၂၀၁၈ ရဲ႕ ပထမႏွစ္ဝက္ကေတာ့ ေနာက္မွာက်န္ခဲ့ပါျပီ။ အေမရိကန္ႏုိင္ငံရဲ႕ ေတးဂီတနဲ႔အသံသြင္းက႑ ကုိယ္စားျပဳျဖစ္တဲ့ RIAA (Recording Industry Association of America) အဖြဲ႕အစည္းက သူတုိ႔ ဂီတေလာက ေစ်းကြက္ရဲ႕ ေျခာက္လစာအစီရင္ခံစာကို ထုတ္ျပန္ခဲ့ျပီး ဝင္ေငြေဒၚလာ ၄.၆ ဘီလီယံ ရရွိခဲ့ရာမွာ အြန္လိုင္းေပၚက တုိက္ရုိက္နားေထာင္ႏုိင္တဲ့ Streaming ဝန္ေဆာင္မႈေတြ အသုံးက်ယ္ျပန္႔လာမႈက အဓိက က်ေနပါတယ္။

ပုံမွာျမင္ရတဲ့အတုိင္း အေမရိကန္ဂီတေစ်းကြက္ရဲ႕ ဒစ္ဂ်စ္တယ္ဘက္က ဝင္ေငြဟာ ၂၀၁၅ ပထမႏွစ္ဝက္ မွာ အေမရိကန္ေဒၚလာ တစ္ဘီလီယံသာရွိခဲ့ေပမယ့္ ၂၀၁၈ ခုႏွစ္ ပထမေျခာက္လပတ္မွာေတာ့ ၃.၄ ဘီလီယံထိ တဟုန္တုိး ခုန္တက္လာတာကို ေတြ႕ရပါတယ္။ ဝင္ေငြရာခုိင္ႏႈန္းအမ်ားစုက Streaming ဝန္ေဆာင္မႈေတြကို လစဥ္ေၾကးေပးျပီး အြန္လိုင္းေပၚကပဲ နားေထာင္တဲ့ သုံးစြဲသူေတြဆီက လာတာျဖစ္တာကိုလည္း ေတြ႕ရတယ္။

RIAA ရဲ႕ေျပာၾကားခ်က္အရ လစဥ္ေၾကးေပးျပီးပဲ အြန္လုိင္းကေန သီခ်င္းနားေထာင္ေတာ့တဲ့ သုံးစြဲသူ ပမာဏဟာ တစ္လကို တစ္သန္းတုိးတက္လာျပီး ဂီတေစ်းကြက္ရဲ႕ အျခားက႑ေတြ မယွဥ္ႏုိင္တဲ့ တုိးတက္မႈၾကီး ျဖစ္ပါတယ္။ ဒီလို အြန္လုိင္းေပၚကပဲ တုိက္ရုိက္နားေထာင္ၾကတဲ့အတြက္ အရင္လုိ Download ဆြဲဖို႔ ဝယ္ယူတဲ့ ပမာဏနဲ႔ အျပင္မွာ အေခြေရာင္းခ်ရတဲ့ ပမာဏကေတာ့ ထိုးက်လာပါတယ္။ CD ေခြေရာင္းခ်ရမႈဟာ ၂၀၁၇ နဲ႔ ယွဥ္ၾကည့္လုိက္ရင္ ၄၁% ေတာင္ က်ဆင္းသြားတယ္လုိ႔ ဆုိပါတယ္။

RIAA ဥကၠဌျဖစ္သူ မစ္ခ်္ ဂေလဇာကေတာ့ အခုလို တုိးတက္မႈဟာ ဂီတမူပိုင္ခြင့္ စနစ္ေၾကာင့္ တုိးတက္လာတာ ျဖစ္ေၾကာင္းေျပာၾကားခဲ့ျပီး ၂၀၁၈ ရဲ႕ ပထမႏွစ္ဝက္မွာ အယ္လ္ဘမ္စုစုေပါင္း ခုနစ္ေသာင္းခန္႔ ထြက္ရွိခဲ့ျပီး အမ်ားစုဟာ အြန္လိုင္းကေနပဲ အားေပးနားဆင္ခဲ့ၾကပုံပါပဲ။

