ပြီးခဲ့တဲ့ Google I/O 2018 Conference မှာ နည်းပညာအသစ်အဆန်းတွေကို Google ကချပြခဲ့ပါတယ်။ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက အဆင့်မြှင့်ထားတဲ့ AI တွေ နဲ့ နည်းပညာအသစ်တွေပါမယ့် Google Assistant ကို ယခုနှစ်ကုန်ပိုင်းမှာ နိုင်ငံတော်တော်များများကို အသုံးပြုခွင့်ပေးမယ်ဆိုပြီး တရားဝင်ကြေညာသွားပါတယ်။


“ Google Assistant ဟာ ဘာသာစကား ၃၀ နဲ့ နိုင်ငံပေါင်း ၈၀ မှာ ယခုနှစ်ကုန်လောက်ကစပြီးအသုံးပြုလို့ရမှာ ပါ ” လို့ Google Assistant Vice-President of Engineering ဖြစ်သူ Scott Huffman ကပြောသွားခဲ့ပါတယ်။ နိုင်ငံပေါင်း ၈၀ မှာ မြန်မာအပါအဝင် မလေးရှား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ထိုင်း နဲ့ ဗီယက်နမ် နိုင်ငံတို့လည်းပါပါတယ်။


မြန်မာဟာ နိုင်ငံပေါင်း ၈၀ ထဲမှာ ပါပေမယ့် ဘာသာစကား ၃၀ ထဲမှာပါဖို့တော့ မျှော်လင့်ချက်သိပ်မရှိပါဘူး။ ဒါပေမဲ့ အခုဆိုရင် မြန်မာကို ကမ္ဘာက စိတ်ဝင်စားနေတာဆိုတော့ ဒီလိုနည်းပညာအသစ်အဆန်းတွေ ကိုထိတွေဖို့ အခွင့်အလမ်း ကရှိနေပြန်ပါတယ်။ မြန်မာဘာသာနဲ့ Google Assistant ကို သုံးရမယ်ဆိုရင် ဘာတွေဖြစ်လာနိုင်တယ်လို့ ထင်လဲ ? ပရိတ်သတ်ကြီးလည်း Comment မှာ ဝင်ဆွေးနွေးပေးသွားပါဦး။