Zawgyi

လက္ရွိျမန္မာႏုိင္ငံမွာ လူႀကိဳက္အမ်ားဆုံး Esports ဂိမ္းေတြထဲကတစ္ခုျဖစ္တဲ့ Mobile Legends Bang Bang ဂိမ္းကို ကၽြမ္းက်င္စြာေဆာ့ကစားသူေတြအတြက္ ႏွစ္စဥ္ပုံမွန္က်င္းပေပးေနတဲ့ MPL Myanmar ၿပိဳင္ပြဲဟာ Season 3 ထိ ေရာက္လာခဲ့ပါၿပီ။ ဒီႏွစ္မွာေတာ့ ဆုေၾကးေငြကို အရင္ႏွစ္ေတြထက္ ထပ္မံတုိးျမွင့္ထားၿပီး စုစုေပါင္း ဆုေၾကးေငြ အေမရိကန္ေဒၚလာငါးေသာင္း (ျမန္မာက်ပ္ေငြ သိန္း ၇၅၀ ေက်ာ္) ခ်ီးျမွင့္သြားမွာျဖစ္ပါတယ္။

MLBB ဂိမ္းကို ထုတ္လုပ္သူ Moonton ကုမၸဏီဟာ အေရွ႕ေတာင္အာရွႏုိင္ငံအမ်ားအျပားမွာ MPL ၿပိဳင္ပြဲေတြကို ႏွစ္စဥ္က်င္းပေနၿပီး ျမန္မာႏုိင္ငံဟာလည္း MLBB အဓိကေဆာ့ကစားတဲ့ ေစ်းကြက္တစ္ခု ျဖစ္တာနဲ႔အညီ အျခားႏုိင္ငံေတြထက္ေနာက္မက်ဘဲ သီးသန္႔ MPL ၿပိဳင္ပြဲကို က်င္းပခြင့္ရေနခဲ့တာပါ။

အခုႏွစ္ MPL – MM ၿပိဳင္ပြဲကို အဆင့္သုံးဆင့္နဲ႔ က်င္းပယွဥ္ၿပိဳင္ေစမွာျဖစ္ၿပီး ပထမဆုံး လက္ရည္စစ္ပြဲ အဆင့္၊ ဒုတိယ Regular Season အုပ္စုပြဲမ်ားနဲ႔ ေနာက္ဆုံးဖိုင္နယ္အဆင့္ ရႈံးထြက္ၿပိဳင္ပြဲေတြျဖစ္ပါတယ္။ ဒါေပမယ့္ MPL – MM Season 2 မွာ ဆီမီးဖိုင္နယ္ ေနာက္ဆုံးေလးသင္းအဆင့္ ေရာက္ရွိခဲ့တဲ့ Team Resolution, Burmese Ghouls, Maven နဲ႔ Team Illusions တုိ႔ဟာ လက္ရည္စစ္ပြဲအဆင့္ကို ဝင္စရာမလုိဘဲ အုပ္စုအဆင့္ကေန စတင္ပါဝင္ရမွာပါ။

ဒုတိယအဆင့္ အုပ္စုပြဲစဥ္ေတြမွာတင္ အႏိုင္ရတဲ့အသင္းေတြကို ေဒၚလာရာဂဏန္း ဆုေၾကးေငြ စတင္ ခ်ီးျမွင့္မွာျဖစ္ၿပီး ထိပ္ဆုံးေျခာက္သင္းကေတာ့ သီးသန္႔ဆုေၾကးေငြေတြ ထပ္မံရရွိႏုိင္မွာျဖစ္ပါတယ္။ MPL – MM Season 3 ရဲ႕ ခ်န္ပီယံအသင္းဟာ အေမရိကန္ေဒၚလာ ၁၃၀၀၀ ၊ ဒုတိယ – ေဒၚလာ ၆၀၀၀ ၊ တတိယ – ၃၀၀၀ ၊ စတုတၳ – ၂၀၀၀ ၊ ပဥၥမ / ဆဌမ တုိ႔အတြက္ အေမရိကန္ေဒၚလာ ၁၀၀၀ ဆီျဖစ္ပါတယ္။ ဒါ့အျပင္ ခ်န္ပီယံ အသင္းဟာ MLBB World Championship ၿပိဳင္ပြဲကိုပါ စားရိတ္ျငိမ္းသြားေရာက္ယွဥ္ၿပိဳင္ခြင့္ရဦးမွာပါ။

MPL – MM Season 3 ၿပိဳင္ပြဲေတြကိုေတာ့ Facebook Gaming ကေန Game Cast Network Myanmar မွ ထုတ္လႊင့္ျပသသြားမွာျဖစ္ၿပီး တတိယအႀကိမ္ထိေရာက္လာတဲ့ ဒီၿပိဳင္ပြဲမွာ ၿပီးခဲ့တဲ့ Season ေတြက လူသိမ်ား ကစားသမားေတြ ျပန္လည္ပါဝင္လာမွာျဖစ္ၿပီး သူတုိ႔ကို Legends ကစားသမားေတြလို႔ သတ္မွတ္ထားတဲ့အတြက္ ၿပိဳင္ပြဲကိုပါ “Clash of the Legends” လို႔အမည္ေပးထားပါတယ္။

