Mozilla ဟာ ယခုနှစ်အတွင်းမှာ COVID-19 ဗိုင်းရပ်စ်ကြောင့် သိသိသာသာကို လုပ်ငန်းပိုင်းထိခိုက်မှုကို ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း ဝန်ထမ်းဦးရေ ၂၅၀ ဝန်းကျင်လောက်ကို အလုပ်ကနေ ရပ်ဆိုင်းခဲ့ရပါသေးတယ်။

ဒီလိုမျိုးအခြေအနေကြောင့် Mozilla ဟာ အဓိကဆောင်ရွက်နေတဲ့ Firefox Browser လိုမျိုးကလွဲပြီး တခြားသော Project တွေကို တဖြည်းဖြည်းရပ်ဆိုင်းနေရတယ်လို့ သိရပါတယ်။ အခုလည်း Mozilla ကနေ File Sharing Service တစ်ခုဖြစ်တဲ့ Firefox Send နဲ့ Note Service တစ်ခုဖြစ်တဲ့ Firefox Notes တို့ကို အပြီးတိုင်ရပ်ဆိုင်းလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

Firefox Notes ဟာ လက်ရှိနာမည်ကြီး Notes Service တွေဖြစ်တဲ့ Google Keep နဲ့ Evernote တွေလောက်တော့ အသုံးပြုသူမရှိဘူးလို့ ပြောလို့ရပေမယ့် Firefox Send ကတော့ အသုံးပြုသူများပြားတယ်လို့ ပြောနိုင်ပါတယ်။ Firefox Send ဟာ WeTransfer လိုမျိုး File Sharing Service တစ်ခုဖြစ်ပြီး Password နဲ့ Encrypt ပြုလုပ်ပေးပို့နိုင်တဲ့ Service တစ်ခုလည်းဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ အချိန် သို့မဟုတ် Download ပြုလုပ်တဲ့အကြိမ်ရေပေါ်မှုတည်ပြီး Limit ပြုလုပ်နိုင်ဦးမှာပါ။

ဘာပဲဖြစ်ဖြစ် အခုအချိန်မှာတော့ Firefox Notes ရော Firefox Send ကိုပါ အသုံးပြုနိုင်မှာမဟုတ်တော့ပါဘူး။ Mozilla အနေနဲ့ကတော့ ယခုအချိန်ကစပြီးတော့ Firefox Browser အပြင် Mozilla VPN ၊ Firefox Monitor နဲ့ Firefox Private Network တွေကိုပဲ အာရုံစိုက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Ref – XDA-Developers