[Zawgyi]

Motorola ရဲ႕ Brazilian Website ဟာ တရားဝင္ေၾကညာဖို႔ ၂ပတ္ေလာက္ အလိုမွာပဲ Moto G7 Lineup ေတြကို မေတာ္တဆ မွားယြင္းၿပီး ေဖာ္ျပမိလ်က္သား ျဖစ္သြားခဲ့ပါတယ္။ ဒီလိုမွားယြင္းေဖာ္ျပလိုက္မိတဲ့ စာမ်က္ႏွာမွာ Moto G7 ရဲ႕ Specs ေတြနဲ႔ ႐ုပ္ပုံေတြကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။

ေပါက္ၾကားမႈအရသိခဲ့တာကေတာ့ Vanilla Moto G7 ဟာ 6.24-inch, 1080 x 2270 Pixel Resolution မ်က္ႏွာျပင္နဲ႔ျဖစ္ၿပီး Waterdrop Notch ပါဝင္ပါလိမ့္မယ္။ Snapdragon 632 SoC ကို အသုံးျပဳထားၿပီး RAM 4GB နဲ႔ Storage 64GB ျဖစ္ပါတယ္။ အေနာက္ကင္မရာႏွစ္လုံးထဲက အဓိက ကင္မရာဟာ 12MP ျဖစ္ၿပီး ဒုတိယကင္မရာကေတာ့ 5MP ျဖစ္ပါတယ္။ ဘက္ထရီကေတာ့ 3,000 mAh ျဖစ္တာကို ေတြ႕ရပါတယ္။

ေပါက္ၾကားမႈထဲမွာ ေတြ႕ျမင္လိုက္ရတာကေတာ့ Moto G7 အျပင္ Moto G7 Plus, Moto G7 Play နဲ႔ Moto G7 Power ေတြလည္း ပါဝင္ေနပါတယ္။ Specs ေတြကေတာ့ သိပ္မကြာဘူးဆိုေပမယ့္ Play နဲ႔ Power ေတြကေတာ့ Display ပိုင္းမွာ (720 x 1512) အျဖစ္နဲ႔ Resolution နိမ့္တာကိုေတြ႕ရပါတယ္။ ဒါေပမယ့္ Moto G7 Power ရဲ႕ ဘက္ထရီပမာဏကေတာ့ 5,000 mAh အထိ တိုးျမႇင့္ေပးထားပါတယ္။

Moto G7 Plus ကေတာ့ Snapdragon 636 ကို အသုံးျပဳထားတာေၾကာင့္ အျခားအမ်ိဳးကြဲေတြထက္ စြမ္းေဆာင္ရည္ ပိုျမင့္တယ္လို႔ ဆိုရမွာပါ။ ကင္မရာပိုင္းမွာလည္း ပိုေကာင္းပါတယ္။ အေနာက္ကင္မရာ ႏွစ္လုံးမွာ 16MP (f/1.7) နဲ႔ 5MP ကို သုံးေပးထားတာ ေတြ႕ရပါတယ္။ Website ကေတာ့ ျပန္လည္ျဖဳတ္ခ်လိုက္ၿပီဆိုေပမယ့္ အခ်က္အလက္ေတြကေတာ့ ပ်ံ႕ႏွံ႔ကုန္ပါၿပီ။ ဒါေၾကာင့္ တရားဝင္မိတ္ဆက္ခ်ိန္မွာ အခုေပါက္ၾကားလာတာေတြနဲ႔ တူညီမႈ ရွိ၊မရွိ ဆိုတာကို ေစာင့္ၾကည့္႐ုံပဲ ရွိေတာ့တာပါ။

Ref: GSMArena

[Unicode]

Moto G7 Lineup ကို ပေါက်ကြားစေခဲ့တဲ့ Motorola Website

Motorola ရဲ့ Brazilian Website ဟာ တရားဝင်ကြေညာဖို့ ၂ပတ်လောက် အလိုမှာပဲ Moto G7 lineup တွေကို မတော်တဆ မှားယွင်းပြီး ဖော်ပြမိလျက်သား ဖြစ်သွားခဲ့ပါတယ်။ ဒီလိုမှားယွင်းဖော်ပြလိုက်မိတဲ့ စာမျက်နှာမှာ Moto G7 ရဲ့ Specs တွေနဲ့ ရုပ်ပုံတွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

ပေါက်ကြားမှုအရသိခဲ့တာကတော့ Vanilla Moto G7 ဟာ 6.24-inch, 1080 x 2270 pixel resolution မျက်နှာပြင်နဲ့ဖြစ်ပြီး Waterdrop notch ပါဝင်ပါလိမ့်မယ်။ Snapdragon 632 SoC ကို အသုံးပြုထားပြီး RAM 4GB နဲ့ Storage 64GB ဖြစ်ပါတယ်။ အနောက်ကင်မရာနှစ်လုံးထဲက အဓိက ကင်မရာဟာ 12MP ဖြစ်ပြီး ဒုတိယကင်မရာကတော့ 5MP ဖြစ်ပါတယ်။ ဘက်ထရီကတော့ 3,000 mAh ဖြစ်တာကို တွေ့ရပါတယ်။

ပေါက်ကြားမှုထဲမှာ တွေ့မြင်လိုက်ရတာကတော့ Moto G7 အပြင် Moto G7 Plus, Moto G7 Play နဲ့ Moto G7 Power တွေလည်း ပါဝင်နေပါတယ်။ Specs တွေကတော့ သိပ်မကွာဘူးဆိုပေမယ့် Play နဲ့ Power တွေကတော့ Display ပိုင်းမှာ(720 x 1512) အဖြစ်နဲ့ Resolution နိမ့်တာကိုတွေ့ရပါတယ်။ ဒါပေမယ့် Moto G7 Power ရဲ့ ဘက်ထရီပမာဏကတော့ 5,000 mAh အထိ တိုးမြှင့်ပေးထားပါတယ်။

Moto G7 Plus ကတော့ Snapdragon 636 ကို အသုံးပြုထားတာကြောင့် အခြားအမျိုးကွဲတွေထက် စွမ်းဆောင်ရည် ပိုမြင့်တယ်လို့ ဆိုရမှာပါ။ ကင်မရာပိုင်းမှာလည်း ပိုကောင်းပါတယ်။ အနောက်ကင်မရာ နှစ်လုံးမှာ 16MP (f/1.7) နဲ့ 5MP ကို သုံးပေးထားတာ တွေ့ရပါတယ်။ Website ကတော့ ပြန်လည်ဖြုတ်ချလိုက်ပြီဆိုပေမယ့် အချက်အလက်တွေကတော့ ပျံ့နှံ့ကုန်ပါပြီ။ ဒါကြောင့် တရားဝင်မိတ်ဆက်ချိန်မှာ အခုပေါက်ကြားလာတာတွေနဲ့ တူညီမှု ရှိ၊မရှိ ဆိုတာကို စောင့်ကြည့်ရုံပဲ ရှိတော့တာပါ။

Ref: GSMArena