Ref – https://www.gsmarena.com/music_streaming_industry_revenue_h1_2018-news-33386.php

Unicode

၂၀၁၈ ရဲ့ ပထမနှစ်ဝက်ကတော့ နောက်မှာကျန်ခဲ့ပါပြီ။ အမေရိကန်နိုင်ငံရဲ့ တေးဂီတနဲ့အသံသွင်းကဏ္ဍ ကိုယ်စားပြုဖြစ်တဲ့ RIAA (Recording Industry Association of America) အဖွဲ့အစည်းက သူတို့ ဂီတလောက ဈေးကွက်ရဲ့ ခြောက်လစာအစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး ဝင်ငွေဒေါ်လာ ၄.၆ ဘီလီယံ ရရှိခဲ့ရာမှာ အွန်လိုင်းပေါ်က တိုက်ရိုက်နားထောင်နိုင်တဲ့ Streaming ဝန်ဆောင်မှုတွေ အသုံးကျယ်ပြန့်လာမှုက အဓိက ကျနေပါတယ်။

ပုံမှာမြင်ရတဲ့အတိုင်း အမေရိကန်ဂီတဈေးကွက်ရဲ့ ဒစ်ဂျစ်တယ်ဘက်က ဝင်ငွေဟာ ၂၀၁၅ ပထမနှစ်ဝက် မှာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံသာရှိခဲ့ပေမယ့် ၂၀၁၈ ခုနှစ် ပထမခြောက်လပတ်မှာတော့ ၃.၄ ဘီလီယံထိ တဟုန်တိုး ခုန်တက်လာတာကို တွေ့ရပါတယ်။ ဝင်ငွေရာခိုင်နှုန်းအများစုက Streaming ဝန်ဆောင်မှုတွေကို လစဉ်ကြေးပေးပြီး အွန်လိုင်းပေါ်ကပဲ နားထောင်တဲ့ သုံးစွဲသူတွေဆီက လာတာဖြစ်တာကိုလည်း တွေ့ရတယ်။

RIAA ရဲ့ပြောကြားချက်အရ လစဉ်ကြေးပေးပြီးပဲ အွန်လိုင်းကနေ သီချင်းနားထောင်တော့တဲ့ သုံးစွဲသူ ပမာဏဟာ တစ်လကို တစ်သန်းတိုးတက်လာပြီး ဂီတဈေးကွက်ရဲ့ အခြားကဏ္ဍတွေ မယှဉ်နိုင်တဲ့ တိုးတက်မှုကြီး ဖြစ်ပါတယ်။ ဒီလို အွန်လိုင်းပေါ်ကပဲ တိုက်ရိုက်နားထောင်ကြတဲ့အတွက် အရင်လို Download ဆွဲဖို့ ဝယ်ယူတဲ့ ပမာဏနဲ့ အပြင်မှာ အခွေရောင်းချရတဲ့ ပမာဏကတော့ ထိုးကျလာပါတယ်။ CD ခွေရောင်းချရမှုဟာ ၂၀၁၇ နဲ့ ယှဉ်ကြည့်လိုက်ရင် ၄၁% တောင် ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

RIAA ဥက္ကဌဖြစ်သူ မစ်ချ် ဂလေဇာကတော့ အခုလို တိုးတက်မှုဟာ ဂီတမူပိုင်ခွင့် စနစ်ကြောင့် တိုးတက်လာတာ ဖြစ်ကြောင်းပြောကြားခဲ့ပြီး ၂၀၁၈ ရဲ့ ပထမနှစ်ဝက်မှာ အယ်လ်ဘမ်စုစုပေါင်း ခုနစ်သောင်းခန့် ထွက်ရှိခဲ့ပြီး အများစုဟာ အွန်လိုင်းကနေပဲ အားပေးနားဆင်ခဲ့ကြပုံပါပဲ။

Ref – https://www.gsmarena.com/music_streaming_industry_revenue_h1_2018-news-33386.php