[Zawgyi]

ခရီးစတင္ထြက္ရွိခဲ့သည့္ ေမလကုန္မွစ၍ ယခု ၾသဂုတ္လကုန္ကာလအတြင္း မိုင္ ၁၇၀၀၀ ေက်ာ္ ျဖတ္သန္းႏိုင္ခဲ့သည္။ ႏိုင္ငံ ၁၉ ႏိုင္ငံကို ဆိုင္ကယ္ျဖင့္ ၃ လခန႔္ ခရီးႏွင့္ခဲ့ကာ လန္ဒန္ၿမိဳ႕သို႔ ယေန႔ဆိုက္ေရာက္သည္။

ျမန္မာလူငယ္ႏွစ္ဦးျဖင့္ ဖြဲ႕စည္းထားသည့္ Motourlogue သည္ မိုင္ ၁၇၀၀၀ ေက်ာ္ႏွင့္ ႏိုင္ငံ ၁၉ ႏိုင္ငံကို ၃ လတိုင္တိုင္ ဆိုင္ကယ္ျဖင့္ ခရီးႏွင္ခဲ့ၿပီး လန္ဒန္ၿမိဳ႕သို႔ ဆိုက္ဆိုက္ ၿမိဳက္ၿမိဳက္ ေရာက္ရွိခဲ့သည္။ ၁၉၅၅ ခုႏွစ္တြင္ ျမန္မာႏိုင္ငံမွ လန္ဒန္သို႔ ဦးဘတုတ္ႏွင့္ ေဒၚတင္တင္စိန္တို႔မွ ပထမဆုံးအေနျဖင့္ ေမာ္ေတာ္ဆိုင္ကယ္ကို ေမာင္းႏွင္ကာ စြန႔္စားခရီးထြက္ခဲ့ျခင္းျဖစ္သည္။ ယခုအခါ ျမန္မာလူငယ္ႏွစ္ဦးျဖစ္သည့္ စိုင္းဇြမ္ဖႏွင့္ ကိုေအာင္ေက်ာ္ဝင္းတို႔မွ ထို သမိုင္းဝင္ခရီးစဥ္ကို ဂုဏ္ျပဳလိုျခင္း၊ ျမန္မာကို ကမာၻမွ ပိုမိုသိရွိလိုေစျခင္း၊ ျမန္မာလူငယ္မ်ားအေနျဖင့္ Comfort Zone ထဲမွ ႐ုန္းထြက္ၿပီး ၎တို႔ႏွင့္အတူ စိတ္အားထက္သန္မႈကို ခံစားရရွိေစလိုျခင္း စသည့္ရည္မွန္းခ်က္မ်ားျဖင့္ ဤမိုင္ ၃၀၀၀၀ စြန႔္စား ခရီးစဥ္ကို စတင္ခဲ့ျခင္းျဖစ္သည္။


“လြန္ခဲ့တဲ့ ၃ လအတြင္းမွာ တစ္ေနရာကေန တစ္ေနရာ ခရီးဆန႔္လာရင္း ကြၽန္ေတာ္ခံစားရတာကေတာ့ လက္ရွိအခ်ိန္ကို တန္ဖိုးထားဖို႔ပါပဲ။ ကြၽန္ေတာ္တို႔ ျဖတ္လာတဲ့ေနရာတခ်ိဳ႕ဆို ေတာ္ေတာ္လွပတာကို ခံစားရတယ္၊ လမ္းမွာ ႏႈတ္ဆက္ စကားေျပာခဲ့သူ တခ်ိဳ႕ဆို ဒီတသက္မွာ တစ္ခါေလာက္ပဲ ေတြ႕ရဖို႔မ်ားတယ္။ အဲ့ဒီမွာ ကြၽန္ေတာ္စဥ္းစားမိတာကေတာ့ အခ်ိန္တိုင္းကို တန္ဖိုးထားဖို႔ပါပဲ။ အခု ၃ လ ျဖတ္သန္းလာတဲ့ တေလွ်ာက္မွာဆိုရင္ ကြၽန္ေတာ္တို႔ လက္ေလွ်ာ့ခ်င္စိတ္ေပၚလာတဲ့ အခ်ိန္ေတြ ရွိခဲ့တယ္ဗ်။ ဒါေပမယ့္ ေနာက္ဆုံး ရလဒ္ထြက္ေအာင္ အေကာင္းဆုံးလုပ္မယ္ဆိုတဲ့ မေလ်ာ့ဇြဲနဲ႔ ဆက္လာခဲ့တာ အခုဆို ယူေကထိ ေရာက္လာခဲ့ပါၿပီ။ ကြၽန္ေတာ္တို႔ ခရီးစဥ္က အခုမွ လမ္းေၾကာင္းတဝက္ပဲရွိပါေသးတယ္။ အျပန္ခရီးမွာ ႀကဳံေတြ႕ရမယ့္ စြန႔္စားမႈေတြ၊ စိန္ေခၚမႈေတြလည္း အမ်ားႀကီးရွိဦးမွာပါ။” ဟု Motourlogue မွ ကိုေအာင္ေက်ာ္ဝင္း ကေျပာၾကားခဲ့သည္။

