ရှိပါတယ်။ MySmartPrice ကတော့ ဒီဟန်းဆက်ဟာ Moto G9 Power ဖြစ်နိုင်တယ်လို့ ထောက်ပြပါတယ်။ အကြောင်းက ECC နဲ့ TUV Rheinland တို့မှာ ကြီးမားတဲ့ပမာဏဖြစ်တဲ့ 6,000mAh နဲ့ ဖော်ပြခဲ့လို့ပဲဖြစ်ပါတယ်။

Lenovo ဘက်မှာတော့ K12 Prower အနေနဲ့ ပွဲထွက်လာနိုင်ပါတယ်။ FCC ရဲ့ ဝက်ဘ်ဆိုက်မှာ ဒီဟန်းဆက်ရဲ့ ဒီဇိုင်းပုံကြမ်းကို တွေ့ခဲ့ရပါသေးတယ်။ Motorola XT2091 ဟာ ကျောဘက်ကင်မရာ သုံးလံဒးတပ်ဆင်ပေးထားတာဖြစ်ပြီး Fingerprint sensor ကတော့ ဘေးဘက်မှာ ရှိနေပါတယ်။ ဒါ့အပြင် 22.5W အမြန်အားသွင်းစနစ်လည်း ထောက်ပံ့ထားကြောင်း FCC က အတည်ပြုခဲ့ပါသေးတယ်။

Ref: Gizmochina