City of New York ပြတိုက်က United States Patent and Trademark Office မှာ Web3 နဲ့ ပတ်သက်တဲ့ Patent Applications တွေကို မှတ်ပုံတင်ထားပါတယ်။

၁၉၂၃ ခုနှစ်က တည်ထောင်ခဲ့တဲ့ မန်ဟတ်တန် အခြေစိုက် သမိုင်းနဲ့ အနုပညာ ပြတိုက်က Download လုပ်နိုင်တဲ့ Cryptocurrency Collectible, Non-fungible Token နဲ့ Application Token တွေကို ဖြန့်ချိဖို့ စီစဉ်ထားပါတယ်။ ပြတိုက်မှာ ဓါတ်ပုံ၊ ပြဇာတ်၊ အလှဆင် အနုပညာ၊ အဝတ်အစား၊ ပန်းချီနဲ့ ပန်းပုတို့ကို အဓိကထားတဲ့ ဌာန ၆ ခု ရှိပါတယ်။

Looking to Invest in NFTs? How to Research and Find the Next Potential Big Hit.

ပြီးခဲ့တဲ့နှစ်မှာ NFT တွေ ရေပန်းစားလာတဲ့အတွက် ပြတိုက်များစွာဟာ အဲဒီ နယ်ပယ်ထဲဝင်ရောက်လာကြပါတယ်။

ဗီယန်နာ အခြေစိုက် Belvedere ပြတိုက်ဟာ နာမည်ကြီး ဩစတြီးယား ပန်းချီပညာရှင် Gustav Klimt ရဲ့ အနုပညာလက်ရာ ဖြစ်တဲ့ The Kiss NFT ကို ဖြန့်ချိခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ဗြိတိန် ပြတိုက်က ဒစ်ဂျစ်တယ် Hokusai Postcard Collection ကို မိတ်ဆက်ဖို့ LaCollection နဲ့ ပူးပေါင်းကာ NFT နယ်ပယ်ထဲဝင်ရောက်လာပါတယ်။ ဇန်နဝါရီလမှာ အမေရိကန် အနုပညာရှင် KAWS ဟာ လန်ဒန်က Serpentine Gallery ထံ Augmented Reality ကို ယူဆောင်ခဲ့ပါတယ်။

မေလမှာ ဒစ်ဂျစ်တယ် အနုပညာလက်ရာတွေကို ပြသတဲ့ ပထမဆုံး NFT ပြတိုက်ကို ဆီယေတယ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။

Ref : u.today