“ကြၽန္ေတာ္တို႔ အေနနဲ႔ ခရီးစဥ္တေလွ်ာက္မွာ ျဖတ္သန္းခဲ့တဲ့ ႏိုင္ငံ ၁၉ ႏိုင္ငံက ေရွးေဟာင္း သမိုင္းဝင္ေနရာေတြ အထင္ကရေနရာေတြကို အတတ္ႏိုင္ဆုံး ဝင္ေရာက္ လည္ပတ္ခဲ့ပါတယ္။ အဲ့ဒီအခါမွာ သူတို႔ရဲ႕ သဘာဝ ပတ္ဝန္းက်င္ထိန္းသိမ္းမႈ၊ သန႔္ရွင္းသပ္ရပ္ေရးအတြက္ အားထုတ္မႈတို႔ကို ကြၽန္ေတာ္တို႔ ကိုယ္တိုင္ ေလးစားမႈျပဳၿပီး ေလ့လာလည္ပတ္ခဲ့ပါတယ္။ ၿပီးေတာ့ ႏိုင္ငံတိုင္းလိုလိုမွာ သူတို႔ ႏိုင္ငံသားေတြအေနနဲ႔ တိုင္းျပည္ သပ္ရပ္လွပေအာင္ ႀကိဳးစားအားထုတ္တာကို ျမင္ခဲ့ရၿပီး အားက် အတုယူစရာေကာင္းလွပါတယ္။” ဟု Motourlogue မွ စိုင္းဇြမ္ဖ ကေျပာၾကားခဲ့သည္။

ယခုအခါ စိုင္းဇြမ္ဖႏွင့္ ကိုေအာင္ေက်ာ္ဝင္းတို႔ပါဝင္သည့္ Motourlogue သည္ ထိုင္း၊ လာအို၊ တ႐ုတ္၊ မြန္ဂိုလီးယား၊ ႐ုရွား၊ ေဘလာ႐ုစ္၊ ပိုလန္၊ လစ္သူေရးနီးယား၊ လတ္ဗီးယား၊ အက္စ္တိုးနီးယား၊ ဖင္လန္၊ ေနာ္ေဝး၊ ဆြီဒင္၊ ဒိန္းမတ္၊ ဂ်ာမနီ၊ လူဇင္ေဘာ့၊ ဘယ္လ္ဂ်ီယန္၊ နယ္သာလန္ႏွင့္ ယူေကတို႔ကို ေက်ာ္ျဖတ္ခဲ့ၿပီး မၾကာမီတြင္ ျမန္မာႏိုင္ငံသို႔ ျပန္လည္ေမာင္းႏွင္လာေတာ့မည္ျဖစ္သည္။

[Unicode]

မြန်မာလူငယ်နှစ်ဦး ဆိုင်ကယ်နှစ်စီးဖြင့် မိုင် ၃၀၀၀၀ ကမ္ဘာပတ်ခရီးစဉ်ထွက်

ခရီးစတင်ထွက်ရှိခဲ့သည့် မေလကုန်မှစ၍ ယခု သြဂုတ်လကုန်ကာလအတွင်း မိုင် ၁၇၀၀၀ ကျော် ဖြတ်သန်းနိုင်ခဲ့သည်။ နိုင်ငံ ၁၉ နိုင်ငံကို ဆိုင်ကယ်ဖြင့် ၃ လခန့် ခရီးနှင့်ခဲ့ကာ လန်ဒန်မြို့သို့ ယနေ့ဆိုက်ရောက်သည်။

မြန်မာလူငယ်နှစ်ဦးဖြင့် ဖွဲ့စည်းထားသည့် Motourlogue သည် မိုင် ၁၇၀၀၀ ကျော်နှင့် နိုင်ငံ ၁၉ နိုင်ငံကို ၃ လတိုင်တိုင် ဆိုင်ကယ်ဖြင့် ခရီးနှင်ခဲ့ပြီး လန်ဒန်မြို့သို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် မြန်မာနိုင်ငံမှ လန်ဒန်သို့ ဦးဘတုတ်နှင့် ဒေါ်တင်တင်စိန်တို့မှ ပထမဆုံးအနေဖြင့် မော်တော်ဆိုင်ကယ်ကို မောင်းနှင်ကာ စွန့်စားခရီးထွက်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ မြန်မာလူငယ်နှစ်ဦးဖြစ်သည့် စိုင်းဇွမ်ဖနှင့် ကိုအောင်ကျော်ဝင်းတို့မှ ထို သမိုင်းဝင်ခရီးစဉ်ကို ဂုဏ်ပြုလိုခြင်း၊ မြန်မာကို ကမ္ဘာမှ ပိုမိုသိရှိလိုစေခြင်း၊ မြန်မာလူငယ်များအနေဖြင့် Comfort Zone ထဲမှ ရုန်းထွက်ပြီး ၎င်းတို့နှင့်အတူ စိတ်အားထက်သန်မှုကို ခံစားရရှိစေလိုခြင်း စသည့်ရည်မှန်းချက်များဖြင့် ဤမိုင် ၃၀၀၀၀ စွန့်စား ခရီးစဉ်ကို စတင်ခဲ့ခြင်းဖြစ်သည်။

