[Unicode]

Motorola ရဲ့ ဒီဇိုင်းလန်းတဲ့ Foldable စမတ်ဖုန်းကို ဇန်နဝါရီလ ၂၆ ရက်နေ့မှာ အကြိုရောင်းချပေးမှာ ဖြစ်ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ စတိုးဆိုင်တွေကနေ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Razr ဟာ Motorola ရဲ့ ပထမဆုံး Foldable စမတ်ဖုန်း ဖြစ်ပါတယ်။

Razr ရဲ့ ခေါက်ချိုးဒီဇိုင်းဟာ Samsung Galaxy Fold လို ဘေးတိုက် ခေါက်ချိုးရတာ မဟုတ်ဘဲ ဒေါင်လိုက် ခေါက်ချိုးရတာ ဖြစ်ပါတယ်။ ဟိုးအရင်ခေတ်က ခေါက်ချိုး ဖုန်း ဒီဇိုင်း ဖြစ်ပေမယ့် ကွာခြားတာက Razr မှာ ကွေးညွှတ်နိုင်တဲ့ မျက်နှာပြင် ထည့်သွင်းထားတာ ဖြစ်ပါတယ်။

Razr ဟာ Samsung Galaxy Fold နဲ့ Huawei Mate X တို့ရဲ့ ဒီဇိုင်းနဲ့ ကွဲပြားပြီး ဒေါင်လိုက် ခေါက်ချိုးနိုင်တဲ့အတွက် အရွယ်အစား အရမ်းကို ကျစ်လစ်ပါတယ်။ အိတ်ကပ်ထဲ လွယ်ကူစွာ ထည့်သွင်းနိုင်ပါတယ်။ Mashable ရဲ့ အကြီးတန်း နည်းပညာ သတင်းထောက် Karissa Bell က Razr ကို စမ်းသပ် အသုံးပြုခွင့်ရခဲ့ပြီး သူ စိတ်လှုပ်ရှားရတဲ့ ၁ လုံးထဲသော Foldable စမတ်ဖုန်း ဖြစ်တယ်လို့ ပြောပါတယ်။

Motorola ရဲ့ ပြောရေးဆိုခွင့်ရှိသူက Verizon , Walmart နဲ့ Motorola.com တို့ကနေ ကြိုတင်မှာယူနိုင်ပြီလို့ ပြောပါတယ်။ Motorola Razr ဟာ ဒေါ်လာ ၁,၅၀၀ လောက်ရှိတဲ့အတွက် ဈေးကတော့ မသေးပါဘူး။ မြန်မာငွေ ၂၂ သိန်းလောက်ကျသင့်မှာပါ။

Ref : mashable

[Zawgyi]

Motorola ရဲ႕ Foldable ဖုန္း Razr ကို ေရာင္းၿပီ

Motorola ရဲ႕ ဒီဇိုင္းလန္းတဲ့ Foldable စမတ္ဖုန္းကို ဇန္နဝါရီလ ၂၆ ရက္ေန႔မွာ အႀကိဳေရာင္းခ်ေပးမွာ ျဖစ္ၿပီး ေဖေဖာ္ဝါရီလ ၆ ရက္ေန႔မွာ စတိုးဆိုင္ေတြကေန ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။ Razr ဟာ Motorola ရဲ႕ ပထမဆုံး Foldable စမတ္ဖုန္း ျဖစ္ပါတယ္။

Razr ရဲ႕ ေခါက္ခ်ိဳးဒီဇိုင္းဟာ Samsung Galaxy Fold လို ေဘးတိုက္ ေခါက္ခ်ိဳးရတာ မဟုတ္ဘဲ ေဒါင္လိုက္ ေခါက္ခ်ိဳးရတာ ျဖစ္ပါတယ္။ ဟိုးအရင္ေခတ္က ေခါက္ခ်ိဳး ဖုန္း ဒီဇိုင္း ျဖစ္ေပမယ့္ ကြာျခားတာက Razr မွာ ေကြးၫႊတ္ႏိုင္တဲ့ မ်က္ႏွာျပင္ ထည့္သြင္းထားတာ ျဖစ္ပါတယ္။

Razr ဟာ Samsung Galaxy Fold နဲ႔ Huawei Mate X တို႔ရဲ႕ ဒီဇိုင္းနဲ႔ ကြဲျပားၿပီး ေဒါင္လိုက္ ေခါက္ခ်ိဳးႏိုင္တဲ့အတြက္ အ႐ြယ္အစား အရမ္းကို က်စ္လစ္ပါတယ္။ အိတ္ကပ္ထဲ လြယ္ကူစြာ ထည့္သြင္းႏိုင္ပါတယ္။ Mashable ရဲ႕ အႀကီးတန္း နည္းပညာ သတင္းေထာက္ Karissa Bell က Razr ကို စမ္းသပ္ အသုံးျပဳခြင့္ရခဲ့ၿပီး သူ စိတ္လႈပ္ရွားရတဲ့ ၁ လုံးထဲေသာ Foldable စမတ္ဖုန္း ျဖစ္တယ္လို႔ ေျပာပါတယ္။

Motorola ရဲ႕ ေျပာေရးဆိုခြင့္ရွိသူက Verizon , Walmart နဲ႔ Motorola.com တို႔ကေန ႀကိဳတင္မွာယူႏိုင္ၿပီလို႔ ေျပာပါတယ္။ Motorola Razr ဟာ ေဒၚလာ ၁,၅၀၀ ေလာက္ရွိတဲ့အတြက္ ေဈးကေတာ့ မေသးပါဘူး။ ျမန္မာေငြ ၂၂ သိန္းေလာက္က်သင့္မွာပါ။

Ref : mashable