Unicode

လက်ရှိမြန်မာနိုင်ငံမှာ လူကြိုက်အများဆုံး Esports ဂိမ်းတွေထဲကတစ်ခုဖြစ်တဲ့ Mobile Legends Bang Bang ဂိမ်းကို ကျွမ်းကျင်စွာဆော့ကစားသူတွေအတွက် နှစ်စဉ်ပုံမှန်ကျင်းပပေးနေတဲ့ MPL Myanmar ပြိုင်ပွဲဟာ Season 3 ထိ ရောက်လာခဲ့ပါပြီ။ ဒီနှစ်မှာတော့ ဆုကြေးငွေကို အရင်နှစ်တွေထက် ထပ်မံတိုးမြှင့်ထားပြီး စုစုပေါင်း ဆုကြေးငွေ အမေရိကန်ဒေါ်လာငါးသောင်း (မြန်မာကျပ်ငွေ သိန်း ၇၅၀ ကျော်) ချီးမြှင့်သွားမှာဖြစ်ပါတယ်။

MLBB ဂိမ်းကို ထုတ်လုပ်သူ Moonton ကုမ္ပဏီဟာ အရှေ့တောင်အာရှနိုင်ငံအများအပြားမှာ MPL ပြိုင်ပွဲတွေကို နှစ်စဉ်ကျင်းပနေပြီး မြန်မာနိုင်ငံဟာလည်း MLBB အဓိကဆော့ကစားတဲ့ ဈေးကွက်တစ်ခု ဖြစ်တာနဲ့အညီ အခြားနိုင်ငံတွေထက်နောက်မကျဘဲ သီးသန့် MPL ပြိုင်ပွဲကို ကျင်းပခွင့်ရနေခဲ့တာပါ။

အခုနှစ် MPL – MM ပြိုင်ပွဲကို အဆင့်သုံးဆင့်နဲ့ ကျင်းပယှဉ်ပြိုင်စေမှာဖြစ်ပြီး ပထမဆုံး လက်ရည်စစ်ပွဲ အဆင့်၊ ဒုတိယ Regular Season အုပ်စုပွဲများနဲ့ နောက်ဆုံးဖိုင်နယ်အဆင့် ရှုံးထွက်ပြိုင်ပွဲတွေဖြစ်ပါတယ်။ ဒါပေမယ့် MPL – MM Season 2 မှာ ဆီမီးဖိုင်နယ် နောက်ဆုံးလေးသင်းအဆင့် ရောက်ရှိခဲ့တဲ့ Team Resolution, Burmese Ghouls, Maven နဲ့ Team Illusions တို့ဟာ လက်ရည်စစ်ပွဲအဆင့်ကို ဝင်စရာမလိုဘဲ အုပ်စုအဆင့်ကနေ စတင်ပါဝင်ရမှာပါ။

ဒုတိယအဆင့် အုပ်စုပွဲစဉ်တွေမှာတင် အနိုင်ရတဲ့အသင်းတွေကို ဒေါ်လာရာဂဏန်း ဆုကြေးငွေ စတင် ချီးမြှင့်မှာဖြစ်ပြီး ထိပ်ဆုံးခြောက်သင်းကတော့ သီးသန့်ဆုကြေးငွေတွေ ထပ်မံရရှိနိုင်မှာဖြစ်ပါတယ်။ MPL – MM Season 3 ရဲ့ ချန်ပီယံအသင်းဟာ အမေရိကန်ဒေါ်လာ ၁၃၀၀၀ ၊ ဒုတိယ – ဒေါ်လာ ၆၀၀၀ ၊ တတိယ – ၃၀၀၀ ၊ စတုတ္ထ – ၂၀၀၀ ၊ ပဉ္စမ / ဆဌမ တို့အတွက် အမေရိကန်ဒေါ်လာ ၁၀၀၀ ဆီဖြစ်ပါတယ်။ ဒါ့အပြင် ချန်ပီယံ အသင်းဟာ MLBB World Championship ပြိုင်ပွဲကိုပါ စားရိတ်ငြိမ်းသွားရောက်ယှဉ်ပြိုင်ခွင့်ရဦးမှာပါ။

MPL – MM Season 3 ပြိုင်ပွဲတွေကိုတော့ Facebook Gaming ကနေ Game Cast Network Myanmar မှ ထုတ်လွှင့်ပြသသွားမှာဖြစ်ပြီး တတိယအကြိမ်ထိရောက်လာတဲ့ ဒီပြိုင်ပွဲမှာ ပြီးခဲ့တဲ့ Season တွေက လူသိများ ကစားသမားတွေ ပြန်လည်ပါဝင်လာမှာဖြစ်ပြီး သူတို့ကို Legends ကစားသမားတွေလို့ သတ်မှတ်ထားတဲ့အတွက် ပြိုင်ပွဲကိုပါ “Clash of the Legends” လို့အမည်ပေးထားပါတယ်။