“လွန်ခဲ့တဲ့ ၃ လအတွင်းမှာ တစ်နေရာကနေ တစ်နေရာ ခရီးဆန့်လာရင်း ကျွန်တော်ခံစားရတာကတော့ လက်ရှိအချိန်ကို တန်ဖိုးထားဖို့ပါပဲ။ ကျွန်တော်တို့ ဖြတ်လာတဲ့နေရာတချို့ဆို တော်တော်လှပတာကို ခံစားရတယ်၊ လမ်းမှာ နှုတ်ဆက် စကားပြောခဲ့သူ တချို့ဆို ဒီတသက်မှာ တစ်ခါလောက်ပဲ တွေ့ရဖို့များတယ်။ အဲ့ဒီမှာ ကျွန်တော်စဉ်းစားမိတာကတော့ အချိန်တိုင်းကို တန်ဖိုးထားဖို့ပါပဲ။ အခု ၃ လ ဖြတ်သန်းလာတဲ့ တလျှောက်မှာဆိုရင် ကျွန်တော်တို့ လက်လျှော့ချင်စိတ်ပေါ်လာတဲ့ အချိန်တွေ ရှိခဲ့တယ်ဗျ။ ဒါပေမယ့် နောက်ဆုံး ရလဒ်ထွက်အောင် အကောင်းဆုံးလုပ်မယ်ဆိုတဲ့ မလျော့ဇွဲနဲ့ ဆက်လာခဲ့တာ အခုဆို ယူကေထိ ရောက်လာခဲ့ပါပြီ။ ကျွန်တော်တို့ ခရီးစဉ်က အခုမှ လမ်းကြောင်းတဝက်ပဲရှိပါသေးတယ်။ အပြန်ခရီးမှာ ကြုံတွေ့ရမယ့် စွန့်စားမှုတွေ၊ စိန်ခေါ်မှုတွေလည်း အများကြီးရှိဦးမှာပါ။” ဟု Motourlogue မှ ကိုအောင်ကျော်ဝင်း ကပြောကြားခဲ့သည်။

“ကျွန်တော်တို့ အနေနဲ့ ခရီးစဉ်တလျှောက်မှာ ဖြတ်သန်းခဲ့တဲ့ နိုင်ငံ ၁၉ နိုင်ငံက ရှေးဟောင်း သမိုင်းဝင်နေရာတွေ အထင်ကရနေရာတွေကို အတတ်နိုင်ဆုံး ဝင်ရောက် လည်ပတ်ခဲ့ပါတယ်။ အဲ့ဒီအခါမှာ သူတို့ရဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ သန့်ရှင်းသပ်ရပ်ရေးအတွက် အားထုတ်မှုတို့ကို ကျွန်တော်တို့ ကိုယ်တိုင် လေးစားမှုပြုပြီး လေ့လာလည်ပတ်ခဲ့ပါတယ်။ ပြီးတော့ နိုင်ငံတိုင်းလိုလိုမှာ သူတို့ နိုင်ငံသားတွေအနေနဲ့ တိုင်းပြည် သပ်ရပ်လှပအောင် ကြိုးစားအားထုတ်တာကို မြင်ခဲ့ရပြီး အားကျ အတုယူစရာကောင်းလှပါတယ်။” ဟု Motourlogue မှ စိုင်းဇွမ်ဖ ကပြောကြားခဲ့သည်။

ယခုအခါ စိုင်းဇွမ်ဖနှင့် ကိုအောင်ကျော်ဝင်းတို့ပါဝင်သည့် Motourlogue သည် ထိုင်း၊ လာအို၊ တရုတ်၊ မွန်ဂိုလီးယား၊ ရုရှား၊ ဘေလာရုစ်၊ ပိုလန်၊ လစ်သူရေးနီးယား၊ လတ်ဗီးယား၊ အက်စ်တိုးနီးယား၊ ဖင်လန်၊ နော်ဝေး၊ ဆွီဒင်၊ ဒိန်းမတ်၊ ဂျာမနီ၊ လူဇင်ဘော့၊ ဘယ်လ်ဂျီယန်၊ နယ်သာလန်နှင့် ယူကေတို့ကို ကျော်ဖြတ်ခဲ့ပြီး မကြာမီတွင် မြန်မာနိုင်ငံသို့ ပြန်လည်မောင်းနှင်လာတော့မည်ဖြစ်သည်။